Green Way
ပိုးသတ်ဆေးယဥ်ပါးမှုအကြောင်း သိကောင်းစရာ

ပိုးသတ်ဆေးယဥ်ပါးမှုအကြောင်း သိကောင်းစရာ

ဆရာကြီးခင်ဗျား

ကျနော်တို့ဆီမှာ ပိုးတွေကျရင် ဒီဆေးဖျန်းဆိုပြီး ဆိုင်ကပေးတဲ့ဆေးကို ဖျန်းကြပါတယ်။ အဲဒီဆေးကောင်းရင် ဒီဆေးကိုပဲ တစ်ရာသီ ၂ ကြိမ် ၃ ကြိမ်မက ဖျန်းကြပါတယ်။ နောက်နှစ်လည်း ဒီဆေးကိုပဲ ထပ်တလဲလဲသုံးလေ့ရှိကြပါတယ်။

ကျနော်သိချင်တာက အဲဒီဆေး AI ကို ပိုးတွေ၊ ဆေးယဥ်ပါးလာရင် အဲဒီ AI ပါတဲ့ နောက်ဆေး AI အတွဲကို ဖျန်းရင် ဆေးယဥ်ပါးနိုင်ပါသလား သိချင်ပါတယ်ဆိုပြီး အထက်ပါ မေးခွန်းကို အစိမ်းရောင်လမ်း၊ မေးဖြေကဏ္ဍမှာ တောင်သူတစ်ယောက် မေးလာလို့ အခြားတောင်သူမိတ်ဆွေများပါ၊ဗဟုသုတရစေခြင်းငှာ ဖြေကြားပေးလိုက်ပါတယ်ခင်ဗျာ။

၁။ ပိုးသတ်ဆေးယဥ်ပါးခြင်းဆိုတာဘာလဲ?

 

ပိုးမျိုးစိတ်တခုရဲ့ သာမန်အခြေအနေမှာ အခြားပိုးတွေသေစေနိုင်တဲ့ ဆေးအဆိပ်ကို ခုခံတွန်းလှန်နိုင်ခြင်းကို ဆေးယဥ်ပါးခြင်းလို့ ခေါ်နိုင်ပါတယ်။

၂။ ဘာကြောင့် ဆေးယဥ်ပါးစေတာလဲ?

ရှုထောင့်၂ မျိုးနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရရင်

  • ပိုးသတ်ဆေးအသုံးပြုသူများ၏ ချို့ယွင်းအားနည်းမှုကြောင့် ဆေးယဥ်ပါးခြင်း
  • ဖျက်ပိုး၏ ဇီဝဖြစ်စဥ်  အားထုတ်မှုအရ ဆေးယဥ်ပါးခြင်းဆိုပြီး ကွဲပြားပါတယ်။

ပိုးသတ်ဆေးအသုံးပြုသူ၏လုပ် ​ဆောင်မှုအားနည်းချက်များ

မိမိစိုက်ခင်းတွင်ကျရောက်သော ဖျက်ပိုးအမျိုးအစား ခွဲခြားမသိဘဲ ကြုံရာဆေးအုပ်စုဖျန်းလိုက်ခြင်း။

ဆေးတစ်ပုံးတွင်ထည့်ရမည့် ဆေးနှုန်းထားမမှန်ခြင်း။

၁ ဧက ဖျန်းရမည့်ဆေးပမာဏ /ဆေးပုံးရေမမှန်ခြင်း။

ဖျက်ပိုးအလေ့အထ မလေ့လာဘဲ ဆေးဖျန်းချိန် မမှန်ခြင်း။

မိမိစိုက်ခင်းကို ပိုးမွှားကင်းထောက်မှု၊ စောင့်ကြပ်မှု၊ အားနည်းခြင်းကြောင့် ပိုးကောင်ကြီးမှ/မနိုင်မနင်းဖြစ်မှ ဆေးဖျန်းခြင်း။

ဆေးအုပ်စု(ai group)များကို သတိမမူဘဲ AI အုပ်စုတူ ဆေးများကို ထပ်တလဲလဲ ဖျန်းမိခြင်း။

ဓာတုဆေး တမျိုးတည်းကိုသာ ဖက်တွယ်အားထားခြင်းစတဲ့ အထက်ပါအချက်များကို သတိမမူဘဲ လုပ်ဆောင်မိခြင်းသည် ဖျက်ပိုးများ၊ ဆေးဒဏ်ခံနိုင်ပြီး ဆေးယဥ်ပါးကာ ဖျက်ပိုးဦးရေများလာစေပါတယ်။

ဖျက်ပိုး၏ မူလသဘာဝ အားထုတ်မှုအရ ဆေးယဥ်ပါးခြင်းရသည် အင်းဆက်ဖျက်ပိုးအပါအဝင် မည်သည့်သက်ရှိမဆို အန္တရာယ်နှင့်ကြုံတွေ့ပါက တနည်းတနည်းနဲ့ ခုခံတွန်းလှန်ကြစမြဲပါ။

အင်းဆက်ဖျက်ပိုးတွေမှာလည်း ပိုးသတ်ဆေးနဲ့တွေ့ဆုံတိုင်း သဘာဝဖြစ်စဥ်အရ ခုခံကာကွယ်ကြရပါတယ်။

၁။ အဆိပ်သင့်နေရာ ခုခံခြင်း (Target-site resistance)

ပိုးသတ်ဆေးအားလုံးနီးပါးသည် အာရုံကြောစနစ်(Nerves system)ကို ဖျက်ဆီးကြပါတယ်။

သို့သော် အာရုံကြောအစိတ်အပိုင်းအတွင်း ကလိုရင်း၊ ပိုတက်စီယံ၊ ကယ်လ်စီယံ၊ ဆိုဒီယံလမ်းကြောင်းများကို ဖျက်ဆီးသော ဆေးအဆိပ်များဖြစ်သည့်

  • အင်ဇိုင်းအဆိပ်သင့်ဆေးအုပ်စုများ.
  • ကြွက်သား အဆိပ်သင့်ဆေးအုပ်စုများ
  • အက်ဆီတိုင်းခိုလင်းအက်စတာရေ့ကို အဆိပ်သင့်ဆေးအုပ်စုများ
  • ဂလုတာမစ်အက်ဆီတစ်အက်ဆစ်ကို အဆိပ်သင့်ဆေးအုပ်စုများစသည်ဖြင့်
  • အဆိပ်သင့်နေရာများ(Site of action)ကွဲပြားကြပါတယ်။

အဆိပ်သင့်နေရာတူ ဆေးအုပ်စု(အုပ်စုတူ ai) ၁ မျိုးတည်းကို ကြိမ်ရေများစွာ (၂ ကြိမ်ဆက်တိုက်ထက်ပိုခြင်း)အသုံးပြုပါက ဖျက်ပိုးကို ဆေးယဥ်စေပါတယ်။

(AI တူကို နောက်ထပ် AI အသစ်နဲ့ တွဲဖျန်းခြင်းသည်လည်း အကြိမ်ရေများလာရင် ဆေးယဥ်ပါးမှုကို ဖြစ်စေနိုင်ပါတယ်။)

၂။ ဇီဝဖြစ်စဥ်အရ ခုခံခြင်း (Metabolic resistance)

အင်းဆက်ဖျက်ပိုးများ၏ ကိုယ်တွင်းဇီဝဖြစ်စဥ်အရ ပိုးသတ်ဆေးအဆိပ်များ Target siteမရောက်မီ အဆိပ်ချေဖျက်အင်ဇိုင်းထုတ်နိုင်ကြပါတယ်။

အင်းဆက်အမျိုးအစားအလိုက်လည်းကောင်း၊ ဆေးပမာဏ အနည်းအများအလိုက်လည်းကောင်း ထိရောက်မှုပမာဏ(ဆေးယဥ်ပါးမှု အနှေးအမြန်)ကွာတတ်ပါတယ်။

ဥပမာ။ ပန်းသီးအာလူးပျ(ငရုပ်ပွမှာကျတတ်)များပါတယ်။ သာမန်ပျတွေထက် ချေဖျက်အင်ဇိုင်းထုတ်နိုင်တဲ့အတွက် Neonicotenoideအုပ်စုကို ယဥ်ပါးစေပါတယ်။

၃။ အဆိပ်ထိုးဖောက်မှုကို ခုခံနိုင်ခြင်း (Penetration resistance)

အင်းဆက်ဖျက်ပိုးများရဲ့ အရေခွံပေါ်ရှိ ဖယောင်းလွှာဟာ ပိုးသတ်ဆေးအဆိပ် ထိုးဖောက်မဝင်နိုင်အောင် တားဆီးနိုင်ကြပါတယ်။

ဖျက်ပိုး၏ဘဝအဆင့် အနည်းအများပေါ်မူတည်ပြီး အရေခွံထူလာတတ်သဖြင့် ပိုးကောင်ငယ်စဥ်(ပ/ဒု အဆင့်)ဖယောင်းလွှာပါးချိန်ဆေးဖျန်းမှသာ ဆေးယဥ်ပါးမှုသက်သာပါမယ်။

၄။ ဖျက်ပိုး၏အလေ့အထအရ ခုခံနိုင်ခြင်း (Behavioural resistance)

ဖျက်ပိုးများရဲ့ အလေ့အထအရ ဆေးဒဏ်ခံနိုင်စေပါတယ်။

အချို့ပိုးတွေဟာ အရွက်အောက်မှာ ကျက်စားသဖြင့် အရွက်ပေါ်ဆေးဖျန်းပါက ဆေးယဥ်စေပါတယ်။

ငမြောင်တောင်ကဲ့သို့ နေ့မှာ အပင်ခြေရင်းပုန်းနေချိန် အပင်ပေါ်ဆေးဖျန်းပါက ဆေးယဥ်စေပါတယ်။

စပါးဖြုတ်ညိုတွေဟာ အပင်ခြေရင်းမှာ ကျက်စားတာကြောင့် အပင်အပေါ်ပိုင်းဖျန်းနေပါက ဆေးယဥ်ပါးစေပါတယ်။

အကြံပြုတင်ပြခြင်း

သီးနှံတစ်မျိုးတည်းကို နှစ်စဥ်စိုက်ပျိုးခြင်း၊

ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၊

ဓာတုဆေးတမျိုးတည်းကိုသာ ဖျက်ပိုးကာကွယ်နှိမ်နင်းနေခြင်း၊

ဆေးအုပ်စုAIများကို နားလည်သဘောပေါက်မှု၊ လိုက်နာကျင့်သုံးမှုအားနည်းခြင်းစသည့် အကြောင်းများကြောင့် သီးနှံအားလုံးနီးပါး ဖျက်ပိုးမနိုင်မနင်းဖြစ်ကာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနစ်နာနေကြရပါတယ်။

  • ပိုင်ရီသရွိုက်အုပ်စုဆေးများ
  • ဖော့စဖိတ်ပါသောဆေးအုပ်စုများ
  • ကလိုရင်းပါသောအုပ်စုဆေးများ
  • ကာဘာမိတ်အုပ်စုဆေးများ
  • နီယိုနီကိုတီနွိုက်ဆေးအုပ်စုများ
  • ဖီနိုင်းပိုင်ရာဇိုးအုပ်စုများစသော ဆေးအုပ်စုကြီး ၆ မျိုးလောက်ကိုတော့ အကြမ်းအားဖြင့်သိထားသင့်ပါတယ်။

သို့မှသာ ဆေးအုပ်စုများကို လှည့်သုံးနိုင်မှာပါ။

ဆေးအုပ်စု လှည့်သုံးခြင်းမှာ ဓာတုဆေး၁ ကြိမ် ဖျန်းပြီးရင် သဘာဝ အော်ဂင်းနစ် (တမာ၊ ဆေးရွက်ကြီး၊ ဆပ်ပြာ) ၁ ကြိမ်  ကြားဝင်သင့်ပါတယ်။

သို့ဖြစ်ပါ၍...

ဆေးယဥ်ပါးမှုကို အကောင်းဆုံးကာကွယ်နိုင်ဖို့ဆိုရင်

*ဆေးအုပ်စုတွေကို လှည့်သုံး/ပြောင်းသုံး/ပေါင်းသုံးပေး အဲဒါ အကောင်းဆုံးဆေးဆိုတဲ့ဆောင်ပုဒ်နဲ့ ကိုက်ညီပြီး တောင်သူများအကျိုးရှိ ထိရောက်မှာဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ရေးသားတင်ပြအပ်ပါတယ်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

8
tau au

tau au

1 year ago

ပိုးသတ်​ေဆးဆိုးကျိုး

win ko thu

win ko thu

1 year ago

ဟုတ်ကဲ့ပါ

ဒို့ဦး​လေး

ဒို့ဦး​လေး

1 year ago

ဆေးရွက်ကြီး အရိုးနှင့်အရွက် များကို နုပ်နုပ်စဉ်းပြီး ရေ ၁၅ ပုလင်းထည့်၍ ရောမွှေ ကာ ၂၄ နာရီကြာ စိမ်ထားရပါမည်။ ထို့နောက် အရည် များကို ပိတ်စိမ်းပါးဖြင့်စစ်ကာ ဆပ်ပြာအနည်းငယ် ထည့်ပြီး ဆပ်ပြာပျော်သွားသည်အထိ   မွှေပေးရပါ မည်။ ဆပ်ပြာပျော်သွားပြီဆိုလျှင် ချက်ချင်း အသုံးပြု ပေးရပါမည်။

ဒို့ဦး​လေး

ဒို့ဦး​လေး

1 year ago

တမာပင်သာမက တမာစေ့မှလည်း ပိုးသတ်ဆေး ထုတ်လုပ်နိုင်ပြီး ပြုလုပ်နည်းတွင် တမာစေ့တစ်ကျပ် ခွဲသား၊ ရေတစ်လီတာ လိုအပ်ပါသည်။      စိုက်ခင်း ဧရိယာအပေါ်မူတည်၍ ပါဝင်ပစ္စည်းအချိုးအစား အနည်းအများ ရှိနိုင်ပါသည်။ တမာစေ့တစ်ကျပ်ခွဲသား ကို   ထုထောင်း၍   ရေတစ်လီတာဖြင့်    တစ်ညအိပ် စိမ်ထားပြီး ပိတ်စိမ်းပါးဖြင့် ရေစစ်ယူကာ  ထိုရေကို ဆပ်ပြာရည်လက်ဖက်စားဇွန်းတစ်ဇွန်းရော၍ အသုံး ပြုနိုင်သည်။ တမာစေ့ပိုးသတ်ဆေးသည် ဂေါ်ဖီထုပ် တွင် ကျရောက်သောပိုးများနှင့် ဥမျှင်ရှည်နှံကောင်များ ကို နှိမ်နင်းနိုင်သည်။ တမာစေ့ မရနိုင်ပါက၊တမာခေါက်၊တမာရွက် ထုထောင်းပြီးအသုံးပြုပါ။

U Aung Thura

U Aung Thura

1 year ago

တမာ၊ဆပ်ပြာ၊ဆေးရွက်ကြီး ကို ဘယ်လိုအချိူးကျစပ်ပီးဆေးဖျန်းပုံးတပုံးကို ဘ်လောက်ထည့်ရမယ်ဆိူတာလေးရှင်းပြပါအုံး ဆရာ

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....