Green Way
ကျင့်သုံးသင့်သော သီးလှည့်စိုက်ပျိုးခြင်း

ကျင့်သုံးသင့်သော သီးလှည့်စိုက်ပျိုးခြင်း

Nan Su San
Nan Su San 24/09/2021

   သီးလှည့်စိုက်ပျိုးခြင်းဆိုတာ စိုက်ပျိုးမြေတစ်ခုပေါ်မှာ သီးနှံအမျိုးမျိုးကို တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျ စနစ်တကျစိုက်ပျိုးတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ 

    တကယ်လို့ စိုက်ပျိုးမြေတစ်ခုပေါ်မှာ သီးနှံတစ်မျိုးတည်းကို  နှစ်တိုင်း ဆက်တိုက်စိုက်နေမယ်ဆိုရင် မြေကြီးထဲကအာဟာရဓါတ်တချို့ကုန်ခမ်းခြင်း၊ အပင်မသန်ခြင်း၊ အထွက်နှုန်းကျခြင်း စတာတွေ ဖြစ်စေပါတယ်။ သီးလှည့်စိုက်ပျိုးမယ်ဆိုရင်တော့ ကုန်ခမ်းသွားတဲ့အာဟာရဓါတ်တွေအတွက် နောက်စိုက်တဲ့သီးနှံအပေါ်မူတည်ပြီး တချို့အာဟာရဓါတ်တွေကို ပြန်ဖြည့်ပေးနိုင်ပါလိမ့်မယ်။ ဥပမာ နိုက်ထရိုဂျင်ဓါတ်စားသုံးမှုများတဲ့ ပြောင်းသီးနှံစိုက်ပြီးရင် ပဲပုပ်လိုမျိုး မြေကြီးထဲကို နိုက်ထရိုဂျင်ပြန်ထည့်ပေးနိုင်တဲ့သီးနှံတွေကို အလှည့်ကျစိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာ ကောင်းစေပြီး အထွက်နှုန်းလည်းကောင်းစေပါတယ်။

    ဒါ့အပြင် သီးလှည့်စိုက်ပျိုးခြင်းက ရောဂါ၊ ပိုးမွှားတွေကျရောက်တာလည်း ‌ကာကွယ်ပေးပါတယ်။ ဥပမာ ပြောင်းမှာကျရောက်တဲ့ မြစ်ထိုးပိုးဟာ ပဲပုပ်မှာမကျရောက်ပါဘူး။ ပဲပုပ်နဲ့ ပြောင်းသီးလှည့်စိုက်ခြင်းအားဖြင့် ပဲပုပ်ပင်ဟာ ပြောင်းမှာ ဆိုးဆိုးဝါးဝါးဖျက်ဆီးတဲ့ ပိုးမွှားတွေကို နှိမ်နှင်းပေးတယ်။ ဒါကြောင့် မိမိရဲ့စိုက်ခင်းတွေမှာ သီးလှည့်စိုက်ပျိုးခြင်းစနစ်ကို ကျင့်သုံးခြင်းဖြင့် အပင်များအတွက် အဓိကလိုအပ်သော နိုက်ထရိုဂျင်ကို ‌ဓါတုမြေဩဇာတွေ အများကြီးကျွေးစရာမလိုဘဲ မြေဆီလွှာကို ပြန်ဖြည့်ပေးနိုင်ရုံသာမက တချို့သော ပိုးမွှား၊ ရောဂါများကိုပါ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သီးလှည့်စိုက်ပျိုးခြင်းဟာ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေတယ်၊ ‌မြေဆီလွှာအကျိုးပြု အဏုဇီဝပိုးမွှားတွေကို အားကောင်းစေတယ်၊ အာဟာရဓါတ်ကို ထိန်းသိမ်းပေးတယ် ၊မြေဆီလွှာတိုက်စားတာကို လျော့ချပေးတယ်၊ ပေါင်းမြက်တွေကို နှိမ်နှင်းပေးတယ်၊ ရောဂါနှင့် ပိုးမွှားတွေကို ကာကွယ်ပေးတယ်၊၊

    ဒီနှစ် ဘယ်သီးနှံစိုက်ပြီးရင် နောက်နှစ်ဘယ်လိုသီးနှံစိုက်ရမယ်ဆိုတာက မြေအမျိုးအစား၊ ရာသီဥတု၊ တောင်သူရဲ့လိုအပ်ချက်နဲ့ တခြားအရင်းအမြစ်တွေပေါ်မှာ မူတည်ပါတယ်။

    သီးလှည့်စိုက်ပျိုးခြင်းစနစ်ကို အကျိုးရှိရှိလုပ်ဆောင်ဖို့ ဆောင်ရန်ရှောင်ရန်အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။ 

  • စိုက်ပျိုးမြေတစ်ခုပေါ်မှာ သီးနှံတစ်မျိုးတည်းကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်မစိုက်ပျိုးသင့်ပါဘူး။
  • နိုက်ထရိုဂျင်စားသုံးမှုများတဲ့ အသီးအနှံတွေ စိုက်ပြီးရင် လေထဲကနိုက်ထရိုဂျင်ကို မြေကြီးအတွက် ပြန်လည်စုပ်ယူပေးနိုင်တဲ့ ပဲမျိုးရင်းဝင်အပင်များ စိုက်သင့်ပါတယ်။
  • မြေဩဇာလိုအပ်ချက်များတဲ့သီးနှံစိုက်ပြီးရင် နောက်နှစ်မှာ အဲ့လို မြေဩဇာလိုအပ်ချက်များတဲ့ တခြားအပင်တွေစိုက်ပျိုးခြင်းကို ရှောင်ရှားသင့်ပါတယ်။
  • အမြစ်နက်နက်ထိဆင်းတဲ့ သီးနှံတွေစိုက်ပြီးရင် အမြစ်နက်နက်ထိမဆင်းတဲ့သီးနှံများ စိုက်ပျိုးသင့်ပါတယ် (ဥပမာ ကန်စွန်းဥ၊ မျောက်ဥ၊ ဝဥတွေစိုက်ပြီးရင် နောက်နှစ်မှာ ပြောင်းဖူးပင်များ စိုက်သင့်ပါတယ်။)
  • မျိုးရင်းတူတဲ့ သီးနှံတွေဟာ တချို့ရောဂါတွေ၊ ပိုးမွှားတွေကို ခံနိုင်ရည်မရှိတာခြင်း တူတာကြောင့် မျိုးရင်းတူသီးနှံတွေကို နှစ်စဉ်ဆက်တိုက် မစိုက်သင့်ပါဘူး။

နန်းစုစံ (စိုက်ပျိုးရေး)

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....