Green Way
ရမည်းသင်းဒေသရှိ စပျစ်ခြံတောင်သူများရဲ့ လိုအပ်ချက်များ

ရမည်းသင်းဒေသရှိ စပျစ်ခြံတောင်သူများရဲ့ လိုအပ်ချက်များ

ပြီးခဲ့တဲ့ တစ်ပတ်ကရမည်းသင်းဒေသ၊ ရတန်း၊ အလည်ကုန်း၊ ရွှေဒါးအစရှိတဲ့ ရွာများမှ စပျစ်ခြံများမှ ခြံရှင်တောင်သူများကို လှည့်လည်ကြည့်ရှုဖြစ်ခဲ့ပါတယ်။

တွေ့ရှိရတဲ့ ပကတိအခြေအနေတွေထဲကမှ စပျစ်တောင်သူများ သတိပြုစရာ၊ ဆင်ခြင်စရာ၊ နမူနာယူစရာ၊ အချက်အလက်များကို ကောက်နုတ်ဖော်ပြလိုပါတယ်။

တွေ့ရှိရတဲ့ တောင်သူ့အခက်အခဲများ

  • မြေအောက်ရေ ရရှိမှုခက်ခဲလာခြင်း (တဖြည်းဖြည်း နှစ်ကြာလာသည်နှင့် ရေရှိမှု ပြဿနာကြီးထွားလာနိုင်ပါတယ်)
  • သွင်းအားစု အခက်အခဲများ (မြေသြဇာ/ပိုး/မှို/ပေါင်း/လုပ်သား/စက်သုံးဆီ/..စရိတ်ကြီးမားလာခြင်း)
  • ရာသီဥတု ပြောင်းလဲလာသည်နှင့်လိုက်လျောညီထွေသောနည်းစနစ်များ ပြောင်းလဲလုပ်ဆောင်နိုင်မှုမရှိခြင်း ဥပမာ။  ။ ရုတ်တရက်ရေကြီးနစ်မြုပ်ပါက ခံနိုင်ရည်ရှိစေရန်ဘောင်တင်စနစ် ပြောင်းလဲခြင်း
  • ရေလုံလောက်မှုမရှိပါက၊ ရေချွေတာသုံးစွဲနည်းစနစ်(Drip irrigation  system)မပြောင်းလဲနိုင်ခြင်း
  • စပျစ်ပင်အာဟာရနှင့်အစာကျွေးနည်း နည်းပညာများလိုအပ်ခြင်း

အထက်ဖော်ပြပါ အခက်အခဲများကို ပူးပေါင်းအကောင်အထည်ဖော်နိုင်မည့် အစိုးရမဟုတ်ငသာ အဖွဲ့အစည်းများရှိပါက စပျစ်တောင်သူများအတွက် အသက်ရှူချောင်မည်ဟု ထင်မိပါတယ်။

လက်ရှိ စပျစ်ခြံ အခြေအနေ

စပျစ် ကိုင်းဖြတ်ခြင်း လုပ်ငန်းကို အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းမှ နိုဝင်ဘာလ၂၀ အတွင်း ကိုင်းဖြတ်လေ့ရှိပါတယ်။

ကိုင်းဖြတ် ဆေးတို့ပြီး ၁၅ရက် အတွင်း မျက်စေ့ဖူးလေးထွက်ကာ ကတော့ထိုးလေ့ရှိပါတယ်။

အဆိုပါ မျက်စေ့ဖူးလေးတွေကို မိုးကြီးမိခြင်း၊ မိုးရွာရက်ရှည်ခြင်းနှင့်ကြုံပါက အဖူးကန်းခြင်း၊ ရောဂါများခြင်းကြောင့် မိုးကို တတ်နိုင်သမျှရှောင်ကြရပါတယ်။

အကယ်၍ မျက်စိ အထွက်နှေးခဲ့လျှင် အညွန့်ထွက်လာသော်လည်း အဖူးပါမလာခြင်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဂျစ်ဘရယ်လစ် အပြား/အတောင့်များ၊ ဒိုင်နာအားဆေးများနဲ့  ဆွဲထုတ်လေ့ရှိပါတယ်။

စပျစ်ဖူးထောင်အချိန် မိုးမိသည့်ခြံများမှာ ရိုးညိုရောဂါ(ဖိုင်တော့သရာ)၊ ရွက်မှို(ဒေါင်းနီး၊ ဖားဥ)ဝင်တဲ့အတွက် မှိုသတ်ဆေးများကို ၂-၃ ရက်ခြားဖျန်းကြရပါတယ်။

အညွန့်ကိုင်း ၅ ဆစ်ကျော်လို့မှ အဖူးမမြင်ရသေးသောခြံများမှာ သီးကိုင်းပြန်ဖြတ်ရမလား ဆေးအားနဲ့ ဆွဲထုတ်ရမလားဆိုပြီဂ ဦးနှောက်စားရပါတယ်။

စပျစ်ဖူးခိုင်အကျ၊ လွယ်ကူလှပစေခြင်းကို လွှမ်းမိုးသည့်အချက်များ

  • စပျစ်ကိုင်းဖြတ်ခြင်းသည် လူသားဘဝ အိမ်ထောင်ပြုတာနဲ့တူပါတယ်။
  • မျက်စိဖူးထွက်မည့်နေရာကို ဆေးတို့ခြင်း(Hydrogen cyanamide)သည် ခွဲခန်းဝင်သည်နှင့်တူပါတယ်။
  • ဖြတ်ထားသော သီးကိုင်းမှ မျက်စိဖူးလေးတွေ ထွက်လာခြင်းသည် ကလေးလေးမွေးဖွားလာခြင်းနဲ့တူပါတယ်။
  • အင်္ဂါစုံပြီး ပေါင်ချိန်ပြည့်သော ကလေးမွေးဖွားနိုင်ဖို့သည် မိခင်လောင်းကိုယ်တိုင်က အစားအသောက်မှန်ကန်ခြင်း၊ အာဟာရဓာတ်ပြည့်ဝသောအစာဖြစ်ခြင်း၊ အနေအထိုင်မှန်ကန်ခြင်း၊ ပြုစုစောင့်ရှောင့်မှုကောင်းမွန်ခြင်း စတဲ့အချက်တွေကို ကြိုတင်ဆောင်ရွက်ခဲ့မှသာ ရည်မှန်းချက်ကို အောင်မြင်နိုင်ပါမယ်။

ထိုနည်းတူစွာ....

စပျစ်ခြံများအခိုင် လှပသေချာစေဖို့ အောက်ပါအချက်များကို ကြိုတင်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

စပျစ် ကိုင်းမွေးကာလအတွင်း သဘာဝမြေသြဇာ၊ ဂျစ်ဆန်၊ ပိုတက်စီယံဟူးမစ် အပါအဝင် NPKလုံလောက်မျှတစွာ ကျွေးခြင်း၊ ရေသွင်းစနစ်မှန်ကန်လုံလောက်ခြင်း။

သီးကိုင်း အသီးယူဖို့ ဖြတ်ရမည့်ကိုင်း သက်တမ်းသည် အနည်းဆုံး( ၆လ) ရှိရပါမယ်။ ၄-၅လ ဆိုပါက ဖူးခိုင်ပါဖို့ဝေးနိုင်ပါတယ်။ သို့မဟုတ်ဆေးအားများများသုံးပြီးဆွဲထုတ်ရပါတယ်။

မိမိယူမည့် မျက်စိဖူးကိုင်းနှင့် မလိုအပ်သော ကိုင်းတက်များ (မျက်ချေးတက်ဖဲ့ခြင်း) ဖယ်ရှားခြင်းကို အချိန်နဲ့တပြေးညီလုပ်ဆောင်ရပါမယ်။

(မျက်ချေးတက်များက အစာလုစားခြင်း၊ လေဝင်ထွက်နည်းခြင်း၊ ပိုးမွှားရောဂါများစေခြင်းတို့ကြောင့် စောစောစီးစီး သန့်ရှင်းထားရပါမယ်)

ဖော်ပြပါ အချက်များကို အဓိက ဇောင်းပေးပြီး ကြိုတင်လုပ်ဆောင်ခဲ့ပါက စပျစ်ပင်မှ လှပ သေသပ်သော စပျစ်ခိုင်၊ အောင်မြင်ပြည့်ဝသော စပျစ်သီးခိုင်များကို သဘာဝကျကျ အားမစိုက်ရဘဲ လွယ်ကူပိုင်နိုင်စွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း ကောက်နုတ်ဖော်ပြအပ်ပါတယ်။

နောက်တပတ် အလျဥ်းသင့်ပါက စပျစ်တွင် ကျရောက်သော ပိုးမွှား၊ ရောဂါများနဲ့ ကာကွယ်နှိမ်နင်းနည်းများ အကြောင်းတင်ပြပါဦးမယ်။

စေတနာ များစွာဖြင့်.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
Aung Aung

Aung Aung

2 months ago

ဟုတ်ကဲ့ဆရာ မသိတာလေး မေးချင်လို့ပါ ကျွန်တော်က ရမည်းသင်း-ရွာတန်းကပါ ကျွန်တော့်စပျစ်ခြံက ချွန်းကူးထားတာပါ အခုအပင်တွေက စင်ပေါ်ရောက်ပါပြီ လက်ရှိ ၁၀ပင်လောက်က ထိပ်ဖျားကအရွက်တွေက အရိုးတံလောက်ပဲကျန် အညွန့်တွေလည်း ခြောက်သလိုဖြစ်နေပါတယ် လက်ရှိတော့ ၃ရက်ခြားလောက် MCမှင်စက်ဆေးရယ် တဖြုတ်ဖြုတ်ရယ် Acephateပိုးသတ်ဆေးရယ် အဆင်သင့်သလိုဖျန်းပါတယ် နားမလည်တာက မှို ပိုး ပေါင်း ဂရုစိုက်မှုလေးသိချင်တာပါ ဘယ်လိုကြိုတင်စစ်ဆေးရမယ် ပိုးဘယ်လိုလာတတ်တယ် ဘယ်ဆေးတွေဖျန်းရမလဲ လက်ရှိအဆင့်အတွက် ရှေ့ဆက်လုပ်ဆောင်ရမယ့် planလေး ချပေးလို့ရလားဆရာ

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....