ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်နိုင်တဲ့ ကြက်သွန်ဖြူဥ အရည်အသွေးများ
ကြက်သွန်ဖြူစိုက်ပျိုးရေးသည် အပူချိန်ပြောင်းလဲမှုသို့ တုံ့ပြန်မှုရှိပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည်လည်း အပူချိန်အပေါ် မခန့်မှန်းနိုင်သော ပြောင်းလဲမှုဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကြက်သွန်ဖြူတစ်ပေါင် ထုတ်လုပ်မှုတွင် ဖန်လုံအိမ်ဓါတ်ငွေ့ (၀.၁၈) ကီလို သို့မဟုတ် (၀.၄ ပေါင်) ထွက်ရှိပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုသည် ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းကြောင်းကို အချို့သုတေသနစာတမ်းများက ဖော်ပြထားပါသည်။ ထို့ပြင်နှံစားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု (ပြောင်းသီးနှံ) တွင် ကြက်သွန်ဖြူကို သီးလှည့်သီးနှံအဖြစ် ထည့်သွင်းစိုက်ပျိုးပေးခြင်းအားဖြင့် နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ထွက်ပေါ်မှုကို (၄၁.၄%) လျော့နည်းပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေကြောင်းကိုလည်း ဒန်လူနှင့် အပေါင်းပါသုတေသနပညာရှင်များ (Dan Liu, et al. 2023) က ဖော်ထုတ်ပြသခဲ့ပြီးဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် သမားရိုးကျ ကြက်သွန်ဖြူစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းခြင်းအပေါ် သက်ရောက်မှုရှိပြီး စိုက်ချိန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အပူချိန်နှင့် မိုးရေချိန်ပြောင်းလဲမှုပုံစံများသည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုအပေါ်များစွာ သက်ရောက်မှုရှိသည်။ ပူနွေးသော အပူချိန်သည် ကြက်သွန်ဖြူဥ ဖြစ်ပေါ်ခြင်းကို သက်ရောက်လျက် အနံ့အရသာနည်းပြီး ဥသေးဖြစ်ပေါ်မှုပေါ် လွှမ်းမိုးလျက်ရှိသည်။ တဖန် ပုံမမှန်အအေးဖြစ်ပေါ်မှုကလည်း ကြက်သွန်ဖြူဥ ကြီးထွားသည့်ပုံစံအပေါ်တွင် သက်ရောက်လျက် ရှိသည်။ ချန်ရမ်လီနှင့် အပေါင်းပါသုတေသနပညာရှင်များ (Chenyang Li, et al. 2021) က အယ်နီညိုနှင့် လာနီညာဖြစ်ပေါ်မှုသည် ကြက်သွန်ဖြူအထွက်နှုန်းကို သိသိသာသာလျော့နည်းကြောင်း သုတေသနပြု လေ့လာတွေ့ရှိထားပါသည်။
ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် အစိုဓာတ်လုံလောက်စွာရရှိမှုပေါ်မူတည်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ခြောက်သွေ့ခြင်းသည် သီးနှံအပေါ် သိသာသောထိခိုက်မှုကို ဖြစ်ပေါ်စေသည်။ အစိုဓာတ်လျော့နည်းမှုသည် ဥဖြစ်ပေါ်ခြင်းကို ကန့်သတ်ပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အစက်ချ ရေသွင်းစိုက်ပျိုးခြင်းကဲ့သို့သော ထိရောက်သော ရေစီမံခန့်ခွဲမှုသည် ရာသီဥတုကြောင့် ရေရှားပါးမှု ပြဿနာမှ ကာကွယ်တားဆီးပေးနိုင်ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ပိုးမွှားရောဂါကျရောက် ပြန့်နှံ့မှုကို ဖြစ်ပေါ်စေပြီး ကြက်သွန်ဖြူ အထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ အပူချိန်ပူနွေးလာမှုက အချို့ပိုးမွှားများကို ပို၍ပွားများစေပြီး စိုထိုင်းဆမြင့်တက်မှုက ရောဂါဖြစ်ပေါ်မှုကို ပို၍ဆိုးရွားစေသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပိုးမွှားရောဂါဖြစ်ပေါ်မှုကို ကာကွယ်တားဆီးရန် ကြိုတင်ကာကွယ်သည့် စီမံမှုများကို လုပ်ကိုင်ဆောင်ရွက် ပေးရမည် ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေချိန်ပုံစံပြောင်းလဲခြင်း၊ အလွန်အမင်း အပူချိန်မြင့်တက်ခြင်းသည် မြေသားတည်ဆောက်ပုံ၊ အပင်အာဟာရဓာတ်အပေါ် သက်ရောက်လျက်ရှိပြီး မြေဆီဩဇာကို ထိခိုက်စေသည်။ မြေဆီဩဇာထက်သန်မှုသည် ကြက်သွန်ဖြူအထွက်နှုန်းကောင်းမွန်ရန်အတွက် မရှိမဖြစ် လိုအပ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မြေသားပုံစံပြောင်းလဲမှုသည် အပင်အာဟာရစုပ်ယူမှုကို ထိခိုက်စေပြီး အထွက်နှုန်းနှင့် အရည်အသွေးကို ကျဆင်းစေသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်း၊ ဟာရီကိန်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့သည် သီးနှံ၏ ဥဖြစ်ပေါ်မှုအပေါ်သက်ရောက်ပြီး အထွက်နှုန်းလျော့နည်းခြင်းအားဖြင့် ဆိုးရွားစွာထိခိုက်မှုကို ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့ မကြာခဏနှင့် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်ပါက ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုကို ကန့်သတ်စေနိုင်ပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့်
- ကြက်သွန်ဖြူဥ၏ အနံ့အရသာနှင့် အရည်အသွေးပေါ်လွှမ်းမိုးမှုရှိသည်။ ဥပမာ-ကြက်သွန်ဖြူဥဖြစ်ပေါ်စဥ်ကာလ အပူလှိုင်းကျရောက်မှုများကြောင့် အနံ့စူးရှမှုကို လျော့နည်းစေပြီး အာဟာရဓာတ်ပြောင်းလဲမှုဖြစ်ပေါ်ကာ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများကို လျော့နည်းသွားစေသည်။
- ကြက်သွန်ဖြူစိုက်တောင်သူများသည် သမရိုးကျ ကြက်သွန်ဖြူစိုက်ပျိုးနည်းစနစ်မှ ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင်စိုက်ပျိုးမှုအတွက် စိန်ခေါ်မှုများစွာ တွေ့ကြုံရမည်ဖြစ်သည်။ ၎င်းအထဲမှာမှ စိုက်ချိန်ညှိနိုင်းခြင်း၊ ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသော မျိုးများရွေးချယ်စိုက်ပျိုးခြင်း၊ ထိရောက်သောရေသွင်းစိုက်ပျိုး နည်းစနစ်များအသုံးပြုခြင်းတို့သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍ အနေဖြင့်တည်ရှိနေပါသည်။
- ကြက်သွန်ဖြူစိုက်ပျိုးမှုအတွက် သင့်လျော်သော စိုက်ပျိုးမြေနေရာ ဒေသပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည်။ အရင်က ကြက်သွန်ဖြူစိုက်ပျိုးရန်သင့်တော်သော မြေဧရိယာသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကြက်သွန်ဖြူဆက်လက်စိုက်ပျိုးရန်မသင့်လျော်သော မြေအနေအထားသို့ ပြောင်းလဲသွားပြီး ကြက်သွန်ဖြူအစား အခြားသင့်လျော်သော သီးနှံတစ်ခုခုပြောင်းစိုက်ပြီး ကြက်သွန်ဖြူ အတွက် စိုက်ပျိုးရန်သင့်လျော်သော မြေနေရာအသစ်များကို ရှာဖွေဖော်ထုတ်လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်လာပါသည်။
အချုပ်အားဖြင့် ဆိုရသော် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အပူချိန်ပြောင်းလဲခြင်း၊ အစိုဓာတ်ရရှိနိုင်မှု၊ ပိုးမွှားရောဂါကျရောက်ပြန့်ပွားမှုနှင့် စိုက်ပျိုးရေးဂေဟဗေဒစနစ်တခုလုံးကို လွှမ်းမိုး လျက်ရှိပြီး ကြက်သွန်ဖြူစိုက်ပျိုးမှုအပေါ်မှာ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။ ထိုပြောင်းလဲမှုအပေါ်မှာ လိုက်လျောညီထွေရှိပြီး စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ပြောင်းလဲလာသော ရာသီဥတုကို တုံ့ပြန်ခံနိုင်ရည်ရှိသော စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းရင်း (root causes) များကို လျော့နည်းသက်သာစေအောင် ကမ္ဘာလုံးဆိုင်ရာကြိုးစားအားထုတ်မှုများကို ပေါင်းစပ်၍ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာ အိဖြူဝင်း
See all
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
22/10/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....