ကုန်ကျစရိတ်သက်သာစွာနဲ့ ရေပေးသွင်းနိုင်မယ့် Agrosolarရဲ့ ဆိုလာရေပန့်
(ကြော်ငြာဆောင်းပါး)
သီးနှံတွေစိုက်ပျိုးအောင်မြင်ဖို့ မြေ၊ ရေ၊ လေ၊ ရာသီဥတု အပေါ်မူတည်ပါတယ်။ ၎င်းသုံးမျိုးထဲကမှ အရေးကြီးဆုံးကတော့ မြေဆီလွှာဖြစ်ပြီး၊ မြေဆီလွှာပြီးရင်တော့ အရေးကြီးဆုံးက ရေဖြစ်ပါတယ်။
သီးနှံပင်များတွင် အပင်ပိုင်းကြီးထွားမှုအဆင့်၊ အသီးအပွင့်ပိုင်း ကြီးထွားမှုအဆင့်၊ ရင့်မှည့်မှုအဆင့် ဆိုပြီးရှိပါတယ်။
အဆင့်တိုင်းအဆင့်တိုင်းမှာ ရေလိုအပ်မှုက အရေးကြီးပြီး ရေလိုအပ်မှုအများဆုံးကတော့ အသီးအပွင့်ပိုင်း ကြီးထွားမှုအဆင့်ဖြစ်ပါတယ်။
ထည့်သွင်းလိုက်သော ဓာတ်မြေသြဇာများ ဓာတ်ပြုပြီး အပင်များ စားသုံးနိုင်သော ပုံစံပြောင်းလဲပေးနိုင်ရန် ရေဟာ မရှိမဖြစ်ပါ။ ဂေဟစနစ်ပေါ်မူတည်ပြီး နေရာဒေသတစ်ခုနှင့် တစ်ခု သဘာဝမိုးရေရရှိမှု မတူညီနိုင်ကြပါ။ ထို့ကြောင့် အချို့သော နေရာများတွင် သီးနှံစိုက်ခင်းများ၏ ရေလိုအပ်မှုသည် မိုးရေဖြင့် မလုံလောက်နိုင်သောကြောင့် ရေတွင်းမှ ရေပေးသွင်းခြင်းဖြင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြပါတယ်။
တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းတွေမှာ သီးနှံပင်တွေ ရေလိုအပ်ချိန်တိုင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ရေပေးသွင်းနိုင်မယ့်ပစ္စည်းရှာဖွေနေတယ်ဆိုရင်တော့ Agrosolar ရှိပါတယ်.....


Agrosolar မှာ အပေါ်ဆွဲရေတင်စက်နှင့် ရေမြုပ်ပန့်ဆိုတဲ့ model ၂ မျိုးရှိပါတယ်။
- အပေါ်ဆွဲ ရေတင်စက်မှာ ရေထွက် ၂လက်မ၊ အနက် ၂၆ ပေ နှင့် ရေထွက် ၃ လက်မ၊ အနက် ၂၆ ပေ ဝန်းကျင် ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။
- ရေမြုပ်ပန့်မှာတော့ စုစုပေါင်း အမျိုးအစား ၆ မျိုး ရှိပြီး ရေထွက် ၁.၅ လက်မ မှ ရေထွက် ၃ လက်မ ထိရှိပြီး အနက် ၂၂၀ ပေ ထိရှိပါတယ်။
ဆိုလာရေပန့်ကို အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကတော့
- ဆီဖိုးမကုန်တော့ ကုန်ကျစရိတ်သက်သာခြင်း
- ဆိုလာမှာ ၁၀ နှစ် အာမခံရှိတဲ့အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း
- အခမဲ့ ပို့ဆောင်တပ်ဆင်ပေးခြင်းတို့ပဲဖြစ်ပါတယ်။
ဆိုတော့ .. ကုန်ကျစရိတ်လျှော့ချပြီး အမြတ်များများ ကျန်ဖို့ Agrosolar ရဲ့ ဆိုလာရေပန့်များ သုံးကြပါစို့
ဆိုလာရေပန့်များကို ဝယ်ယူချင်တယ်ဆိုလျှင်ဖြင့် ၀၉၇၅၅၇၀၅၅၆၇၊ ၀၉ ၄၄၂၆၂၇၈၅၁ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်
မင်းဇော်
11 months agoရေတွင်းအကျယ်၃လက်မအနက်ပေ၁၅၀ရှိတွင်းအတွက်သုံးရန်စျေးနှုန်းပြောပါအုံး
Kyaw kyaw
2 years agoရေထွက် ၂လက်မ အများဆုံးအနက်ပေ ၃၀၀ ကုန်ကျမှူ ဘယ်လောက်ရှိနိုင်လဲ အာမခံ ဘယ်လောက်ပေးထားလဲ သိချင်ပါတယ်
ko kyaw Aung
2 years agoဈေးနှုန်းတွေ သိချင်ပါတယ်
Agros
2 years agoဟုတ်ကဲ့ရှင့် ရေတွင်းရဲ့ အကျယ်နဲ့ အနက်ပေါ်မှာမူတည်ပြီးတော့ ဈေးနှုန်း 20ကျော်မှ 50ကျော်ထိ ရှိပါတယ်ရှင့်
Agros
2 years agoရေတွင်းအမျိုးအစားပေါ်မူတည်ပြီးတော့ ဈေးနှုန်းက 2750000မှ 5900000ထိ ရှိပါတယ်ရှင့်
Related questions
မှုံလာဥဖြူ၃၅ရက်သားရှိပါပြီနှုတ်လို့ရပီလားဗျ
Mg Mg • 2 answers
အပူပိုင်း ရာသီဥတုမှာ နှင်းဆီကို ဘယ်နှစ်လပိုင်းမှာ စတင်စိုက်ပျိုးသင့်ပါသလဲမြေအမျိုးအစားကရော ဘယ်လိုမြေမျိုးမှာသင့်လျော်ပါသလဲ စီးပွားဖြစ်စိုက်ပျိုးချင်လို့ပါ
Ei Ei Phway • 3 answers
ကြံခင်းမှာ ဖြစ်တဲ့ ရောဂါပါ ဘာ ဓာတ်လိုအပ်တာလဲ ပြောပြပါ
ဟိန်းဇော်နိုင် • 2 answers
ပြောင်း
Sai min • 2 answers
စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်
Kay Thi Sann • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026