အရွက်ဝါရခြင်းအကြောင်းတရားများ
အပင်များ၏ အရွက်များသည် ပုံမှန်အားဖြင့်် အစိမ်းရောင်ဖြစ်နေမှသာလျှင် အပင်အစာချက်လုပ်မှုကောင်းပြီး အပင်ကြီးထွားမှုကောင်းနိုင်စေပါသည်။ အပင်အရွက်ဝါရခြင်းမှာ အကြောင်းတရားများစွာရှိသော်လည်း မြေစိုထိုင်းဆ၊ နေရောင်ခြည်ရရှိမှု၊ ပိုးမွှားရောဂါနှင့် အပင်အာဟာရချို့တဲ့မှု အပေါ်မူတည်၍ ဖော်ပြလိုက်ရပါသည်။
မြေစိုထိုင်းဆ
မြေစိုထိုင်းဆနည်းသော ခြောက်သွေ့မြေမျာတွင် အပင်အမြစ်များသည် ပင်စည်နှင့် အရွက်များဆီသို့ ရေအလုံအလောက် မပေးပို့နိုင်သောအခါ အပင်များညိုးကာ အရွက်များကွေးနေပါမည်။ ရေပြတ်တောက်မှုကြာသွားပါက အရွက်များဝါလာပြီး တဖြည်းဖြည်း အညိုရောင်ပြောင်းကာ အပင်ကြီးထွားမှု ရပ်တန့်သွားသည်။
မြေစိုထိုင်းဆများ (မြေစိမ့်ကိုင်) ခြင်းသည် ရေစိမ့်ဝင်မှုများသော၊ ရေထုတ်ရန်ခက်ခဲသော မြေများတွင် အဖြစ်များသည်။ မြေအစိုဓာတ်(သို့မဟုတ်) ရေလွှမ်းခံရမှုအချိန်ကြာမြင့်သော အပင်များသည် အောက်စီဂျင်ရယူရန် ခက်ခဲသွားပြီး အမြစ်နုများကို ပုပ်ကာ ပျက်စီးစေသည်။ အမြစ်မှ အာဟာရများ လုံလောက်စွာမပေးပို့နိုင်သဖြင့် အောက်ဘက်ရှိအရွက်များနှင့် အတွင်းဘက်ရှိအရွက်များ တဖြည်းဖြည်းဝါလာသည်။ နောက်ပိုင်းတွင် အပေါ်အရွက်များပါဝါလာသည်။
နေရောင်ခြည်ရရှိမှု
အစာချက်လုပ်ရန် နေရောင်ခြည် လုံလုံလောက်လောက်မရရှိသော အပင်များနှင့် အရိပ်ကျခံရသောအပင်များသည် အစာချက်လုပ်မှုနည်းသဖြင့် တဖြည်းဖြည်း အရွက်များဝါလာစေသည်။ အရိပ်ကျရောက်သောအပင်များသည် အရွက်ဝါဖျော့ (သို့မဟုတ်) အရွက်ဝါများဖြင့် သေးသွယ်ကာ ဘေးအတက်မထွက်ဘဲ ကြီးထွားသည်။
အပူချိန်ပြင်းအားများသော အပင်များတွင်လည်း အရွက်အတွင်းရှိ အစိမ်းရောင်ကလိုရိုဖီးလ်များပျက်စီးကာ အစာချက်လုပ်နိုင်စွမ်းကို လျော့ကျစေပြီး နေလောင်မှုများကို ဖြစ်ပေါ်စေသည်။
ပိုးမွှားရောဂါ
အပင်အရွက်ဝါခြင်းကို ဖြစ်ပေါ်စေသော ပိုးမွှားရောဂါများစွာရှိပါသည်။ သို့သော် မြန်မာနိုင်ငံတွင် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါသည် ဆိုးရွာစွာကျရောက်လျက်ရှိသည်။ အပင်၏ ဆဲလ်ရည်များကို စုပ်စားသော ပျပိုး၊ ယင်ဖြူ၊ လှေးပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ပိုးစေးနှဲ စသော စုပ်စားပိုးများသည် အဝါရောင်မိုစေ့ဗိုင်းရပ်ကို သယ်ဆောင်လာသည်။ ပိုးမွှားများ ကျရောက်ပြီးပါက အပင်အညွှန့်ထိပ်ဖျားမှစတင်၍ အဝါရောင်များစတင်ပြီး တဖြည်းဖြည်း တစ်ပင်လုံးပျံနှံ့စေကာ အဝါရောင်မိုစေ့ရောရောဂါကို ဖြစ်စေသည်။ အဝါရောင်မိုစိမ့်ရောဂါသည် ကုသရန်ခက်ခဲသဖြင့် ပိုးမွှားများမကျမီကပင် ကာကွယ်ထားသင့်သည်။ တစ်ပင်နှင့်တစ်ပင် ကူးစက်မှုမြန်သဖြင့် ကျရောက်နေသောအပင်များကို အမြန်နှုတ်ပစ်ရန် အရေးကြီးသည်။ ရုံးပတီ၊ တိုင်ထောင်ပဲ၊ ခရမ်းချဥ်၊ ခရမ်း၊ ငရုတ်၊ သခွား၊ ပဲမျိုးရင်းဝင်ပင်များတွင် ကျရောက်မှုများသည်။
အပင်အာဟာရချို့တဲ့မှု
အပင်များသည် အဓိကအားဖြင့် အာဟာရ (၁၇) မျိုးလိုအပ်ပါသည်။ အပင်အာဟာရ(၁၇)မျိုးထဲမှ နိုက်ထရိုဂျင်(nitrogen)၊ အိုင်းယွန်း(iron) ၊ ဇင့် (zinc) နှင့် မန်းဂနိစ်(manganese) အာဟာရဓာတ်များချို့တဲ့ပါက အရွက်ဝါခြင်းကို ဖြစ်စေပါသည်။ အပင်အာဟာရချို့တဲ့ခြင်းမှာ မြေဆီလွှာထဲတွင် အာဟာရဓာတ်နည်းပါးခြင်းနှင့် မြေကြီး၏ မြေချဥ်ငံကိန်း( soil pH) မြင့်မားခြင်းကြောင့် ဖြစ်စေသည်။
နိုက်ထရိုဂျင်( nitrogen)
နိုက်ထရိုဂျင်ချို့တဲ့ခြင်းသည် မြေဆီလွှာထဲတွင် ပိုတက်ဆီယမ်(potassium)၊ ဇင့် (zinc) ၊ မန်းဂနိစ်(manganese) နှင့် ကလိုရိုဒ် (chloride) အာဟာရများ မြင့်မားနေခြင်းကြောင့် ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် မြေကြီးချဥ်ငံကိန်း (soil pH) မြင့်နေခြင်းနှင့် နိုက်ထရိုဂျင်အာဟာရ နည်းပါးနေခြင်းကြောင့်လည်း ဖြစ်ပေါ်စေသည်။ နိုက်ထရိုဂျင်အာဟာရချို့တဲ့ပါက အောက်ဆုံးရှိ အရွက်ရင့်များမှစတင်ဝါလာပြီး တဖြည်းဖြည်းအရွက်နုများဝါလာကာ တစ်ပင်လုံး အရွက်ဝါစေသည်။ အပင်ကြီးထွားမှုလည်း နှေးသွားသည်။
အိုင်းယွန်း(iron)
မြေချဥ်ငံကိန်း ၆.၅ မှ ၆.၇ ထက်မြင့်သော မြေများတွင် သံဓာတ်များသည် ပျော်ဝင်မှုနည်းပြီး အပင်မှရရှိနိုင်မှု နည်းပါးလာသည်။ ထို့ပြင် ကယ်လ်ဆီယမ်(calcium)၊ ဇင့်(zinc)၊ မန်းဂနိစ်(manganese)၊ ဖော့စဖော့ရပ်စ်(phosphorus) နှင့် ကော့ပါး( copper) စသည့် ဒြပ်စင်များ မြင့်မားနေပါက အိုင်းယွန်း(iron) ချို့တဲ့မှု့ ဖြစ်ပေါ်နိုင်သည်။ အိုင်းယွန်းသည် အစာချက်လုပ်ပေးသော အစိမ်းရောင်ကလိုရိုဖီးလ်(chlorophyll) ထုတ်လုပ်ပေးသဖြင့် ချို့တဲ့သွားပါက အရွက်ဝါခြင်းကို ဖြစ်စေသည်။ သံဓာတ်ချို့တဲ့ပါက အရွက်နုများမှ စတင်ဝါလာပြီး တဖြည်းဖြည်း အရွက်ရင့်များ ဝါလာစေသည်။
ဇင့်(zinc)
ဇင့်အာဟာရချို့တဲ့ပါက အရွက်နုများ၏အရွက်အလယ်ကြောများ စတင်ဝါလာသည်။ အရွက်များအပေါ်၌ အရောင်ပျက်နေသော အကွက်အပြောက်များကို တွေ့ရပြီး တဖြည်းဖြည်း ကြေးဝါရောင်ပြောင်းလာသည်။ အဝါရောင်အပင်အညွှန့်များသည် အဆစ်တိုလာကာ ပင်စည်ဘက်သို့ကွေးလိမ့်နေမည်။
မန်းဂနိစ်(manganese)
မန်းဂနိစ်ချို့တဲ့ခြင်းသည် ရေသွင်းရေထုတ်မကောင်းသော မြေများ၊ မြေချဥ်ငံကိန်းမြင့်သောမြေများ၊ အော်ဂဲနစ်ပစ္စည်း ပါဝင်မှုများလွန်းသောမြေများတွင် ဖြစ်ပေါ်နိုင်သည်။ မန်းဂနိစ်ချို့တဲ့လာပါက အရွက်ကြောများကြားတွင် အဝါရောင်ကွက်ကြားများ ဖြစ်ပေါ်စေသည်။ အညိုရောင်အကွက်များကိုလည်း တွေ့ရသည်။
References: extension.illinois.edu
extension.umd.edu
plagron.com
en.m.wikipedia.org
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Continue reading related topics, questions and articles.
Topic 1
အရွက်ဝါရခြင်းအကြောင်းတရားများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from U Zaw Ye Thu
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....