သီးတောင့်ဝင်ချိန် ရေသွင်းမိလို့ မတ်ပဲပင်ရော်ကျသွားတယ်.. ဆရာ
ဆောင်းသီးနှံတွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးစတဲ့သီးနှံတွေမှာ မြေကြီးအစိုဓာတ်နဲ့သာ ရှင်သန်ကြီးထွားရပါတယ်။ (ရေသွင်းရတဲ့ အချိန်အခါမဟုတ်ပါဘူး။)
မြေဆီလွှာရဲ့ သဘာဝအရ မြေအောက် အစိုဓာတ်ရှိရာ underground water levelမှသည် အပင်ရဲ့ အမြစ်ဆီကို ဆံချည်ပြွန်လေး( capillary tubes) တွေကတဆင့် ရေငွေ့ ထုတ်ပေးလေ့ရှိပါတယ်။
မြေလုံရင် လုံသလို(ထွန်ရေးညက်ရင် ညက်သလို) အစိုဓာတ်ကြာရှည်စွာထိန်းပေးပါတယ်။
ဒါဆို ရေသွင်းလို့ မရဘူးလား?
ကျနော့အတွေ့အကြုံအရပြောရရင် ကုလားပဲခင်းတွေ ရေသွင်းပေးလို့ရပါတယ်။ အပင်တစ်လသားအတွင်း ရေကို အပင်ခြေရေမဝပ်အောင်ထိန်းပြီး သွင်းပေးရပါတယ်။
တစ်လကျော် (အချဥ်ဓာတ်ဝင်ပြီးချိန်) မှ ရေသွင်းလိုက်မယ်ဆိုရင် အပင်တွေ စိမ်းရာမှ ဝါကျသွားပါတယ်။ (အချဥ်ရည် လျှောတယ်လို့ ခေါ်ကြပါတယ်) မိုးရွာတာလည်း မကြိုက်ပါဘူး။
အပင်ငယ်ခါးရိသေတယ်၊ ထယ်ရေးလည်းကြမ်းတယ်၊ အောက်ဓာတ်လည်းခမ်းနေတယ်၊ အပင်လည်း ငယ်သေးတယ်ဆိုရင်ရေသွင်းရင် အဆင်ပြေတာတွေ့ရပါတယ်။

မတ်ပဲခင်းမှာဆိုရင်ကော..?
အခုတလော မတ်ပဲခင်း ရေသွင်းရင်း အပင်တွေ ရော်ကျသွားတယ်ဆိုပြီး ကျနော့ဆီ လာလာမေးနေကြလို့ ဒီပို့စ်ကို အားချင်းရေးတင်လိုက်တာပါ။
၄၅ ရက်သားကျော်မှ အသီးတန်းလန်းနဲ့ ရေတင်မိလို့ အပင်တွေငိုက်ကျသွားတာ တွေ့နေရပါတယ်။
မိုးရွာ/မိုးကြီးမိရင်တောင်၊ မိုးရာပြီး ပဲခင်းတွေဟာအရွက်တွေဝါပြီး အကျမြန်သွားပါတယ်။
(လူတွေ နေပူစဥ် မိုးမိလို့ အပူရှပ်ပြီး ဖျားသလိုမျိုးပေါ့)
အပေါ်အစိုဓာတ်ကို အောက်က ဆွဲစုပ်သလိုဖြစ်ပြီး အမြစ်တွေ အလုပ်မလုပ်နိုင်တော့ပါ။
ဆိုတော့ကား ကျနော့မိတ်ဆွေများ...အသီးတွေ တန်းလန်းနဲ့ ရေမတင်စေချင်ပါဘူး။
(အပင်ကြီး၂ လသားအရွယ်မှ ရေမတင်ပါနဲ့)
- မှိုဆေး သာ ဖျန်းပေးပါ။
- အပင်အားဆေးနဲ့ ထိန်းထားပါ။
- အမြစ်တွေက သူ့သဘာဝအလျောက် အစာရေစာ ရှာစားကြပါတယ်။
- စိုက်ချိန်ကတည်းက ထွန်ရေးမကောင်းခဲ့လို့ရှိရင်တော့ အပင်ငယ်စဥ် ရေငတ်ရင် ရေသွင်းပေးနိုင်ပါတယ်။
ပြန်လည်ကုစားနည်း
- ရေသွင်း၊ အပင်ညှိုး ပဲခင်းများဟူးမစ်အက်ဆစ်ပါသော ဓာတုမဟုတ်သော အားဆေးများဖျန်းပါ။
- အရွက်လန်းလာရင် ယူရီးယားနဲ့ အမိုင်နို ဖျန်းပေးပါ။
- ပီဂျီအာ၊ အပ်up(နှုန်းထားမြင့်မြင့်)ဖျန်းပေးပါဗျာ။
စေတနာများစွာဖြင့်
Thartharpopo, ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Min Maung
1 year agoဟူးမစ်ကေအားဆေးအမှုန့်က ဖျော်ပြီးဖျန်းရလားဆရာတို့
Nay Myo Thu Nay Myo Thu
2 years agoပဲပင်အကျမမြန်အောင် နိုက်ဒရိုဂျင် ၅%နုန်းနဲ့ အမိုင်နို အက်စစ် ၁၂% ပါဝင်တဲ့အားဆေးဖျန်းလို့အဆင်ပြေ နိုင်လား နိုက်ဒရိုဂျင်ပါတဲ့အတွက် အပင်ပိုကျသွားနိုင်လား ပြေားပြပေးပါဆရာ
U Kyi Myint
2 years agoမတ်ပဲကိုမိုးရာသီစိုက်လို့ရပါသလား
ဒို့ဦးလေး
2 years agoမနက်ပိုင်းမှာ ဆာလဖာ ၈၀ wdgဖျန်းပေးရင်.. စမ်းကိုက်တာ သက်သာပါတယ်။
soethu
2 years agoမတ်ပဲအပင်စမ်းကိုက်တာဘယ်လိုလုပ်ရလဲ
Related questions
မှုံလာဥဖြူ၃၅ရက်သားရှိပါပြီနှုတ်လို့ရပီလားဗျ
Mg Mg • 2 answers
အပူပိုင်း ရာသီဥတုမှာ နှင်းဆီကို ဘယ်နှစ်လပိုင်းမှာ စတင်စိုက်ပျိုးသင့်ပါသလဲမြေအမျိုးအစားကရော ဘယ်လိုမြေမျိုးမှာသင့်လျော်ပါသလဲ စီးပွားဖြစ်စိုက်ပျိုးချင်လို့ပါ
Ei Ei Phway • 3 answers
ကြံခင်းမှာ ဖြစ်တဲ့ ရောဂါပါ ဘာ ဓာတ်လိုအပ်တာလဲ ပြောပြပါ
ဟိန်းဇော်နိုင် • 2 answers
ပြောင်း
Sai min • 2 answers
စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်
Kay Thi Sann • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....