မြေဆီလွှာအတွင်း ဓာတုဒြပ်စင်များပါဝင်မှု(၂)
မြေဆီလွှာအတွင်းပါဝင်သော ဒြပ်စင်များ၏ပမာဏနှင့် အချိုးအစားမှာ ရာသီဥတုတိုက်စားဒဏ်ရမှုနှင့် အခြားဓာတ်ပြုမှုများအပေါ်မူတည်ပြီး အမြဲပြောင်းလဲလျက်ရှိသည့် ဒြပ်စင် ၆ ခုကို အပိုင်း(၁) မှာဖော်ပြခဲ့ပြီးပါပြီ။ ဆက်လက်ပြီးအပိုင်း (၂) အနေနဲ့
(၇) ပိုတက်ဆီယမ်
ပိုတက်ဆီယမ်သည် အောက်စီဂျင်နှင့် ပေါင်းစပ်၍ ပိုတက်ဆီယမ် အောက်ဆိုဒ်အဖြစ် မြေဆီလွှာတွင်တွေ့ရသည်။ ပါဝင်မှုမှာ ၀.၅ - ၃.၅% အထိရှိတတ်သည်။ မြေဆီလွှာတွင် ပါဝင်သော ပိုတက်ဆီယမ်ဓာတ်သည် ရေတွင်ပျော်ဝင်နိုင်သည့် ပုံစံနှင့် ဖလှယ်နိုင်သည့် ပုံစံအဖြစ်တည်ရှိကြသည်။ သို့သော်ဤပုံစံဖြင့် တည်ရှိနေသော ပမာဏသည် အလွန်နည်းပါးလှသည်။ မူလမင်နရယ်များတွင် ပါဝင်သော ပိုတက်ဆီယမ်နှင့် မြေတွင်းရှိအပင်များစားသုံးနိုင်သော ရေတွင်ပျော်ဝင်သည့် ပုံစံနှင့် ဓာတ်ဖိုဖလှယ်နိုင်သည့် ပုံစံရှိသည့် ပိုတက်ဆီယမ်တို့သည် အမြဲတမ်းအချိုးညီနေသည့် ညီမျှခြေတွင် တည်ရှိသောကြောင့် အရွယ်သေးငယ်သော မူလမင်နရယ် အစိတ်အပိုင်းများရှိနေသော အခြေအနေတွင် အပင်အတွက်လိုအပ်သော K ဓာတ်လုံလောက်သည့် အနေအထားတွင်ရှိကြောင်းတွေ့ရသည်။
နုံးဆန်သောမြေ၊ မြေစေးဆန်သော မြေများတွင်ဓာတ်ဖိုဖလှယ်နိုင်သည့် K သည် အပင်များအတွက် ပေါများစွာပါရှိသည်။ သို့သော်သီးနှံများ ဆက်တိုက်စိုက်ပျိုးခြင်း၊ အထွက်ကောင်းမျိုးများ စိုက်ပျိုးမှုများခြင်းနှင့် သဲဆန်သော မြေများတွင် ပိုတက်ဆီယမ်ပါဝင်မှု နည်းပါးခြင်းကြောင့် K ဓာတ်မြေဩဇာများ ထည့်သွင်းအသုံးပြုရန်လိုအပ်ပါသည်။
(၈) ဆိုဒီယမ်
မြေဆီလွှာတွင် ပါဝင်သော ဆိုဒီယမ်ဓာတ်သည် အောက်စီဂျင်နှင့် ပေါင်းစပ်၍ ဆိုဒီယမ်အောက်ဆိုဒ်အဖြစ် မြေဆီလွှာတွင် တွေ့ရှိရသည်။ ပါဝင်မှုမှာ ၀.၁ - ၁ % အထိရှိတတ်သည်။ မြေဆီလွှာတွင် ပါဝင်သော ဆိုဒီယမ်အောက်ဆိုဒ်ပမာဏ လျော့ကျမှုသည် ရာသီဥတုကြောင့် ဖြစ်ပေါ်နိုင်ပြီး အဝေးသို့ပျံ့နှံ့ကာ Na ဓာတ်ပါဝင်သော အာဟာရဓာတ်များ ဖြစ်ပေါ်လာသည်။ မြေဆီလွှာတွင် ပါဝင်သော Na သည် စီးမျောရေနှင့်အတူ မျောပါစီးဆင်းသွားခြင်းကြောင့် ပင်လယ်ရေတွင် သွားရောက်စုဝေးပြီး ပင်လယ်ရေတွင် Na ပါဝင်မှုများပြီး ရေငန်နေခြင်းဖြစ်ပါသည်။
အချို့သောမြေဆီလွှာများတွင် ရေတွင်ပျော်ဝင်နိုင်သည့် Na ဓာတ်ပုံစံများဖြင့် တည်ရှိနေခြင်း၊ ရေစီးဆင်းမှုနည်းသော နေရာများတွင် Na ဓာတ်များစုဝေးလာခြင်းကြောင့် ဆားပေါက်မြေများ ဖြစ်ပေါ်လာတတ်သည်။

(၉) ဖော့စဖရပ်
မြေဆီလွှာတွင် ဖော့စဖရပ်ပုံစံဖြင့် တွေ့ရှိရသည်။ ပါဝင်မှုမှာ ၀.၀၂ _ ၀.၅% အထိရှိတတ်သည်။ မြေဆီလွှာတွင် ပါဝင်သော P2O5 ဓာတ်၏ တစ်ဝက်ခန့်သည် မြေဆီလွှာ၏ အပေါ်မျက်နှာပြင်တွင်ရှိသော အော်ဂဲနစ်ပစ္စည်းများနှင့် ပေါင်းစပ်လျက်ရှိပြီး ကျန်တစ်ဝက်ခန့်မှာ မင်နရယ်ဓာတ် (အင်အော်ဂဲနစ်) များနှင့် ပေါင်းစပ်လျက်တွေ့ရသည်။
မြေငန်များတွင် ပါဝင်သောဖော့စဖရပ်သည် အဓိကအားဖြင့် ကယ်လစီယမ် ဖော့စဖိတ်အဖြစ်တွေ့ရသည်။ ရာသီဥတုတိုက်စားမှုဒဏ်များစွာခံရသည့် အချဉ်ဓာတ်ပေါက်နေသော မြေများတွင် ဖော့စဖရပ်သည် အလူမီနီယမ် ဖော့စဖိတ်နှင့် သံဖော့စဖိတ်အဖြစ် တွေ့ရတတ်သည်။
ဓာတ်လျော့စွမ်းအားကောင်းသော မြေဆီလွှာမှ သံဓာတ်နှင့် ပေါင်းစပ်လျက်ရှိသော ဖော့စဖရပ်တို့သည် ပျော်ဝင်စီးဆင်းမှုကြောင့် မြေဆီလွှာမှ အလွယ်တကူဆုံးရှုံးမှုဖြစ်တတ်ပြီး A1 နှင့် ပေါင်းစပ်လျက်ရှိသော ဖော့စဖရပ်တို့မှုပါဝင်မှု အချိုးအစားတိုးပွားများပြားလာကြောင်း တွေ့ရတတ်ပါသည်။
(၁၀) မော်လစ်ဘဒီနမ်
မော်လစ်ဘဒီနမ်သည် မော်လစ်ဘဒိတ်အိုင်းယွန်းပုံစံအဖြစ်တွေ့ရသည်။ ပါဝင်မှုမှာ ၁-၁၀ ပီပီအမ်အထိ ရှိတတ်သည်။ မြေဆီလွှာတွင် Mo သည် သံ၊အလူမီနီယမ် စသည်တို့နှင့် ဓာတ်ပြုပြီး သံမော်လစ်ဘဒိတ်နှင့် အလူမီနမ် မော်လစ်ဘဒိတ်ဓာတ်ပေါင်းများအနေဖြင့် တွေ့ရပါသည်။ ၎င်းတို့သည် ရေတွင်ပျော်ဝင်မှုမရှိဘဲ မြေအတွင်း၌ ထိန်းချုပ်ခြင်းခံရပါသည်။ ၎င်းမြေမျိုးတွင် ထုံးထည့်ပေးပါက မြေဆီလွှာ၏ pH တန်ဖိုးမြင့်တက်လာပြီး မော်လစ်ဘဒီနမ်၏ ပျော်ဝင်စွမ်းအားကောင်းလာပြီး အပင်များစုပ်ယူစားသုံးလာနိုင်ပါသည်။
(၁၁) နိုက်ထရိုဂျင်
မြေဆီလွှာ အပေါ်ယံလွှာတွင် နိုက်ထရိုဂျင်ဓာတ်ပါဝင်မှု ပမာဏသည် ၀.၀၂ _ ၀.၂၅ % ရှိသည်။ သို့သော် အပင်က အသုံးပြုနိုင်သော နိုက်ထရိုဂျင်အဖြစ် ပါဝင်မှုသည် စုစုပေါင်းပါဝင်မှု၏ ၁% သာရှိသည်။ အပင်၏ အာဟာရဓာတ်အတွက် အသုံးပြုနိုင်သည့် ပုံစံများမှာ နိုက်ထရိတ်၊ အမိုးနီယမ်ပုံစံများဖြစ်ပါသည်။
(၁၂) ဆာလ်ဖာ
ဆာလ်ဖာသည် မြေဆီလွှာတွင် အော်ဂဲနစ်ပုံစံအဖြစ် တည်ရှိနေသည်။ စီးဆင်းမှုကောင်းသော မြေဆီလွှာ အပေါ်ယံလွှာတွင် ဆာလဖာဓာတ်သည် အော်ဂဲနစ်မြေဆွေးများအဖြစ် ပေါင်းစပ်လျက်တည်ရှိနေသည်။
မြေဆီလွှာတွင် ပါဝင်သော ဆာလဖာကို သီးနှံများသည် တစ်နှစ်လျှင် မြေတစ်ဧကမှ ၁၀ - ၃၀ ပေါင်အထိစုပ်ယူစားသုံးပြီး၊ မြေဆီလွှာ ရေတိုက်စားခြင်းဖြင့် ပေါင်၄၀ - ၆၀ ခန့်အထိဆုံးရှုံးနိုင်သည်။ မြေအနည်းငယ်၌သာ ဆာလဖာချို့တဲ့မှုကို တွေ့နိုင်သည်။ မြို့ပြဧရိယာနှင့် နီးသောနေရာရှိ မြေဆီလွှာများတွင် စက်ရုံ အလုပ်ရုံများမှ ထွက်ရှိသော ဓာတ်ငွေ့များသည် မိုးရေများနှင့် ပေါင်းစပ်၍ ဆာလဖာဓာတ်များရရှိနိုင်သည်။
(၁၃) ဘိုရွန်
မြေဆီလွှာတွင် ဘိုရွန်ဓာတ်ပါဝင်မှုသည် (၄-၉၈) ပီပီအမ်ခန့်အထိ ရှိသည်။ သဲဆန်သော မြေများသည် ဘိုရွန်ပါဝင်မှုမှာ ၂ - ၆ ပီပီအမ်သာရှိသည့် အပင်များအတွက် မြေဆီလွှာမှ စုပ်ယူရရှိနိုင်သော ဘိုရွန်ဓာတ်သည် ( ၀.၂ - ၂.၅) ပီပီအမ်သာရှိသည်။
FSWG မှထုတ်ဝေသော 'မြေဆီလွှာဆရာဝန် 'စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မြေဆီလွှာ
Applicable farm inputs (Ad)
သန့်ဇင်ဝင်း
3 years agoဆောင်းပါးတွေကိုအပိုင်းနဲ့တင်မည်ဆိုပါက တွေ့မိတဲ့အပိုင်းကနေ အခြားအပိုင်းများကိုအောက်ကနေလင့်ခ်လေးတွေချပေးရင်ရှာလို့လွယ်ပါမည်
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....