ပိုးသတ်ဆေးတွေသုံးတယ်လား?....ဒါဆိုရင် ဖတ်ပါ
ပိုးသတ်ဆေးဆိုတာက ဖျက်ပိုးတွေကို သေစေ ပြေးစေဖို့ ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ။ အဲ့ဒါကိုမှ လွဲမှားပြီးသုံးမိရင် ဒုက္ခရောက်နိုင်ပါတယ်နော်၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ ပြီးတော့ လူတွေကိုလည်း အဆိပ်သင့်စေနိုင်တာကြောင့်ပါပဲ။
အောက်မှာကတော့ ပိုးသတ်ဆေးကိုသုံးမယ်ဆိုရင် တွေးသင့်တဲ့အချက်လေးတွေကို ပြောပြပေးထားပါတယ်။
(၁) ဘာပိုးလဲ ဆိုတာကိုသေချာပါစေ။ အင်းဆက်ပိုးကျတာလား၊ ရောဂါဖြစ်တာလား၊ ပေါင်းသတ်ဆေးသုံးမှာလား၊ ဒါမှ ဘာဆေးကို သုံးရမလဲ ဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
(၂) အင်းဆက်ဖျက်ပိုးမဟုတ်ပဲ ပျပိုးလောက် ပင့်ကူလောက်ဆိုရင် အပင်ကို ရေများများလောင်းဆေးလိုက်တာမျိုးနဲ့တင် အဆင်ပြေပါတယ်။ ဆိုလိုတာကတော့ ဆေးသုံးဖို့ကို ရှေ့တန်းမတင်ပဲ တစ်ခြား ဓာတုတွေမသုံးရတဲ့ နည်းလမ်းတွေကို အရင်ရှာပါ။
(၃) ဆေးတွေသွားဝယ်ရင် မေးခွန်းတွေများများမေးပါ။ သုံးနည်းစွဲနည်းတွေ ဘာပိုးတွေသေစေတာလဲဆိုတာမျိုးတွေ ဆေးအကြောင်း အကုန်ကို သိသွားအောင်လို့ မေးပြီးတော့မှသုံးပါ။
(၄) ဆေးအကြောင်းတွေ မေးပြီးရင်တော့ ပတ်ဝန်းကျင်ကို အဆိပ်ပြင်းတာတွေကို ငြင်းပါ။ အနည်းဆုံး တစ်ခုကိုပဲ ရွေးလိုက်ပါ။
(၅) ဆေးတွေကို မရောစပ်ခင်မှာ အညွှန်းတွေကို သေချာလေး ဖတ်ပါ။ ဆေးတွေကို သူငယ်ချင်းပြောလို့ ဆိုင်ကပြောလို့ဆိုပြီး ရောစပ်တာမျိုး မလုပ်ရပါဘူး။
(၆) ဆေးရောစပ်နေတဲ့အချိန်မှာ အကာအကွယ်ပစ္စည်းတွေကိုသုံးပါ။ လက်အိတ် စွပ်တာ၊ နှာခေါင်းစည်း သုံးတာမျိုး တွေကို မမေ့ပါနဲ့။ မျက်စိကိုမထိအောင် သတိထားပါ။
(၇) လေကောင်းကောင်းရတဲ့နေရာ လေတိုက်တဲ့နေရာမှာပဲ ဆေးကို ဖျော်ပါ။ ရေေရာပါ။ တစ်ချို့ ပိုးသတ်ဆေးတွေက အနံ့တော်တော်ပြင်းပါတယ်။ အနံ့နဲ့တင် ခေါင်းနောက် ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။
(၈) ပိုးသတ်ဆေးဖျန်းတဲ့နေရာမှာသုံးတဲ့ ခွက်တွေ ပလုံးတွေကို တစ်ခြားနေရာမှာ မသုံးပါနဲ့။ ပိုးသတ်ဆေး ရောတဲ့ခွက်ကို ရေဆေးပြီး ခြေထောက်ဆေးတာမျိုးတောင် မလုပ်မိအောင် သတိထားပေးပါ။
(၉) အဲ့ခွက်တွေကို ရေဆေးမယ်ဆိုရင်လည်း မြေကြီးပေါ်လောင်းဆေးတာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ အဝေးကြီးကိုစီးနိုင်တဲ့ ချောင်းတွေ မြောင်းတွေထဲ ဆေးပစ်တာမျိုးမလုပ်ပါနဲ့။
(၁၀) ဆေးဖျန်းတဲ့အချိန်မှာ ကာကွယ်ရေးပစ္စည်းတွေ ဝတ်ဆင်ပါ။ လူကို မထိလေကောင်းလေပါပဲ။ တကယ်တမ်း ဆိုရင်တော့ မိုးကာဝတ်စုံလိုမျိုး ဝတ်စုံအပြည့်ဝတ်ပြီး လည်ရှည်ဖိနပ်စီးပြီးတော့ ဖျန်းရမှာပါ။ စွပ်ကျယ်လောက်ပဲ ဝတ်ပြီးတော့တောင် မဖျန်းသင့်ပါဘူး။ လက်အိတ်စွပ်ပါ။ နှာခေါင်းစည်း တပ်ပါ။ ဆေးဖျန်းတုန်း ဝတ်ထားတဲ့ ဝတ်စုံတွေကို သီးခြားစီလျှော်ပါ။ ပြီးတော့ နေရောင်ပြင်းပြင်းမှာ ခြောက်အောင် လှန်းပါ။
(၁၁) လေတိုက်တာ အနည်းဆုံးဖြစ်တဲ့အချိန်၊ လေငြိမ်တဲ့အချိန်မှာ ဆေးကိုဖျန်းပါ။ အညွှန်းအတိုင်းကို မနက်စောစောဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် ဖျန်းပေးဖို့ သုံးပေးဖို့ လိုပါတယ်။
(၁၂) အရမ်းပူနေတဲ့အချိန်မှာ ဆေးမဖျန်းပါနဲ့။ အပင်တွေကို လောင်နိုင်တာကြောင့်ဖြစ်ပါတယ်။
(၁၃) တစ်ခြား ပိုးသတ်ဆေးကြောင့် သေစေနိုင်တဲ့အကောင်လေးတွေကို သတိရပေးပါ။ ပျားတွေလို ဝတ်မှုန်ကူးပေးနိုင်တဲ့အကောင်တွေနဲ့ တစ်ခြား လူတွေကိုအကျိုးပြုတဲ့ အကောင်လေးတွေ မသေအာင် သတိထားပေးပါ။
(၁၄) ပိုးသတ်ဆေးတွေသုံးပြီးရင် ဘယ်အချိန်မှာ ကွင်းထဲကို ပြန်ဝင်လို့ရမယ်ဆိုတဲ့အချက်ကို အတိအကျလိုက်နာပေးပါ။ ဘေးကင်းဖို့အတွက် ဂရုစိုက်ပါ။
(၁၅) ဆေးဖျန်းတဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေကို အပြင်ဖက်မှာပဲ သေချာဆေးကြော သန့်စင်ပါ။ မြစ်၊ ချောင်း၊ အင်းအိုင်တွေမှာ မဆေးပါနဲ့။
(၁၆) ဆေးဘူးတွေကို ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားပါ။
(၁၇) သိုလှောင်ထားချင်တယ်ဆိုရင် ခြောက်သွေ့တဲ့ နေရာ၊ လေဝင်လေထွက် ကောင်းတဲ့နေရာ၊ အေးမြတဲ့နေရာမှာ သော့ခတ်ပြီးတော့ သိမ်းထားပေးပါ။
(၁၈) ဆေးတွေ ပစ်မယ်ဆိုရင် အကုန်လုံးသုံးပြီးတော့မှ ပစ်ပါ။ မြစ်ချောင်း အင်းအိုင်တွေထဲကို မချမိအောင် သတိထားပေးပါ။
ကဲ ပြောခဲ့တာတွေကတော့ ပိုးသတ်ဆေးကို သုံးမယ်ဆိုရင် ဘာတွေသတိထားပေးရမလဲဆိုတာကို သတိချပ်မိနိုင်အောင်ပြောပြပေးတာပါ။ ကဲ နောက်တစ်ပိုင်းမှာ ပိုးသတ်ဆေး တစ်ထုပ်ဝယ်လာတယ်ဆိုရင် ဘာတွေကို သေချာလေ့လာရမလဲ ဆိုတာကို ပြောပြပေးမှာပါ။
ထွန်းဝင်းကျော်
Continue reading related topics, questions and articles.
Topic 1
ပိုးသတ်ဆေးများ၏ အန္တရာယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026