အပင်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ
အပင်ရောဂါများသည် မှို၊ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမတုတ် စသည့် ရောဂါဖြစ်စေသောသက်ရှိများကြောင့် ဖြစ်ပွားပါတယ်။ အပင်ရောဂါတစ်ခုဖြစ်ပွားရန် ရောဂါဖြစ်စေသော သက်ရှိ၏ အရေအတွက်နှင့် ရောဂါဖြစ်နိုင်စွမ်းအား၊ လက်ခံပင်၏ ခံနိုင်ရည်မဲ့မှု၊ ပတ်ဝန်းကျင်အခြေအနေ၏ အားပေးမှုဟူ၍ အကြောင်းရင်း ၃ ရပ်ပြည့်စုံရန် လိုအပ်ပါသည်။ ၎င်းတို့အနက် တစ်ခုခုမပြည့်စုံပါက အပင်ရောဂါများ မဖြစ်ပွားနိုင်ပေ။
ရောဂါဖြစ်စေသောသက်ရှိများအနက်မှ ဗိုင်းရပ်စ်များသည် ပုံသဏ္ဍန်နှင့် အရွယ်အစားအမျိုးမျိုးရှိပြီး အရွယ်အစားအလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်ပါ။ ဗိုင်းရပ်စ်ရောဂါများသည် လျင်မြန်စွာပျံ့ပွားပြီး နှိမ်းနှင်းရန် ဆေးမရှိသောကြောင့် အချိန်မီကြိုတင်မကာကွယ်နိုင်ပါက သီးနှံအထွက်နှုန်းကို ထိခိုက်စေပြီး ဆိုးရွားစွာကျရောက်ပါက အပင်သေသည်အထိ ဖြစ်စေနိုင်ပါသည်။
သီးနှံပင်များသည် ဗိုင်းရပ်စ်များတိုက်ခိုက်ခံရသောအခါ အရွက်များ၊ အညွန့်၊ ပင်စည်နှင့် ပန်းပွင့်များအရောင်ပျက်ခြင်း၊ ပုံသဏ္ဍန်ပျက်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။ ဗိုင်းရပ်စ်များသည် ၎င်းတို့ရှင်သန်ကြီးထွားရန်နှင့် မျိုးပွားရန် လက်ခံပင်များလိုအပ်ပါသည်။ ဗိုင်းရပ်စ်များသည် အပင်ဆဲလ်ထဲ့သို့ plasmodesmata ကိုဖြတ်၍ ဝင်ရောက်ပြီး အခြားသောအပင်အစိတ်အပိုင်းများသို့ အစာရေကြောမှတဆင့် ဝင်ရောက်ပါတယ်။ ၎င်းတို့သည် အလွန်သေးငယ်သော အပင်ရောဂါဖြစ်စေသော သက်ရှိများဖြစ်ပြီး protein coat နှင့် nucleic acid ဖြင့်ဖွဲ့စည်းထားပြီး ၎င်းသည် အပင်ဆဲလ်ထဲသို့ ဝင်ရောက်သောအခါ ၎င်း၏ protein coat ကို ချွေချပြီး မျိုးပွားပါတယ်။ ဗိုင်းရပ်စ်များသည် ၎င်းတို့ကိုယ်တိုင် တစ်နေရာမှ တစ်နေရာသို့ မကူးပြောင်းနိုင်ဘဲ လူအပါအဝင် ၎င်းတို့ကို သယ်ဆောင်ပေးသော အင်းဆက်များမှတဆင့် လက်ခံပင်တစ်ပင်မှ တစ်ပင်သို့ ပျံ့နှံ့ကြပါတယ်။ အပင်ဆဲလ်များသည် ခိုင်မာတောင့်တင်သော ဆဲလ်နံရံများဖြင့် ဖွဲ့စည်းထားသောကြောင့် ဗိုင်းရပ်စ်များသည် အပင်ဆဲလ်နံရံကို အလွယ်တကူ မထိုးဖောက်နိုင်သဖြင့် စုပ်စားပိုးများဖြစ်သော ပျပိုး၊ ယင်ဖြူ၊ လှေး၊ ဖြုတ်ပိုးများနှင့် နီမတုတ်၊ မွှားများမှတဆင့် ပျံ့ပွားပါတယ်။ ထို့ပြင် ဗိုင်းရပ်စ်ကျရောက်သောမျိုးစေ့၊ ကိုင်းကူးခြင်း၊ လေ၊ မိုးရေစက်များ၊ ဝတ်မှုန်ကူးခြင်း၊ အပင်ရည်များမှတစ်ဆင့် ပျံ့နှံ့နိုင်ပါတယ်။ အပင်ဗိုင်းရပ်စ်များသည် သီးနှံပင်ကို မသေစေနိုင်သော်လည်း သီးနှံအထွက်နှုန်း၊ အရည်အသွေး၊ ဈေးကွက်ဝင်မှုကို ထိခိုက်စေနိုင်ပါတယ်။
ဗိုင်းရပ်စ်ကျရောက်မှု လက္ခဏာများ
အပင်ဗိုင်းရပ်စ်ရောဂါများသည် ပတ်ဝန်းကျင်အပူချိန်ကိုလိုက်၍ ပြောင်းလဲခြင်း၊ တချို့လက္ခဏာများမှာ မထင်ရှားခြင်းကြောင့် ရောဂါကျရောက်သည်ကို သတိမပြုမိဘဲ စိုက်ခင်းတစ်ခင်းလုံးသို့ လျင်မြန်စွာပျံ့နှံ့နိုင်သဖြင့် ကြောက်စရာကောင်းလှပါသည်။ ဗိုင်းရပ်စ်ကျရောက်မှုလက္ခဏာများမှာ ကျရောက်သော ဗိုင်းရပ်စ်အမျိုးအစား၊ အပင်အမျိုးအစားပေါ်မူတည်၍ ကွဲပြားပါတယ်။
အရွက်များတွင်တွေ့ရသော လက္ခဏာများမှာ အရွက်များ ရောင်မညီကွက်ကြားဖြစ်ခြင်း(moasic)၊ အရွက်များ စိမ်းဝါရောင်ပြောင်းခြင်း(chlorosis)၊ ဆဲလ်သေကွက်များ ဖြစ်ပေါ်ခြင်း(necrosis)၊ အရွက်ဝါခြင်း၊ ရွက်ကြောများပျောက်ခြင်း၊ အရွက်တွန့်လိပ်ခြင်းတို့ဖြစ်ပါတယ်။

ပန်းပွင့်များတွင် တွေ့ရသောလက္ခဏာများမှာ ပန်းပွင့်ပုံသဏ္ဍန်ပျက်ခြင်း၊ အရောင်ပြောင်းခြင်းတို့ဖြစ်သည်။
သစ်သီးနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့ရသော လက္ခဏာများမှာ အရောင်မညီကွက်ကြားဖြစ်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ အရောင်ပျက်ခြင်း၊ ပုံသဏ္ဍန်ပျက်ခြင်း။ ပင်စည်များတွင် ပင်စည်ကွဲခြင်း၊ အဖုအကြိတ်များဖြစ်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။

ဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ခြင်း
- သီးနှံပင်များသည် ကျန်းမာသန်စွမ်းပါက ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသောကြောင့် အာဟာရဓာတ်များ ပြည့်ဝစွာကျွေးရန်လိုအပ်ပါသည်။
- ဗိုင်းရပ်စ်ရောဂါကင်းစင်သော မျိုးစေ့များ၊ အပင်အစိတ်အပိုင်းများကို ရွေးချယ်စိုက်ပျိုးပါ။
- ပိုးပြေးစေသော ထောင်ချောက်သီးနှံ (ဥပမာ-ချစ်တီးပန်း) များကို စိုက်ပျိုးပါ။
- ပေါင်းပင်များသည် ဗိုင်းရပ်စ်ရောဂါဖြစ်စေသာ ဗိုင်းရပ်စ်များ၏လက်ခံပင်အဖြစ် လုပ်ဆောင်ပေးသောကြောင့် ပေါင်းရှင်းပေးပါ။
- ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
- ဗိုင်းရပ်စ်များကို သယ်ဆောင်ပေးသော ပျ၊ လှေး၊ ယင်ဖြူ စသော အင်းဆက်များကို စိုက်ခင်းအတွင်း တွေ့ရှိပါက ကြိုတင်ကာကွယ်ပါ။
- ဗိုင်းရပ်စ်များသည် လယ်ယာသုံး ပစ္စည်းများမှတစ်ဆင့် ပြန့်ပွားနိုင်သောကြောင့် တခြားစိုက်ခင်းတွင် အသုံးမပြုခင် သန့်ရှင်းအောင် ဆေးကြောပေးပါ။
Reference by
https://www.bighaat.com/blogs/kb/viral-diseases-in-plants-and-its-control
https://www.apsnet.org/edcenter/disandpath/viral/introduction/Pages/PlantViruses.aspx
https://www.rhs.org.uk/advice/profile?PID=188
https://ausveg.com.au/biosecurity-agrichemical/crop-protection/overview-pests-diseases-disorders/viral-diseases/
Anonymous
3 years agoယင်ဖြူဆေးသုံးရင်ဘာဆေးသုံးရမလဲခင်ဗျ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from အေးပွင့်ဖြူ
See all
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
07/12/2021
စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
06/11/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021