အရေးကြီးသည့် ပင်ကြားတန်းကြား
လျော်ဖြူ စိုက်ပျိုးနေသူအကြား လတ်တလောကာလတွင် အငြင်းပွားနေကြသော ပြဿနာ(၂)ခုရှိနေပါသည်။
(က) အစေးထုတ်နည်းစနစ်
(ခ) စိုက်စနစ် (ပင်ကြားတန်းကြား) တို့ဖြစ်ပါသည်။
(က) အစေးထုတ်နည်းစနစ်တွင် ဒေသအလိုက် ရာသီဥတု အခြေအနေအပေါ် မူတည်၍ အစေးထွက်နှုန်းကောင်းရန် အရည်အသွေးကောင်းရန် အပင်ထိခိုက်မှုမရှိရန် ဆောင်ရွက်နေကြသော နည်းစနစ်ဖြစ်၍ ထိုနည်းစနစ်တို့၏ အားနည်း ချက် အားသာချက် များရှိနေကြပေသည်။
(ခ) စိုက်စနစ်(ပင်ကြားတန်းကြား) သည် ကြီးမားသောပြဿနာပါ။ စနစ်တစ်ခုသို့ ပြုပြင်ပြောင်းလဲရန် အခက်အခဲ မရှိသော်လည်း အချိန်၊ ငွေကြေး၊ သစ်ပင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပေမည်။
စိုက်စနစ်တွင် ပင်ကြားတန်းကြား မည်မျှထားရမည်ဆိုသော ဖြစ်ပေါ်လာရသော အကြောင်းအရင်းခံ အများကြီး ရှိနေ ပါသည်။
(၁) လျော်ဖြူ [Genus (မျိုးစု) = Sterculia
Species (မျိုးစိတ်) = Versicolar
Family (မျိုးရင်း) = Sterculiaceae]
မကြာသေးသောကာလက စိုက်ပျိုးခဲ့ပြီး အစေးထုတ်သက်တမ်း မကြာသေးသူများနှင့် ယခုမှစိုက်နေသူ စိုက်ရန်စီစဉ်နေ သူတို့တွင်လည်း အတွေးအခေါ် အယူအဆ နှစ်မျိုးပေါ်လာပါတယ်။ ပင်ကြားတန်းကြား ဘယ်နှစ်ပေ အောက်ခံထား စိုက်သင့်သလဲပေါ့။
(၁) အနည်းဆုံး (၁၈) ပေ (၂၀) ပေထား၍ စိုက်သင့်သည် ဆိုသူများနှင့်
(၂) အပင်ဦးရေများရန် (၉) ပေ (၁၂) ပေ (၁၅) ပေလောက် စိုက်လို့ရပါတယ် အစေး (၃-၄) နှစ်ထုတ်ပြီးမှ တူးထုတ် လိုက်မယ်ဆိုတဲ့သူနှင့် ဒီအတိုင်းဘဲထားပြီး ကိုင်းချိုင် အစည်းထုတ်မယ် ဆိုသောသူများပါ
အမှတ်စဉ် (၂) အုပ်စုရဲ့ စိုက်နည်းစနစ်ကို မိတ်ဆွေတို့ လက်ခံနိုင်ပါသလားမိမိအနေဖြင့် ထိုအယူအဆကို လက်မခံနိုင် ပါ။
အဘယ်ကြောင့်နည်း?
လျော်ဖြူသည် ပူအိုက်စွတ်စိုသောအခြေအနေဖြင့် နေရောင်ခြည်ရရှိမှု အထူးလိုအပ်၍ပါ။ နေရောင်ခြည်ရရှိမှု နည်းပြီး အပင်ထူထပ်ခြင်းကြောင့် ခြံသည် အအေးဓာတ်များနေခြင်း၊ သစ်ပင်များမြိုင်ထနေ၊ အပင်မာန်ကောင်းနေပါလျှင် အစေးထွက်နည်းလားခြင်း အစေးခဲဖြစ်ရန် ခက်ခဲခြင်း၊ အရည်အတိုင်း တည်ရှိနေခြင်း တို့ဖြစ်လာပါတယ်။
(၃ - ၄) နှစ်ကြာမှ တူးထုတ်မည်ဆိုတဲ့အတွေး သေချာစဉ်းစားကြည့်စေ လိုပါတယ်။ ထိုစနစ်အတိုင်း စိုက်ပျိုးထားတဲ့ ခြံများကို အရင် သွားရောက်လေ့လာစေလိုပါတယ်။
တူးထုတ်မည်ဆိုလျှင် စရိတ်ဘယ်လောက် ကုန်မည်လဲ။ စရိတ်တွက်မည်ဆိုလျှင် ဘေးအပင်များ မထိခိုက်အောင် ခုတ်ထွင်ခြင်း အပင်အမြစ်မှ အပါတူးထုတ်ခြင်း၊ သယ်ထုတ်ခြင်း။
အပင်တွေဘယ်လောက်ထိခိုက်မလဲ?
အပင်ကိုင်းချိုင် အပင်လှဲလျှင်တော့ အနည်းနှင့် အများထိခိုက်မှာပါ။
အပင်တွေတူးထုတ်လျှင် မြေတွင်းမှာ အပင်အပိုင်းအစများ ပြောင်နိုင်ပါ့မလား စဉ်းစားစေလိုပါတယ်။ အပိုင်းအစ ကျန်လို့ကတော့ ပင်စည်ထိုးပိုးနှင့် ဖိုးလမင်းကျိုင်း လောက်ကောင်တို့ရဲ့ စားစရာ နားစရာ တည်းခိုရိပ်မြုံ ဖြစ်ပြီးသကာ လ ပြုပြင်ထိမ်းသိမ်းရေးတွေ၊ နှိမ်နင်းရေးတွေ လုပ်ပေတော့။
စိုက်ထားသည့်အတိုင်း အကိုင်းချိုင် အစေးထုတ်မည်။ ထင်သလောက်လွယ်နိုင်ပါမည်လား?
သရက်ပင်နှင့်က ဘာဝမတူသလို ရာဘာနှင့်လည်း ဆန့်ကျင်ဘက်ပါ။ သတိထားဆင်ခြင်ဘို့ပါ။
လျော်ဖြူစိုက်သူများအတွက် အကြံပြုလိုတာကတော့ မစိုက်မှီ၊ စိုက်နေစဉ်၊ စိုက်ပြီး လေ့လာပါ။ သုံးသပ်ပါ။ တိုင်ပင်ပါ လို့ ဆိုပါရစေ။ မစိုက်ပျိုးမှီ စနစ်တကျ လေ့လာ သုံးသပ် တိုင်ပင်ခြင်းမရှိဘဲ ထင်ရာဆိုင်လျှင်တော့ ခံစားရမည်မှာ မိမိသာဖြစ်ပါတယ်။
လျော်ဖြူပင်ကြားတန်းကြား စိပ်ခြင်းရဲ့ ဆိုးကျိုးအား အချို့စိုက်ပျိုးသူများ ခံစားနေရပါပြီ။ ပင်ကြားတန်းကြား ကျဉ်းကျဉ်းစိုက်ခဲ့မိလို့ ကြားတစ်တန်း ထုတ်တာတောင် အပင်ချင်းယှက် မြိုင်ထလို့ အစေးထွက် နည်းသွားသောခြံ
နောက်ထပ် တူးထုတ်ဘို့ရာက အပင်အမြင့်က ပေ(၃၀)ကျော် ဆိုတော့ ကျန်သောအပင်များ လေဒါဏ် မိုးဒါဏ် မခံ နိုင်တော့ အပင်အားလုံး ခါးလည်မှ ပိုင်းပြီး တူးထုတ်ရမလားလို့ စဉ်းစားရခက်နေသောခြံ။ စဉ်းစားတဲ့အတိုင်းလုပ်လျှင် ကုန်ကျစရိတ် ခံနိုင်ပါမလား?
နောက် ခြံကျယ်ကြီး တစ်ခြံကတော့ အပင်စိပ်စိပ်စိုက်မိခဲ့ပြီး မှားမှန်သိသော်လည်း အပင်ချိုင် ငုတ်တူးထုတ် ခြံပြင် သယ်ထုတ်မယ်လို့ကြံ ကုန်ကျစရိတ်က များလေတော့ ဘယ်သို့ ရှေ့ဆက်ရမလဲ ဝေခွဲမရ။ ဒီလိုခြံမျိုးတွေ ဘယ်လောက် ရှိနေကြပြီလဲ။
မိမိအကြံပြုလိုတာကတော့
ပင်ကြားတန်းကြား ကျဉ်းကျဉ်းစိုက်ရန်စီစဉ်နေသူများ မလုပ်ဆောင်ရန်။ စစိုက်ပြီးကာစသူများ ပြန်ပြင်ရန်။ စိုက်တာ ကြာ နေသူများ အချိန်မှီအခါမှီ ပြန်လည်ပြုပြင်သင့်ပါတယ်။ စိုက်ပျိုးထားရှိမှု ကြာနေသူများ အချိန်မှီ ပြင်ဆင်ပါ။
နှစ်ရှည်ပင်ဖြစ်သည့် အားလျော်စွာ ရေရှည်အကျိုး မျှော်ကိုး၍ စိုက်ပျိုးစေလိုပါတယ်။ မိမိပုဂ္ဂလိက အမြင်အရမူ လျော်ဖြူအတွက် စိုက်သင့်သော ပင်ကြားတန်းကြားမှာ (၂၀ပေ×၂၀ပေ) (၂၅ပေ×၂၀ပေ) နှင့် (၂၅ပေ×၂၅ပေ) တို့နှင့် စိုက်သင့်ပြီး မိုးခေါင်ရေရှားလွန်းပြီး အပူချိန်ပြင်းထန်သော ဒေသများတွင်မူ (၁၈ပေ×၁၈ပေ)၊ (၂၀ပေ×၁၈ပေ) စနစ် တို့ဖြင့်လည်း စိုက်နိုင်ကြောင်း အကြံပြုလိုပါတယ်။
မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်နိုင်ပါစေ
ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)
Continue reading related topics, questions and articles.
Topic 1
ပင်ကြားတန်းကြားအရေးကြီးပုံ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026