Green Way
နှမ်းရိုးသုံးပြီး တိုးတက်အောင်လုပ်ခဲ့တဲ့ တောင်သူကြီး

နှမ်းရိုးသုံးပြီး တိုးတက်အောင်လုပ်ခဲ့တဲ့ တောင်သူကြီး

Green Way
Green Way Greenovator 23/08/2019

    "နှမ်းရိုးသုံးပြီး တိုးတက်အောင်လုပ်မယ်" ဆိုတဲ့ဆောင်းပါးကိုဖတ်ပြီး လက်တွေ့အသုံးချအောင်မြင်ခဲ့တဲ့ တောင်သူကတော့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်က တောင်သူကြီး ဦးမြင့်လွင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ အတွေ့အကြုံအကြောင်းကို ပြောပြပေးသွားမှာပါ။

   လွန်ခဲ့တဲ့ ( ၃)နှစ် ခန့်က ဉီးမြင့်လွင်ဟာ အစိမ်းရောင်လမ်းဆော့ဝဲလ်ကိုအသုံးပြုသူဖြစ်ပြီး စာအရမ်းဖတ်တဲ့ တောင်သူတစ်ယောက်ပါ။ စပါးမျိုးစေ့ထုတ်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတဲ့သူဖြစ်တာကြောင့် မြေဆီလွှာထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ဖတ်မိရာမှ မြေဆီလွှာထိန်းသိမ်းသင့်ကြောင်းကို သတိထားမိလာပါတယ်။ တစ်ချိန်တည်းမှာတင်ပဲ နှမ်းရိုးမှရတဲ့မြေသြဇာဟူသော ဆောင်းပါးကို ဖတ်ရှုမိပြန်ပါတယ်။ နေ့စဉ်ဆက်တိုက် မြေဆီလွှာထိန်းသိမ်းသင့်တဲ့အကြောင်းတွေနဲ့ နှမ်းရိုးကို မြေဆီလွှာအတွက် ပြန်သုံးလို့ရကြောင်း သိရတဲ့အခါ ဉီးမြင့်လွင်အတွက် အရင်ကအသုံးမပြုဖြစ်ခဲ့တဲ့ နှမ်းရိုးတွေကို စတင်အသုံးပြုချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

   ဒါနဲ့ နှစ်စဉ်နှမ်းရိတ်သိမ်းပြီးက ရလာတဲ့နှမ်းရိုးတွေကို အရိပ်အောက်ကိုရွှေ့ပုံထားပြီး EM နဲ့ဆွေးစေလိုက်ပါတယ်။ ဆန်ကွဲတွေ၊ ဖွဲနုတွေထပ်ထည့်လိုက်ပြီး နှမ်းရိုးမြေသြဇာ လုပ်ထားလိုက်ပါတယ်။

   နောက်ထပ် သီးနှံစိုက်ပျိုးချိန်ရောက်တဲ့အခါ လယ်ထဲမှာလိုက်ဖြန့်ပေးပြီး စက်နဲ့နင်းထားလိုက်ပါတယ်။ အဲဒီ့နှစ်မှာပဲ ဧရာမင်းစပါး ၉၈တင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ "နှမ်းရိုးမှာပါဝင်တဲ့ အများဆုံးဓာတ်က ပင်စည်ယိုင်လဲမှုတွေကို ခံနိုင်ရည်ရှိတာတဲ့"ဆိုပြီး ပြန်လည်ပြောပြခဲ့ပါသေးတယ်။ အဲဒီနှစ်မှာ အပင်လဲတာတွေမဖြစ်တာကိုလည်း သတိထားမိခဲ့ပါတယ်တဲ့။

   ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် လယ်ကွက်တွေ ပြောင်းပြောင်းထည့်လာခဲ့လိုက်တာ ယခုဆိုရင် လယ်မြေတွေက မြေဆီသြဇာအရမ်းကောင်းနေပြီလို့ သိရပါတယ်။ ထယ်ထိုးရတာလည်း မခက်တော့ဘဲ လွယ်လွယ်ကူကူထယ်ထိုးလို့ရတယ်။ အရင်ကဆို တစ်ရာသီပြီး နောက်တစ်ရာသီအတွက် ထယ်ထိုးဖို့က မြေတွေမာလို့ အရမ်းခက်ခဲတာလို့ ပြောပါသေးတယ်။

   ဓာတ်ခွဲခန်းစစ်ဆေးမှုတွေအရ သူ့လယ်တွေရဲ့ မြေချဉ်ငံကိန်းက ၇.၂ ရှိတယ်လို့ သိရပါတယ်။ ထယ်ထိုးပြီးနောက်ရက်ဆို လယ်ကွက်ထဲမှာ တီကျစ်စာတွေတွေ့နေရပြီတဲ့။ သူတို့နယ်ဘက်မှာဆို စက်မှုလယ်ယာတွေ ပြောင်းလာကြပြီး စပါးပြီးစပါးစိုက်နေကြတာ့ ရိတ်သိမ်းခြွေလှေ့စက်တွေ မြေကျွံကြတယ်။ ထွန်စက်တွေ မြေကျွံကြတယ်။ တစ်စီးနစ်လို့ တစ်စီးနဲ့ဆွဲတဲ့အခါ နောက်တစ်စီးပါထပ်နစ်တဲ့ကိစ္စမျိုးတွေ ဖြစ်နေကြတယ်။ ဒါပေမယ့် သူ့ရဲ့လယ်ကတော့ ဒီလိုကိစ္စမျိုးတွေမဖြစ်ဘဲမြေသားတည်ဆောက်ပုံတွေ အရမ်းကောင်းလာတယ်လို့ပြောပါတယ်။

   "နှမ်းရိုးသုံးပြီး တိုးတက်အောင်လုပ်မယ်" ဆောင်းပါးကိုဖတ်ပြီး ကြိုးစားလုပ်ဆောင်အောင်မြင်ခဲ့တဲ့ ဦးမြင့်လွင်လိုမျိုး အစိမ်းရောင်လမ်းရဲ့ တောင်သူများလည်း လက်တွေ့အသုံးပြုကာ အောင်မြင်မှုရစေရန် ရေးသားဖော်ပြလိုက်ရပါတယ်။

 

 

Continue reading related topics, questions and articles.

ဖြိုးဝေဦး

ဖြိုးဝေဦး

5 years ago

နှမ်းနေရာမှာ ပဲရိုးအစားထိုးလို့ရလား

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....