ဖန်လုံအိမ်ဓာတ်ငွေ့(ကာဗွန်)ကို လျှော့ချပေးနိုင်သည့် စိုက်ပျိုးနည်းစနစ်များ
ယခုဆောင်းပါးတွင် စိုက်ပျိုးမွေးမြူရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချသည့် နည်းလမ်းများအနက် မြေကြီးထဲတွင် ကာဗွန်ကို ပို၍ စုပ်ယူထားခြင်းအကြောင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးပါမည်။ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသော နည်းစနစ်များ၊ သစ်တောများပြုန်းတီးခြင်း၊ ရွှေ့ပြောင်းတောင်ယာနည်းစနစ်များသည် မြေကြီးထဲတွင် ကာဗွန်လျော့နည်းစေသောအကြောင်း များဖြစ်သည်။ သို့သော်လည်း သီးနှံစိုက်ပျိုးသည့် ပုံစံကို ကောင်းကောင်းနည်းလည်ထားပြီး ကာဗွန် သိုလှောင်နိုင်သော စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးခြင်းအားဖြင့် မြေကြီးထဲမှ ကာဗွန်ပမာဏ တိုးလာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။
စိုက်ပျိုးမြေများသည် လေထုထဲမှ ကာဗွန်ကို သိုလှောင်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ သုတေသနပြု ရှာဖွေဖော်ထုတ်ချက်များအရ ခေတ်မီတိုးတက်ပြောင်းလဲလာသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများသည် မြေကြီးထဲတွင် ကာဗွန်သိုလှောင်မှုပမာဏကို တိုးမြင့်စေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။
လယ်ယာစီမံစိုက်ပျိုးနည်းစနစ်များဖြစ်သော
- အနည်းဆုံးထွန်ယက်စိုက်ပျိုးသည့် နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊
- မြေဖုံးသီးနှံ စိုက်ပျိုးခြင်း၊ မြေသြဇာ သမမျှတအောင်ကျွေးခြင်း၊
- သဘာဝမြေသြဇာထည့်သွင်းအသုံးပြုခြင်း၊
- ပင်ကြွင်းပင်ကျန်များကို ထယ်ထိုးထွန်မှောက်ခြင်း၊
- သီးလှည့်စိုက်ပျိုးခြင်း၊
- မြေတွင်း အဏုဇီဝပွားများလာအောင် ဆောင်ရွက်ပေးခြင်းတို့သည် မြေကြီးမှ ကာဗွန်ကို ရေရှည်ထိန်းသိမ်းပေးနိုင်သော နည်းလမ်းများ ဖြစ်သည်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ် (conservation agriculture - CA) သည်လည်း မြေကြီးအတွင်း ကာဗွန်ကို သိုလှောင်ထိန်းသိမ်းရန်အတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ ၎င်းနည်းစနစ်တွင် မြေကြီးကို အနည်းဆုံးထွန်ယက်စိုက်ပျိုးခြင်း (Least possible disturbance of soil)၊ မြေဖုံးသီးနှံစိုက်ပျိုးခြင်း (Permanent soil cover) နှင့် သီးနှံမျိုးစုံပါဝင်သော သီးလှည့်စိုက်ပျိုးခြင်း (Diversified crop rotation) တို့ ပါဝင်သည်။
တစ်နည်းအားဖြင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) သည် ရာသီဥတုပြောင်းလဲမှုကို တုန့်ပြန်ခံနိုင်ရည်ရှိသော စိုက်ပျိုးနည်းစနစ် (climate resilient agriculture) တစ်ခုလည်း ဖြစ်ပါသည်။ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် များစွာသော အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ ၎င်းတို့တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းခြင်း၊ သဘာဝလောင်စာဆီအသုံးပြုမှုကို လျှော့ချခြင်း၊ မြေတိုက်စားမှု လျော့နည်းခြင်း၊ မြေသားတည်ဆောက်ပုံ တိုးတက်ကောင်းမွန်ခြင်း၊ ရေထိန်းသိမ်းနိုင်စွမ်းအားကောင်းမွန်ခြင်း၊ အထွက်နှုန်းမတည်ငြိမ်မှု လျော့နည်းခြင်း၊ လေထုထဲမှ ကာဗွန်ကို ဖမ်းယူထိန်းသိမ်းပြီး မြေကြီးအတွင်း ကာဗွန်ပမာဏတိုးပွားအောင်လုပ်ဆောင်နိုင်ခြင်း စသည်အချက်များ ပါဝင်ပါသည်။ သုတေသနအစီအရင်ခံစာများမှာလည်း မြေကြီးကို မြေဆီသြဇာထက်သန်အောင် တိုးတက် ကောင်းမွန်သောနည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးခြင်းသည် မြေကြီးအတွင်း ကာဗွန်ပမာဏကို တိုးမြင့်စေပါသည်။ သင့်တင့်မျှတဆီလျော်သော မြေသြဇာကျွေးခြင်းသည်လည်း မြေကြီးအတွင်း အော်ဂဲနစ်ကာဗွန်ပမာဏ (soil organic carbon) ကို တိုးပွားစေပါသည်။
ထို့အပြင် မြေဖုံးသီးနှံအနေဖြင့် ပဲသီးနှံနှင့် မြက်မျိုးရင်းဝင်အပင်များကို သီးလှည့် စနစ်တွင် ထည့်သွင်းစိုက်ပျိုးပေးခြင်းအားဖြင့် မြေကြီး၏ အော်ဂဲနစ်ကာဗွန်ပမာဏကို တိုးမြင့်စေပြီး မြေဆီသြဇာထက်သန်စေပါသည်။
သဘာဝအရင်းအမြစ်ထိန်းသိမ်းသော နည်းစနစ်များဖြစ်သည့် အနည်းဆုံး (သို့မဟုတ်) မထွန်မယက်စိုက်ပျိုးနည်းစနစ်၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းစနစ်၊ ရှေ့က ရိတ်သိမ်းပြီး ကျန်ရှိသောသီးနှံပင်ကြွင်းပင်ကျန်များဖြင့် မြေဖုံးအုပ်ပေးခြင်း (သို့မဟုတ်) အစဉ်အမြဲမြေဖုံးသီးနှံစိုက်ပျိုးပေးခြင်းနှင့် သီးလှည့်စိုက်ပျိုးနည်းစနစ်တို့သည် မြေတွင်းအာဟာရဓာတ်နှင့် အစိုဓာတ်ကဲ့သို့သော သဘာဝအရင်းအမြစ်များ၏ ထိထိရောက်ရောက်အသုံးချနိုင်မှုကို တိုးမြင့်စေပါသည်။ ၎င်းအပြင် မြေတွင်းအော်ဂဲနစ်ကာဗွန်ပမာဏကို တိုးမြင့်စေပြီး စိုက်ပျိုးမြေမှ ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။
မထွန်မယက်စိုက်ပျိုးခြင်း၊ သီးနှံပင်ကြွင်း ပင်ကျန်များကို မြေကြီးအတွင်း ပြန်ထည့်ခြင်းနှင့် ပဲမျိုးရင်းဝင်အပင်များကို စိုက်ပျိုးပေးခြင်းတို့သည် သီးနှံစိုက်ပျိုးသော မြေများအတွက် ကာဗွန်သိုလှောင်ထိန်းသိမ်းပေးနိုင်သော နည်းစနစ်ကောင်းများ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာ အိဖြူဝင်း
See all
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
22/10/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....