တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ (အပိုင်း-၂) အချည်းနှီးမဖြစ်ဘဲ ထိရောက်မှန်ကန် ဆေးဖျန်းနည်းစနစ် ဖြစ်ဖို့..
မုတ်သုံမိုး စတင်ဝင်ရောက်လာသည်နှင့်အညီ တောင်သူလယ်သမားများလည်း လယ်ယာလုပ်ငန်းခွင် ဆင်းကာ မြေပြင်၊ ထယ်ထိုး၊ မျိုးချ၊ မနားရအောင် လုပ်ဆောင်နေရချိန်ဖြစ်ပါတယ်။
တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ ဆိုရင် လယ်တက်ချိန်(ထမင်းစားနားချိန်) နေ့လယ် ၁၂ နာရီ - ၁ နာရီ အချိန် ကြိုတင်ဖိတ်ကြားပြီး အချိန်လု လုပ်ကြရပါတယ်။
ထမင်းစားပြီးချိန် ပြုလုပ်ရတာကော၊ ငြီးငွေ့စရာ ပိုးတွေ၊ ဆေးတွေ အကြောင်း ပြောရတာကော ဆိုတော့ တောင်သူတွေ အိပ်ငိုက်တတ်ကြတာများပါတယ်။
အခု စာရေးသူ ရောက်ရှိနေတဲ့ နေရာကတော့ မကွေးတိုင်း အနောက်မြောက်ဖျားက နယ် လေးပါ။ နှမ်းနဲ့ မြေပဲ စိုက်တာများပါတယ်။ပိုးဆေး၊ ပေါင်းဆေးအကြောင်း ဟောပြောပွဲမစမီ ထုံးစံအတိုင်း "ဆေးဖျန်းနည်းစနစ်မှန်ကန် ရေး” အရင် ဆွေးနွေးပေးရပါတယ်။
"တဧက ကို ဆေးဖျန်းပုံး ဘယ်နှပုံးဖျန်းကြလဲ?"လို့ မေး တော့..................၂ ပုံးခွဲ..တဲ့။
ကဲ..ဗျာ..ဒါလောက်လေးဆိုရင်တော့ လွဲတော့လွဲနေပြီ..။ ဘယ်လိုပညာပေးရမလဲ။
- တမိနစ်ကို( ခြေလှမ်း-၄၀) ၆၀ ပေ, လမ်းလျှောက်ပါ။
- တငမ်း(လက်တရမ်း)ကို ၄ ပေအကျယ် ရမ်းပါ။
- ၂၄၀ စတုရန်းပေမှာ ဆေး+ ရေ ၅၀၀စီစီ ကုန်မယ်။
- တဧက(၄၃၅၆၀-စတုရန်း ပေ)မှာ ဆေး+ ရေ ၉၀လီတာ ကုန်မယ်။
- ၉၀ လီတာဆိုရင် ဂါလံ၂၀ နဲ့ ညီတယ်။
ဆေးတပုံး ၄-ဂါလံဆိုရင် … တဧကကို ဆေးဖျန်းပုံး ၅-ပုံး ဖျန်းရပါတယ်။

အဲဒီလို ရှင်းပြရင်လည်း ပိုပြီးငြီးငွေ့ မယ်၊ အိပ်ငိုက်မယ်..ဆိုတော့..
စာရေးသူ မြိုင်နယ်မှာ ဟောပြောပွဲ သွားစဥ်တုန်းက အတွေ့အကြုံလေးကို ပြန်ပြောဖြစ်တယ်။ သူတို့လည်း တဧကကို ဆေး ၂ ပုံးပဲ ဖျန်းပါသတဲ့။
စာရေးသူက, ဆေး၂ ပုံးတည်းနဲ့ တော့ တဧကကို မနှံ့စပ်နိုင်ဘူး..လို့ ပြောတော့..
"ရတယ်ဆရာ..ဒါပြီးရင်.. ဆေးသွားဖျန်းမှာ၊ဆရာ့ကို လက်တွေ့ ဖျန်းပြမယ်” ဆိုလို့
ဟောပြောပွဲပြီးတော့.. ဆေးဖျန်းတဲ့ဆီ လိုက်ကြည့်ပါတယ်။
ဆေး စထည့်ကတည်းက.. အဲ့မှာ စတွေ့တာပဲဗျာ..။. ကြည့်ပါဦး...။
ဆေးပုံးထဲကို ဆေးအရင်ထည့်သဗျ။ (အမှန်က, ရေတဝက်ခန့်အရင်ထည့်ရပါတယ်)
ပြီးတော့ ရေထည့်ပြီး..မွှေလည်း မမွှေဘူးဗျာ။
“ ဟ..ကိုယ့်လူ.. မွှေဦးလေ" လို့ ပြောတော့...............ရတယ်..ဆရာ..ဒီမှာကြည့်..ဆိုပြီး..
ဆေးပုံး ကျောပိုးလျက်နဲ့.............ဖင်နှစ်ခါ လှုပ်ရမ်းတယ်..ပြီး တော့.......နှစ်ချက်..ခုန်တယ်။( ဆေးနဲ့ ရေ.. သမ အောင်လို့..တဲ့)
စာရေးသူ ရယ်လည်း ရယ်ချင်။ ရယ်လည်း မရယ်ရက်..ဖြစ်ရပါတယ်။ ဖျန်းတော့လည်း ကြည့်ပါဦး။
ပိုက်တံရှည်နဲ့ ..ကရင်ဒုန်းယိမ်း.ကသလို ရမ်းဖျန်းပြပါတယ်။(၁၀- ပေ တခန်းစာ လောက်ကျယ်လိမ့်မယ်)
"ဟောသလို.. ဟောသလိုဖျန်းတာ ဆရာရယ်...တဧက..၂ ပုံး၊ ဘာကြာလိမ့်မတုန်း"..တဲ့။
ဒီအကြောင်းလေးကို ဟောပြောပွဲမှာ ပြောပြပြီး...
ဒီက တောင်သူမိတ်ဆွေများလည်း.. ဆေးဖျန်းရင် သိုင်းကသလို အမြန်ကြီးမဖျန်းကြပါနဲ့။
မြန်မာသံ သီချင်းအေးအေးလေး..ဆိုရင်း ဖြည်းဖြည်းချင်း..ဖျန်းပါလို့။
(သီချင်းမြန်ရင်၊လက်ကလည်း မြန်မှာကိုး)
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အတွေးနဲ့ ပြောတာတော့ ဟုတ်ပြီထင်နေတာ..
အနားက တောင်သူ အမကြီးတယောက်နဲ့ကျမှ ကျွတ်တော့တာပဲ။
"ဆရာ ပြောသလို..ဆိုရင်..မာမာအေးသီချင်းဆိုရင်းနဲ့ ဆေးဖျန်းရင် မကောင်းဘူးလား..ဆရာ.."တဲ့။
ဟာ.. ကောင်းတာပေါ့။ မာမာအေးလည်း မြန်မာသံပဲ။
“ဘယ်သီချင်းလဲ..အမကြီး"ဆိုပြပါဦးပေါ့..။ (မဆိုရဲ လောက်ဘူး..ထင်တာကိုး)
လက်ထဲကမိုက်ခရိုဖုန်းယူပြီး..ဟဲ တော့တာပဲ။
သံသရာ×××ဆွဲ..ဆန့်...လို့၊ ဘယ် လောက်ပင်×××ရှည်ရှည်×××
"တော်.. တော်ပါတော့ အမရယ်။ သံသရာဆွဲဆန့်ပြီး ဒီသီချင်းနဲ့သာ ဆေးဖျန်းရင် ဆေးဖိုးနဲ့ မွဲရချည်ရဲ့..” လို့ တားယူရတယ်။
အပျင်းလည်း ပြေ၊ဗဟုသုတလည်းရအောင် ပြောပြတာပါ။
အဓိက ပြောချင်တာက စနစ်တကျ အကျိုးရှိရှိ ဆေးဖျန်းတတ်စေဖို့ပါ။

ဆေးဖျန်းတဲ့ နေရာမှာ မဖြစ်မနေ လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။
၁- ဆေးအုပ်စု ရွေးချယ်မှု မှန်ကန်ရမယ်။
၂- ဆေးနှုန်းထား မှန်ကန်ရမယ်။
၃- ဆေးဖျန်းသင့်တဲ့အချိန်မှန်ကန်ရမယ်။
၄- ဆေးဖျန်းနည်းစနစ် မှန်ကန်ရမယ်။
အချက်တခုခု မှားယွင်းတာနဲ့၊ အကျိုးရှိထိရောက်မှုပမာဏ နည်းစေတာပါပဲ။
ပိုးသတ်ဆေးဖြစ်စေ၊ မှိုသတ်ဆေးဖြစ်စေ၊ ပေါင်းသတ်ဆေးဖြစ်စေ၊ ဆေးတွေ ဘယ် လောက် ကောင်းကောင်း၊ တန်ဖိုးဘယ်လောက်ကြီးကြီး ဖျန်းနည်းစနစ်မကျရင်..အချည်းအနှီး ဖြစ်ရပါတယ်။
သမရိုးကျ တောင်သူဘဝမှသည် စီးပွားဖြစ် တောင်သူလုပ်ငန်းရှင်အဖြစ်သို့ ချီတက်တဲ့ နေရာမှာ... ဘယ်လုပ်ငန်းမဆို စနစ်တကျ လုပ်ကိုင်ဖို့လိုပါတယ်။
သို့မှသာ.. တောင်သူများရဲ့အနာဂတ် လှပစေမှာဖြစ်ပြီး... ရေရှည်တည်တံ့သော မြန်မာ့လယ်ယာစိုက်ပျိုးရေးအတွက်၊ အုတ်တချပ်၊ သဲတပွင့် ဖြစ်စေခြင်းငှာ ရေးသားတင်ပြလိုက်ပါတယ်။
စေတနာများစွာဖြင့်..
ပျံလွှား(ပုလဲ)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Continue reading related topics, questions and articles.
Topic 1
ဆေးဖျန်းနည်း
ဒို့ဦးလေး
3 years agoအချက်၄ချက်ကို ပြန်ရှင်းပြပါဦးမယ် ဟောပြောပွဲမှာ တော့ ပြောလေ့ရှိပါတယ်။ အစိမ်းရောင်လမ်းမှာ ဆောင်းပါးအနေနဲ့ ပြန်ရှင်းလင်းရေးသားပါမယ်။ စောင့်ဖတ်ပြီး ပြန်ဆွေးနွေးမေးမြန်းနိုင်ပါတယ်ဗျ။ကျေးဇူးပါ။
ဒို့ဦးလေး
3 years agoအမဲနက် ဖျန်းရင်လည်း အပွင့်မကြွေပါ။ပွငွ့ထွေး၊ငမြောင်တောင်လည်းရှင်းပါတယ်။
Anonymous
3 years agoပဲစဥ်းငုံ ပွင့်ချိန်သီးချိန်မှာ မကြွေအောင်ဘာဆေးဖျန်းရမလည်းခင်ဗျ
ThetHtetNaing
4 years agoဆရာပြောတဲ့အချက်4ချက်ကိုတိတိကျကျရှင်းပြပေးနိုင်မလားခဗျ
ဒို့ဦးလေး
4 years agoအမှန်တကယ် လိုအပ်နေတဲ့ အခြေခံ အချက်ပါဘဲခင်ဗျ။ အချို့ဒေသတွေမှာတော့.. စုပေါင်းလယ်ယာစနစ် ထူထောင်ဖို့ ပြင်ပအဖွဲ့အစည်းတွေနဲ့ ညှိနိုင်းပုံဖော်နေတာ တွေ့ရပါတယ်။ ဧက ၁၀၀/၂၀၀ စသဖြင့် စတင်.ထူထောင်ပြီး ခေတ်မီ စိုက်ပျိုးနည်းစနစ်များ ကို တောင်သူနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရင်း စျေးကွက်နဲ့ပါ ချိတ်ဆက်နိုင်ရင်.. ခရီးတခုကိုရောက်နိုင်ပါတယ်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....