ပိုးလား ရောဂါလား ဘယ်လိုခွဲခြားမလဲ
ကျွန်မတို့တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းတွေမှာ သီးနှံတွေကိုဖျက်ဆီးတဲ့ အကြီးမားဆုံးရန်သူတွေကတော့ ဖျက်ပိုးတွေနဲ့ အပင်ရောဂါတွေပဲဖြစ်ပါတယ်။ တောင်သူဦးကြီးတို့အနေနဲ့ စိုက်ခင်းမှာ ပိုးမွှားရောဂါကင်းစင်းပြီး အထွက်နှုန်းကောင်းမွန်ရန်အတွက် သီးနှံစစိုက်ချိန်မှစ၍ ပိုးမွှာရောဂါဖျက်ဆီးမှုလက္ခဏာများကို စောင့်ကြည့်လေ့လာရန် လိုအပ်ပါတယ်။ ပိုးကျတာလား၊ ရောဂါကျတာလား ခွဲခြားသိရန်လည်း လိုအပ်ပါတယ်။ တောင်သူဦးကြီးများအနေဖြင့် ပိုးဖျက်ဆီးသော လက္ခဏာ၊ ရောဂါကြောင့်ဖြစ်သောလက္ခဏာများကို သေချာခွဲခြားသိမှသာ အနာနဲ့ဆေးတည့်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပိုးကျသောအခင်းကို အပင်ရောဂါကာကွယ်ဆေးများ အသုံးပြုပါက ထိရောက်မှုမရှိပဲ ကုန်ကျစရိတ်သာ တက်လာမှာဖြစ်ပါတယ်။
ပိုးမွှား
ပိုးမွှားဆိုရာမှာ ဖျက်ပိုးနှင့် မိတ်ဆွေပိုးဟူ၍ (၂) မျိုးရှိပါတယ်။ ပိုး ၂ မျိုးရှိရာမှ မိတ်ဆွေးပိုးမှာ သီးနှံများကိုဖျက်ဆီးသော ဖျက်ပိုးများကို ကောက်ယူစားသောက် ကပ်ပါးပြုနေထိုင်တတ်သော ပုဇဉ်း၊ ပင့်ကူ၊ လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုး စသည့် သားရဲကောင်များဖြစ်ပါတယ်။ သဘာဝမှာ မိတ်ဆွေပိုးနှင့် ဖျက်ပိုးသည် မျှခြေအနေအထားတွင်ရှိပြီး အစာကွင်းဆက်လည်ပတ်နေသောကြောင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက ပိုးသတ်ဆေး၊ ရောဂါကာကွယ်နှိမ်နှင်းဆေးများ အသုံးမပြုဘဲ အထွက်နှုန်းမြင့်မားခဲ့ကြပါတယ်။ ယခုအခါ ပိုးတွေ့တာနှင့် ဓာတုပိုးသတ်ဆေးများ အလွန်အကျွံအသုံးပြုခြင်းကြောင့် ဖျက်ပိုးများနှင့်အတူ မိတ်ဆွေပိုးများပါ သေဆုံးကြရပါတယ်။ ထို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲလာရပြီး ဖျက်ပိုးပေါက်ပွားမှုလည်း ပိုမိုများပြားလာပါတယ်။ ဖျက်ပိုးမျိုးစိတ်များကို နီမတုတ်၊ ခရု၊ ပက်ကျိ၊ အင်းဆက်နှင့် မွှား၊ ကြွက်ဟူ၍ ခွဲခြားနိုင်ပါတယ်။ စိုက်ပျိုးရေးတွင် အများဆုံးဖျက်ဆီးသောအုပ်စုများမှာ အင်းဆက်နှင့် မွှားမျိုးစိတ်များဖြစ်ပါတယ်။ ပိုးနှင့် ရောဂါ၏ အဓိကကွာခြားချက်တစ်ခုမှာ ပိုးမွှားများသည် လိင်ရှိအားဖြင့် မျိုးပွားကြသည်။ ၎င်းတို့၏ ဥမြုံ၊ သားလောင်း၊ ပိုးချေးများကို စိုက်ခင်းထဲတွင် အလွယ်တကူတွေ့ရှိနိုင်သောကြောင့် ပိုးကျရောက်မှုကို အလွယ်တကူသိရှိနိုင်ပါတယ်။ ဖျက်ပိုးမျာသည် အပင်များမှ ပင်ရည်များ၊ အစာများကို စုပ်ယူခြင်း၊ ကိုက်ဖြတ်စားသောက်ခြင်းဖြင့် အပင်များကို ဖျက်ဆီးပါတယ်။
စိုက်ခင်းတွင် ပိုးကျရောက်ပါက
- အပင်ညှိုးခြင်း၊
- အရွက်ပင်စည်များပေါ်တွင် ကိုက်ရာ ခြစ်ရာများတွေ့ရခြင်း
- အရွက်များပေါ်တွင် အဝါရောင်၊ အညိုရောင်၊ အနက်ရောင်အစွန်းများတွေ့ရခြင်း
- အရွက်ကြွေခြင်း
- အရွက်ခြောက်ခြင်း
- အရွက်ပြတ်ခြင်း၊ တွန့်ခေါက်ခြင်း
- အနှံပြတ်ခြင်း စသည့်လက္ခဏာများကို တွေ့ရမှာဖြစ်ပါတယ်။

ရောဂါများ
အပင်ရောဂါများမှာ မှို၊ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် စသော သက်ရှိများကြောင့်ဖြစ်သကဲ့သို့ ရာသီဉတု၊ ပိုးသတ်ဆေးများကြောင့် ဓာတုအဆိပ်သင့်ခြင်း၊ အာဟာရမလုံလောက်ခြင်း၊ အပင်ရောဂါဖြစ်စေသော မော်လီကျူးများကြောင့်လည်း အပင်ရောဂါများဖြစ်စေပါတယ်။ အပင်ရောဂါများမှာ အပင်အာဟာရချို့တဲ့မှုလက္ခဏာများနှင့် ဆင်တူတတ်ပြီး ပိုးကျသကဲ့သို့ ကိုက်ဖြတ်ရာများမတွေ့ရသဖြင့် သတိပြုမိရန်ခက်ခဲပြီး ကာကွယ်ရန်ပိုခက်ခဲပါတယ်။
အပင်ရောဂါကျရောက်လျှင်
- နေရာကွက်၍ ပုံသဏ္ဍန်မမှန် တွန့်လိမ်ခြင်း
- အပင်များ တောင့်တင်းခိုင်မာမှုမရှိဘဲ ယိုင်လဲခြင်း
- ဆဲလ်သေကွက်များဖြစ်ပေါ်ခြင်း
- အကိုင်းအခက်များ ပုံပျက်ပန်းပျက်ဖြစ်ခြင်း
- အရွက်များ၊ အသီးများပေါ်တွင် အစွန်းများဖြစ်ခြင်း
- အရွက်များ အရောင်မညီညာခြင်း
- အပင်တစ်ရှူးများသေခြင်း
- အရွက်များပေါ်တွင် အစက်အပြောက်များဖြစ်ပေါ်ခြင်း
- ရွက်ဖုံးပုပ်ခြင်း
- အပွင့်၊ အရွက် တည်ဆောက်မှုပုံစံပြောင်းလဲခြင်း စသည့်လက္ခဏာများကို တွေ့ရမှာဖြစ်ပါတယ်။

တောင်သူဦးကြီးများအနေဖြင့် ဖျက်ပိုးနှင့် အပင်ရောဂါလက္ခဏာများကို ခွဲခြားလေ့လာပြီး မိမိတို့ သီးနှံများကို ပိုးမွှားရောဂါများမှ အချိန်မီကာကွယ်၍ အထွက်တိုးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။
Reference
https://www.lorecentral.org/2018/01/difference-between-pests-and-diseases-in-plants.html#:~:text=One%20of%20the%20main%20differences%20between%20pests%20and,%28insects%20and%20mites%29%20and%20rodents%20%28rats%2C%20mice%2C%20etc.%29.
https://www.go-forth.com/blog/post/difference-between-pests-and-diseases-in-garden-plants
အေးပွင့်ဖြူ
4 years agoဖျက်ပိုးအမျိုးအစားကိုလိုက်ပြီး ကာကွယ်တဲ့နည်းလမ်းတွေမတူပါဘူးရှင့် စိုက်ခင်းမှာက ဘာဖျက်ပိုးတွေကျလဲဆိုတာပြောပြပေးပါရှင့်
သက်ချိုဦး
4 years agoဖျက်ပိုးကျပါကဘယ်လိုပြုပြင်ရပါမလဲ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from အေးပွင့်ဖြူ
See all
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
07/12/2021
စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
06/11/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021