နှမ်းသီးနှံတွင် ရေလိုအပ်သောအချိန်
မြန်မာနိုင်ငံတွင် နှမ်းသီးနှံစိုက်ပျိုးမှုသည် ဆီထွက်သီးနှံများအနက် စိုက်ဧက အများစုဖြစ်ပါသည်။ ဆီထွက်ရာခိုင်နှုန်း အများဆုံးသီးနှံလည်း ဖြစ်ပါသည်။ ထို့အပြင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသောသီးနှံတစ်မျိုးဖြစ်ပါသည်။ သို့ရာတွင် တစ်ဧကအထွက်နှုန်းမှာမူ နည်းနေသည်ကို တွေ့ရှိရပါသည်။ နှမ်းအထွက်နှုန်းကောင်းမွန်ရန်အတွက် အချက်များစွာအပေါ် မှီခိုနေရာတွင် အဓိက ကြိုးကိုင်မှုသည် ရာသီဥတုဖြစ်ပါသည်။ ရာသီဥတုဟုဆိုရာဝယ် အပင်အတွက်လိုအပ်သော မိုးရေ(သို့မဟုတ်) ရေအစိုဓာတ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် နှမ်းစိုက်တောင်သူများက “ရွှေကိုမလို, ရေကိုသာလိုသည်” ဟုပြောကြပါသည်။
နှမ်းအထွက်နှုန်းပိုမိုကောင်းမွန်လာစေရေးအတွက် နှမ်းပင်၏သဘောသဘာဝများကို သိရှိရန်လိုအပ်ပါသည်။ နှမ်းပင်သည် အပင်ပေါက်သည်မှ အသီးတောင့်ရင့်မှည့်သည့်အချိန်ထိ အစိုဓာတ်လိုအပ်သောသီးနှံတစ်မျိုးဖြစ်သော်လည်း ရေဝပ်ဒဏ်ကို လုံးဝမခံနိုင်ချေ။ တစ်နေ့တာ နေအလင်းရောင် (၁၀) နာရီရှိမှုနှင့် ပူသောနေရောင်ခြည်ကို ကြိုက်နှစ်သက်ပါသည်။
နှမ်းပင်၏အမြစ်သည် ၁ပေခွဲ ၂ပေအထိ မြေအောက်သို့ထိုးဖောက်ဝင်ရောက်နိုင်သည့်အတွက် မြေအောက်အနက်ထိ အစိုဓာတ်ရောက်ရှိနေရန်လိုအပ်ပါသည်။ ထို့ကြောင့် ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ရန်လည်း အလွန်အရေးကြီးပါသည်။ အပင်ငယ်စဉ် (၁၀ ရက်မှ ၂၀ ရက်အထိ) တွင် မြေတွင်းသို့အမြစ်ထိုးဖောက်ဝင်ရောက်မှုနှင့် အမြစ်ဖြာထွက်မှုအားကောင်းချိန်ဖြစ်ပါသည်။ ရေစုပ်အားလည်း ကောင်းချိန်ဖြစ်ပါသည်။ (၄၅) ရက်သားအရွယ်သည် အမြစ်ထိုးဖောက်ဝင်ရောက်မှုအားကောင်းဆုံးအချိန်ဖြစ်ပါသည်။ ရက် (၇၀-၈၀) အရွယ်တွင် အမြစ်ဖြာထွက်မှုနှင့် အမြစ်ထိုးဖောက်မှုများ ရပ်တန့်သွားပြီဖြစ်ပါသည်။ ရေစုပ်ယူမှုလည်း နည်းသွားပါသည်။
အထက်ပါ အချက်အလက်များအရ နှမ်းပင်အတွက် ရေအစိုဓာတ်လိုအပ်သောအချိန်များမှာ-
(၁) စိုက်ပျိုးချိန်တွင် ရေအစိုဓာတ် အနည်းငယ်သာလိုအပ်ပါသည်။
(၂) အပင်ကြီးထွားဖွံ့ဖြိုးချိန် (အပင်ငယ်စဉ်မှပန်းမပွင့်ခင်ထိ) တွင် ရေအသင့်အတင့်သာလိုအပ်ပါသည်။
(၃) ရေလိုအပ်မှုအများဆုံးအချိန်မှာ ပန်းပွင့်ချိန် အသီးတောင့်ဖြစ်တည်ချိန်၊ အသီးတွင် နှမ်းစေ့ဖြစ်တည်ချိန်တို့ဖြစ်ပါသည်။ ထိုအချိန်များတွင် ရေအစိုဓာတ်လိုအပ်မှုမှာ စုစုပေါင်းရေလိုအပ်မှု၏ ၃ ပုံ၂ ပုံ ခန့်ရှိသည်ဟု သုတေသီပညာရှင်များက မှတ်ချက်ပြုပါသည်။
ထို့ကြောင့် တောင်သူများအနေဖြင့် နှမ်းသဘောသဘာဝနှင့်ကိုက်ညီအောင် ရေအစိုဓာတ်လိုအပ်ချိန်တွင် ရေသွင်းနိုင်ရန်နှင့် အစိုဓာတ်မိအောင်စိုက်ပျိုးနိုင်ရန် ချိန်ဆစိုက်ပျိုးသင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နှမ်းသီးနှံရေစီမံခန့်ခွဲခြင်း
ရွှေဝင်းဝါ
1 year agoမိုးတွင်းစိုက်လို့ရလား
U YE HTUT
2 years agoဘယ်လိုအဖိုးများတာလဲ
မောင်ဝေကိုကို
2 years agoနှမ်းအဖိုများနေလို့ သိရင် ပြေပေးပါအုံး
Related questions
မှုံလာဥဖြူ၃၅ရက်သားရှိပါပြီနှုတ်လို့ရပီလားဗျ
Mg Mg • 2 answers
အပူပိုင်း ရာသီဥတုမှာ နှင်းဆီကို ဘယ်နှစ်လပိုင်းမှာ စတင်စိုက်ပျိုးသင့်ပါသလဲမြေအမျိုးအစားကရော ဘယ်လိုမြေမျိုးမှာသင့်လျော်ပါသလဲ စီးပွားဖြစ်စိုက်ပျိုးချင်လို့ပါ
Ei Ei Phway • 3 answers
ကြံခင်းမှာ ဖြစ်တဲ့ ရောဂါပါ ဘာ ဓာတ်လိုအပ်တာလဲ ပြောပြပါ
ဟိန်းဇော်နိုင် • 2 answers
ပြောင်း
Sai min • 2 answers
စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်
Kay Thi Sann • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from U Aye Naing
See all