Green Way
ရာသီဥတုနှင့်အညီလိုက်လျောညီထွေစွာ စိုက်ပျိုးနည်း (အပိုင်း - ၂)

ရာသီဥတုနှင့်အညီလိုက်လျောညီထွေစွာ စိုက်ပျိုးနည်း (အပိုင်း - ၂)

သီးနှံမျိုးကွဲစုံ စွမ်းအားမြင့်စိုက်ပျိုးခြင်း - သီးနှံမျိုးကွဲစုံစိုက်ပျိုးခြင်းသည် တစ်နေရာနှင့် တစ်နေရာ၊ တစ်ချိန်နှင့် တစ်ချိန် မတူညီနိုင်ပါ။

သီးနှံမျိုးကွဲစုံတွင် သီးနှံတစ်မျိုးချင်းအလိုက် (စပါး၊ ပြောင်း၊ ဂျုံ၊ မြေပဲ စသည်ဖြင့်) ကွဲခြားသလို သီးနှံတစ်မျိုးတည်းအတွင်းမှာပဲ မျိုးအလိုက်မတူကွဲပြားမှုများ (သက်တမ်းတို၊ သက်တမ်းလတ်၊ သက်တမ်းရှည်စပါး) ရှိသည်။

စွယ်စုံသုံးနိုင်သော သီးနှံ သို့မဟုတ် အပင်ကြီးမျိုးများကို ဇီဝလောင်စာဆီ၊ အစားအစာ၊ အဝတ်အထည်နှင့် တိရစ္ဆာန်စာများအတွက် ဘက်စုံစိုက်ပျိုးနည်းစနစ်ကို အသုံးပြု၍စိုက်ပျိုးနိုင်သည်။ 

သီးနှံစုံစွမ်းအားမြင့်စိုက်ပျိုး (crop intensification) ရန်အတွက် သီးနှံပုံစံ (cropping sequence) ရွေးချယ်ရာတွင် စိုက်ပျိုးမည့်သီးနှံ အချင်းချင်း အာဟာရ၊ ရေ၊ အလင်းရောင်အတွက် ယှဉ်ပြိုင်ခြင်းမရှိပဲ သဟဇာတဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း မထိခိုက်သော သီးနှံများကို ရွေးချယ်ပေးရမည်။

သီးနှံစုံစိုက်ပျိုးနည်းစနစ်သည် ရာသီဥတုပုံမမှန်ဖြစ်ခြင်း၊ အခါမဟုတ်မိုးရွာခြင်း (early rain)၊ ရာသီအလယ်ရေပြတ်လပ်ခြင်း (mid-season drought)၊ မကြာခဏခြောက်သွေ့မှုဖြစ်ပေါ်ခြင်း (frequent dry spell)၊ အပူလှိုင်းကျ ရောက်ခြင်း (heat stress)တို့ကြောင့် အထွက်နှုန်းထိခိုက်ပျက်ဆီးမှုကို လျော့နည်းသက်သာစေသည်။

သုတေသနပညာရှင် ပရာစက်နှင့် အပေါင်းပါအဖွဲ့က (Prasad et al., 2014) ပဲစင်းငုံနှင့် ပဲပုပ် (၂:၄)၊ ပဲစင်းငုံနှင့် လူးဆတ် (၃:၃)၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ (၂:၁) ရောစိုက်ခြင်းသည် သီးနှံတစ်မျိုးတည်း စိုက်ခြင်းထက် ပို၍ ဝင်ငွေကောင်းသည်ကို လေ့လာတွေ့ရှိရသည်။

မြို့ပြများချဲ့ထွင်ပြီး လူဦးရေတိုးမြင့်လာသည်နှင့် အမျှ အစားအစာ (ဟင်းသီးဟင်းရွက် (vegetable), နို့ထွက်ပစ္စည်း (dairy), ဥ (egg), သစ်သီးဝလံ (fruits), ငါး (fish)) အတွက်လိုအပ်ချက်သည် ကြီးမြင့်လာခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယ၏ အချို့ဒေသများတွင် စပါး၊ ဂျုံလိုအပ်ချက်မြင့်တက်လျက်ရှိပြီး ၎င်းတို့ကို ထပ်ကာထပ်ကာ စိုက်ပျိုးခြင်းကြောင့် မြေအောက် ရေလျော့နည်းခြင်း၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုမှု များကြောင့် ပတ်ဝန်းကျင်ထိခိုက် ပျက်ဆီးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ထို့အခြေအနေတွင် ပဲကို ထည့်သွင်းစိုက်ပျိုးခြင်းသည် လေထုထဲက နိုက်ထရိုဂျင်ကို ဖမ်းယူပြီးမြေကြီးထဲသို့ ထည့်သွင်းပေးခြင်းဖြင့် မြေကြီး၏ မြေဆီဩဇာကို ထက်သန်စေသည်။

ပဲစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်လျှင် ရေလိုအပ်ချက်နှင့် ကာဗွန်ပမာဏနည်းပြီး သီးနှံထုတ်လုပ်မှုစွမ်းအား ကောင်းမွန်စေသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ပတ်ဝန်းကျင်ဂေဟစနစ်ကိုလည်း ရရှိစေသည်။ ထို့အပြင် စီးပွား‌ရေးတွက်ခြေကိုက်ပြီး ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော  သီးနှံမျိုးများကို ရှာဖွေဖော်ထုတ်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ်တည်ရှိ နေပါသည်။ 

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော မြေယာပြုပြင်ခြင်းနှင့် လိုအပ်ချက်အလိုက်အာဟာရ စီမံခန့်ခွဲခြင်းသည် - ထိ‌ရောက်သောနည်းလမ်းဖြင့် မြေယာပြုပြင်ခြင်းသည် သီးနှံအထွက်တိုးမြင့်မှုအတွက် အရေးကြီးသောလက်နက်တစ်ခုဖြစ်သည်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ်တွင် လေဆာနည်းဖြင့် မြေယာပြုပြင်ခြင်းသည် ရေအသုံးချမှု စွမ်းအား (water use efficiency) ကို တိုးမြင့်စေသည်။ ရေသွင်းခြင်းနှင့် ရေထုတ်ခြင်းတို့သည် ပူးတွဲလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်သည်။ ထိုသို့မဟုတ်လျှင် ရေဝပ်ခြင်းနှင့် ဆားပေါက်သည့်ပြဿနာများကို တွေ့ကြုံရနိုင်ဖွယ်ရှိသည်။ လေဆာဖြင့် မြေယာပြုပြင်ခြင်းသည် ရေသွင်းညီညာစေပြီး မြေရေတိုက်စားမှုလျော့နည်း သက်သာ စေသည်။ ထို့ကြောင့် လေဆာကို အသုံးပြု၍ စပါးစိုက်ပြီးနောက် ဝါသီးနှံစိုက်ပျိုးခြင်းသည် သမားရိုးကျစိုက်သော နည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် ရေလိုအပ်ချက်ချွေတာနိုင်ပြီး အထွက်နှုန်းကို တိုးတက်ကောင်းမွန် စေသည်။ လေဆာကဲ့သို့သော နည်းပညာသစ် သို့မဟုတ် ပေါ့ပါးသောထွန်စက် များကို အသုံးပြု၍ မြေယာပြုပြင်ခြင်းသည် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သော ထိရောက် ကောင်းမွန်သော မြေယာစီမံမှုစနစ်ဖြစ်သည်။

အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် သီးနှံအာဟာရ လိုအပ်ချက် စီမံခန့်ခွဲမှုနှင့် ထောက်ခံသောနည်းလမ်းများသည် မြေကြီးအာဟာရပေါ် မူတည်၍ သီးနှံပင်၏ တုံ့ပြန်မှုကို လိုက်၍ စီမံခန့်ခွဲပေးခြင်းဖြစ်သည်။ နောက်ပိုင်းသုတေသနတွေ့ရှိချက်များက အပင်လိုအပ်ချက်ပေါ်တုံ့ပြန်၍ ဇီဝမြေဩဇာ၊ အောဂဲနစ်မြေဩဇာ၊ ဓာတ်မြေဩဇာနှင့် သီးနှံပင်ကြွင်းပင်ကျန်များကို ရောနှော၍ထည့်သွင်းပေးခြင်းအားဖြင့် ရေရှည်သီးနှံထုတ်လုပ်မှု အတွက် တိုးတက်ကောင်းမွန်စေပါသည်။

ထို့အပြင် အပင်လိုအပ်ချက်လိုက်ပြီး အာဟာရ ထည့်သွင်းပေးခြင်းသည် ဓာတုမြေဩဇာများ၏ အန္တရာယ်ဖြစ်မှုကို ရှောင်ရှားနိုင်ပြီး နေရာဒေသ အလိုက် အပင်လိုအပ်ချက်ပေါ်မူတည်၍ အာဟာရထည့်သွင်းပေးရာတွင် မှန်ကန်သော အာဟာရအမျိုးအစား (proper nutrient supply)၊ မှန်ကန်သော နှုန်းထား (right rate)၊ မှန်ကန်သော အချိန် (right time-crop stage)၊ မှန်ကန်သော နေရာ (right place) တို့ကို ရွေးချယ်ပြီး ထည့်သွင်းပေးခြင်းအားဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းပြီး အကျိုးအမြတ်အားဖြင့်လည်း တိုးမြင့်လာမည် ဖြစ်ပါသည်။ အရွက်အရောင်တိုင်းတာသည့် ကတ် (Leaf color chart-LCC) သို့မဟုတ် ကလိုရိုဖီးမီတာစက် (Chlorophyll meter) ကို အသုံးပြု၍ အပင်လိုအပ်ချက်အတိုင်း လိုအပ်သော အာဟာရကို လိုအပ်သောနှုန်းထားဖြင့် ထည့်သွင်းပေးနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....