ပန်းဖြိုင်ဖြိုင်ပွင့်ချိန် ပိုးသတ်ဆေးဖျန်းခြင်းကြောင့် ဝတ်မှုန်ကန်းခြင်းအန္တရာယ်
သီးနှံပင်များမှာ ကြီးထွားမှု အဆင့် ၃ ဆင့်ရှိပါတယ်။
- ၁။ အပင်ကြီးထွားမှုအပိုင်း
- ၂။ မျိုးပွားအင်္ဂါကြီးထွားမှုအပိုင်းနဲ့
- ၃။ ရင့်မှည့်မှု အပိုင်းပဲဖြစ်ပါတယ်။
ဒီလိုမျိုးကြီးထွားမှု ၃ ပိုင်းမှာ မျိုးပွားအင်္ဂါဖွံ့ဖြိုးတဲ့အချိန်ဟာ အရေးကြီးဆုံး အနူးညံ့ဆုံး အသိမ်မွေ့ဆုံး အပိုင်းလို့ဆိုပါရစေ...။
ဘာကြောင့်လည်းဆိုတော့....အပွင့်မှ အသီး၊ အစေ့အဆံအောင်မြင်ဖို့ဆိုတာ ဝတ်မှုန်ကူးခြင်း(Polination)နဲ့ သန္ဓေအောင်ခြင်း (Fertilisation) အဆင့်ကို ကျော်ဖြတ်ရပါတယ်။
ဒီလိုကျော်ဖြတ်ရာမှာ သီးနှံအမျိုးအစားလိုက်ပြီး အဖိုဝတ်မှုန်နဲ့ အမဝတ်မှုန်ခံပေါ် ကျရောက်ဖို့ရာ ပျား၊ ပိတုန်း၊ လိပ်ပြာနဲ့ လေ အကူအညီ ရယူကြရပါတယ်။
ဒီနေရာမှာ စာလေးမှာစိုးတာရယ် လိုရင်းအဓိပ္ပာယ် မရောက်မှာစိုးတာရယ်ကြောင့် ပင်တည်းဝတ်မှုန်ကူးခြင်း၊ ပင်ခြားဝတ်မှုန်ကူးခြင်းနဲ့ ပန်းပွင့်တွေရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းများအကြောင်းကို ချန်လှပ်ခဲ့ပါရစေ။
အပွင့်တွေပွင့်ပါလျက်နဲ့ ဘာကြောင့်အသီးမတင်တာလဲ?
အထက်ပါမေးခွန်းကို တောင်သူတွေ မေးလေ့မေးထရှိပြီး တကယ်လည်း ကြုံတွေ့နေရတဲ့ ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါ။
စာရေးသူအတွေ့အကြုံအရ ကောက်နုတ်ဖော်ပြရရင်...
၁။ ပန်းပွင့်ချိန် အပူချိန်မြင့်မားလွန်းခြင်း
၂။ ရာသီဥတု အေးလွန်းခြင်း
၃။ ပန်းပွင့်ချိန်မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း
၄။ ပိုးမွှား/ရောဂါကျရောက်ခြင်း
၅။ အာဟာရဓာတ် မလုံလောက်ခြင်း
၆။ ရေနဲ့ အစိုဓာတ်များခြင်း
၇။ ပန်းပွင့်ချိန် ဆေးဖျန်းခြင်းကြောင့် သန္ဓေအောင်မှု အဟန့်အတားဖြစ်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။
ဆိုတော့ ဒီနေ့ဆောင်းပါးမှာ နောက်ဆုံးအချက်တစ်ခုတည်းကို အသားပေးပြီးဖော်ပြချင်ပါတယ်။
ဘာကြောင့်ပိုးသတ်ဆေးတွေက ပန်းပွင့်တွေကို သန္ဓေအောင်မှု ဟန့်တားစေတာလဲ?
သတိမထားမိလို့သာပါ။ တောင်သူအများစု ကြုံဖူးကြပြီးသားပါ။ လွန်ခဲ့သောနှစ်များက မြောင်မြို့နယ်ရှိ ကျွန်းမြေပဲတွေမှာ စွယ်ပွင့်ပွင့်ချိန် အပွင့်ထဲ လှေးတွေကျပါတယ်။
ပင်လုံးပျံ့ ဆေးတွေအပြင် ထိသေဆေးတွေပါ ရောပြီး ၂-၃ ရက်ခြား ဖျန်းကြရပါတယ်။
အဲဒီနှစ်က အပင်တွေကောင်း အပွင့်ပွင့်ပါလျက် ဘာကြောင့်မြေပဲမထွက်/မဥတာလဲ?..ဆိုတဲ့ မေးခွန်း စာရေးသူ မဖြေခဲ့မိဘူး။
(ဘာကြောင့် မဖြေခဲ့မိမှန်းလည်း စဥ်းစားမရခဲ့ဘူး။ အဖြေက မသေချာမှာ စိုးလို့ထင်ပါရဲ့)
နောက်ထပ်ဖြစ်စဥ်တစ်ခုက ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသ၊ နွေစပါးခင်း ပန်းပွင့်ချိန် မိုးကြီး ၂ ရက် မိလိုက်တာကြောင့်စပါးတွေ အထွက်နှုန်းလျော့စေခဲ့တာရယ်။
၂၀၀၈ မတိုင်မီက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ထဲမှာ ပဲတီစိမ်းခင်း အပွင့်တွေတန်းလန်းနဲ့ ငမြှောင်တောင်ကျလို့ ထိသေဆေး အပြင်းတွေ ၂ မျိုးပေါင်းပြီး တွယ်လိုက်တာကြောင့် ပိုးမသေဘဲ အပွင့်တွေကြွေတာမျိုးရှိခဲ့ပါတယ်။
ဖော်ပြပါ ဖြစ်စဥ်တွေကို သုံးသပ်ကြည့်ရင်..
ပန်းပွင့်ချိန် မိုးမိခြင်း၊ လေပြင်းတိုက်ခတ်ခြင်းအပြင် ဆေးပူ၊ ဆေးပြင်းတွေ ဖျန်းတာကြောင့်လည်း ဝတ်မှုန်ကန်းပြီး(မျိုးမအောင်)စေတယ်ဆိုတာ သိသာစေပါတယ်။
ပိုးသတ်ဆေးတိုင်း ဝတ်မှုန်ကန်းစေပါသလား?
အထူးသဖြင့်ကတော့ EC formulation ဆေးမျိုးတွေကို ပန်းပွင့်ချိန် ရှောင်သင့်ပါတယ်။
EC ဖော်မြူလာမှာပါဝင်တဲ့ Inertကို Petrolium Oilလို့ခေါ်တဲ့(ဓာတ်ဆီ၊ ဒီဇယ်ကဲ့သို့) ရေနံဓာတုပစ္စည်းကို emulsifierအဖြစ်ထည့်ရပါတယ်။
ဓာတ်ဆီ၊ဒီဇယ်ဆိုတာ အပူတွေပါ။ ရေနဲ့ဖျော်ရင် နို့နှစ်ရောင်ပြောင်းပါတယ်။
ဒီလိုဆေးအပူတွေကို အလွန်နူးညံ့တဲ့ ပန်းဝတ်မှုန်လေးတွေပေါ်ကျရောက်ရင် သန္ဓေအောင်နိုင်ပါ့မလား?
ဝတ်မှုန်ကူးပေးတဲ့ ပျားပိတုန်းတွေရော ရှိနိုင်ပါဦးမလား?
ပန်းပွင့်ချိန်ဆိုတာ မျိုးဆက်သစ်တခုအတွက် အရေးအပါဆုံးနဲ့ အနူးညံ့ဆုံး ဇီဝကမ္မဖြစ်စဥ်တခုပါ။
ဖြစ်နိုင်ရင် ဆေးဖျန်းဖို့မပြောနဲ့ နှင်းဖြိုင်ဖြိုင် မိုးလှိုင်လှိုင်ရွာတာတောင်မကြိုက်ပါဘူး။
(စပါး၊ ပဲတီ၊ သရက်..ကဲ့သို့ ဖော်ပွင့်တဲ့ အပင်တွေပိုထိခိုက်ပါတယ်)
ဒီလိုဆိုပန်းပွင့်ချိန် ဆေးမဖျန်းရတော့ဘူးလား?
ပန်းပွင့်ချိန် ပိုးကျလို့ မဖြစ်မနေ ဖျန်းရမယ်ဆိုရင် ညနေချိန်မှာ ဆေးဖျန်းသင့်ပါတယ်။
ဘာလို့လဲ ဆိုတော့..သီးနှံပင်အတော်များများမှာ မနက် ၆ နာရီ-၁၀ နာရီအတွင်း ပန်းဝတ်မှုန်ကူးကြတယ်လို့ ပညာရှင်များ ဆိုထားပါတယ်။
ပြီးတော့ ပျား၊ ပိတုန်း၊ လိပ်ပြာများကလည်း နံနက်ခင်းအချိန်မှာ လှုပ်ရှားကြပါတယ်။
(ပန်းပွင့်အချိန်ကာလသည် သီးနှံအမျိုးအစားအလိုက် ရာသီအလိုက် အချိန်ကွာခြားနိုင်ပါသည်)
မှတ်ချက်။ ။နဂါးမောက် ပင်သည် ညအခါတွင် ဝတ်မှုန်ကူးကြပြီး သန္ဓေအောင်ဖို့ ၄ရက်ကြာတတ်ပါတယ်။

ဆိုတော့ကား..
EC ormula (ရေဖျော်ဆေးရည်) မဟုတ်တဲ့ ကျန် Soluble Powder (ပျော်ဝင်ဆေးမှုန့်), Wettable Powder(ရေဖျော်ဆေးမှုန့်), Water Dispersable Granules(ရေပျော်ဆေးခဲ),Suspension Concentrate (ဆိုင်းတွဲဆေးရည်ပြင်း) စသော ပိုးသတ်ဆေး ဖော်မြူလာများကိုတော့ ဆေးပူမဟုတ်တဲ့အတွက် သတ်မှတ်နှုန်းထားအတိုင်းဖျန်းနိုင်ပါတယ်။ ပန်းဖြိုင်ချိန်မှာတော့ ညနေချိန်ဖျန်းရင် ပိုအန္တရာယ်ကင်းစေပါတယ်။
ပန်းပွင့်ချိန် ပိုးမကျရောက်အောင် အဖူးဝင်စဥ်ကတည်းက ကြိုတင်ကာကွယ်ဆေးဖျန်တာဟာ အသင့်လျော်ဆုံး အမှန်ကန်ဆုံးလို့ ယူဆနိုင်ပါတယ်။
သို့ဖြစ်ပါ၍ တောင်သူမိတ်ဆွေများ သီးနှံတိုင်း ပန်းပွင့်ပြီး ပန်းပွင့်တိုင်း အသီးတင်ကာ တင်သမျှဈေးကောင်းရကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။
ဖြည့်စွက်ချက်။ ။ EC formula ai နမူနာများ
- ၁။ ဖန်သိုအိတ် ၅၀ အီးစီ
- ၂။ မာလာသီယွန် ၅၀ အီးစီ
- ၃။ ဒယ်တာမီသရင်၂.၅အီးစီ
- ၄။ ဆိုက်ပါ ၁၀အီးစီ
- ၅။ အယ်လ်ဖာ ၅အီးစီ
- ၆။ လမ်ဒါဆိုင်ဟေလိုသရင်၂.၅အီးစီ
- ၇။ ကာဘိုဆာလဖန် ၂၅အီးစီ
- ၈။ ထရိုင်ယာဇိုဖော့ ၂၀အီးစီ
- ၉။ အဘာမက်တင် ၁.၈အီးစီ
- ၁၀။ ပရိုဖီနိုဖော့ ၄၀အီးစီ
- ၁၁။ ပိုင်ရီဒါဘင် ၁၅အီးစီ
- ၁၂။ အေမီထရက် ၂၀အီးစီ
- ၁၃။ ကလိုပိုင်ရီဖော့ ၅၀အီးစီ
- ၁၄။ ဒိုင်မီသိုအိတ် ၄၀အီးစီ
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
ကျော်ကျော်
2 years agoဒါဆိုဆရာပန်းပွင့်ရင်ဘယ်နှရက်စောင့်ပြီးဆေးဖျန်းရမလဲ
u Than Myint
2 years agoကျေးဇူးအများကြီးတင်ပါတယ်
Ye Win Naing
2 years agoကျေးဇူးရှင်ဆရာကျန်းမာပါစေ
Zaw Myo thu
2 years agoအသိပညာတွေတင်ပြလို့ ကျေးဇူး အထူးပါ ဆရာ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all