အအေးပိုင်းမှာ hass ထောပတ်ပင်စိုက်ခြင်းအတွက် စိန်ခေါ်မှုများ
ထောပတ်ပင်ဟာ သမပိုင်းကိုကြိုက်တဲ့ အပင်မျိုးဖြစ်ပြီးတော့ အပူချိန် (၁၂) ဒီဂရီဆဲလ်စီးယပ်ကနေ (၂၈) ဒီဂရီ ဆဲလ်စီးယပ်အတွင်းမှာ ကောင်းကောင်းဖြစ်ထွန်းတဲ့ အပင်မျိုးဖြစ်ပါတယ်။ အဲ့လိုအပင်ကို အအေးပိုင်းမှာစိုက်ပျိုးမယ်ဆိုရင် ဘာတွေဖြစ်နိုင်မလဲဆိုတာကို ထောပတ်မျိုးတစ်မျိုးဖြစ်တဲ့ hass ဆိုတဲ့ မျိုးကိုသုံးပြီးတော့ စမ်းသပ်ထားတာကို ကြည့်လိုက်ကြရအောင်။
Hass ဆိုတဲ့မျိုးက စိမ်းပုပ်ရောင်အခွံရှိပြီးတော့ ကယ်လီဖိုးနီးယားတောင်ပိုင်းဖက်မှာ စစိုက်တဲ့ မျိုးဖြစ်ပါတယ်။ စိုက်တဲ့သူကလည်း ဥယျာဉ်ခြံပညာရှင်တစ်ယောက်ဖြစ်တဲ့ Rudolph Hass စိုက်တာဖြစ်တာကြောင့် သူ့နာမည်ကို ပေးခဲ့တာဖြစ်ပါတယ်။ မျိုးကထွက်တဲ့အသီးတွေက အလေးချိန်အားဖြင့် (၂၀၀) ကနေ (၃၀၀) ဂရမ်လောက်လေးပီးတော့ အသီးက ကြီးပါတယ်။
အဲ့လိုမျိုးကို မက်ဒီတာယေးနီးယမ်း ဒေသဖက်မှာစိုက်ပျိုးကြည့်တဲ့အခါမှာ....
Metditerranean ဒေသဟာဆိုရင် အပူဆုံးအချိန်ရဲ့ ပျှမ်းမျှအပူချိန်ဟာ ၁၈ ဒီဂရီဆဲလ်စီးယပ်ဖြစ်ပြီးတော့ အအေးဆုံးအချိန်မှာ -၃ ဒီဂရီ ဆဲလ်စီးယပ်ဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ (၁၈) ကနေ (၀) ကြားရှိပါတယ်။ အဲ့လိုဒေသမှာ ထောပတ်ပင်ကိုစိုက်ပျိုးကြတဲ့အခါ မဖြစ်ထွန်းနိုင်ကြပါဘူး။
အဲ့ Metditerranean ဒေသမှာ ထောပတ်ပင်ကို ဘာလို့မစိုက်ကြတာလဲဆိုတာကတော့
၁) ဝတ်မှုန်ကူးမှု နည်းပါးခြင်း
၂) ပန်းပွင့်မှု နည်းပါးခြင်း
၃) ကာဗွန်ဟိုက်ထရိတ်ထုတ်လုပ်မှု မလုံလောက်ခြင်းနဲ့
၄) အညွှန့်ထွက်တာနဲ့ ပန်းပွင့်တာကမကွဲဘဲ ပြိုင်ဆိုင်နေကြတာမျိုးတွေ တွေ့ရလို့ မစိုက်ကြတာဖြစ်ပါတယ်တဲ့။
ဝတ်မှုန်ကူးမှုနည်းပါးခြင်းနှင့် အသီးမတင်ခြင်း (အသက်ရှိ ဝတ်မှုန်များ ရရှိမှု)
ဝတ်မှုန်ကူးတာနည်းတယ်ဆိုတာကတော့ ဝတ်မှုန်မရှိတာ၊ ဝတ်မှုန်အကူးအပြောင်းတွေနည်းတာ၊ ဝတ်မှုန်တွေက မအောင်တော့တာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ အဓိကအားဖြင့်တော့ ပန်းပွင့်တဲ့အချိန်မှာ သူတို့ကြုံရတတ်တဲ့ အခြေအနေတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။
ထောပတ်ပင်မှာ ပန်းပွင့်တာက ပုံစံ (၂)မျိုးရှိပါတယ်။ 
ပန်းပွင့်ဖို့ အနည်းဆုံးလိုအပ်တဲ့ အပူချိန်ကတော့ ၂၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီးတော့ အများဆုံးအပူချိန်ကတော့ ၂၅ ဒီဂရီ ဖြစ်ပါတယ်။ အဲ့လိုအပူချိန်ရှိနေမှ ပန်းပွင့်တဲ့ပုံစံ က ဘာဖြစ်နေနေ အထီးရော အမကရော ကောင်းကောင်းအလုပ်လုပ်ပြီးတော့ အသီးဖြစ်ဖို့အခွင့်အလမ်းက ပိုပြီးတော့များမှာဖြစ်ပါတယ်။
Hass Type (A)အမျိုးအစားက ပန်းပွင့်ပြီးတော့ နေ့လည်ပိုင်းဖက်ပိုင်းကျမှ တစ်ပင်ကနေ တစ်ပင်ကို ဝတ်မှုန်တွေကူးပြီးတော့ အသီးတွေဖြစ်ထွန်းအောင်မြင်ကြတယ်။ Hass Type (A) က တစ်ပွင့်တည်းမှာတင် အမက အရင်ရင့်ပြီးတော့ အထီးလေးတွေက နောက်မှ ဖြစ်တာမျိုးပါ။ ပန်းကပွင့်လာတယ်။ အမလေးတွေက စောင့်နေပြီ။ ဝတ်မှုန်အဖိုလေးတွေက အဆင်သင့်မဖြစ်သေးတာမျိုးကြောင့် တစ်ခြားအပင်က ဝတ်မှုန်ဖိုလေးတွေနဲ့ ဝတ်မှုန်ကူးခြင်းတွေလုပ်ပြီးတော့ အသီးတွေတည်ရတာဖြစ်ပါတယ်။
အဲ့လိုမျိုး ဝတ်မှုန်ကူးတာမျိုးလုပ်နေရတဲ့ Hass Type (A)အပင်တွေကို အအေးပိုင်းဖက်မှာ စိုက်ပျိုးထားတယ်ဆိုရင်တော့ လုပ်ငန်းစဉ်က နည်းနည်းရှုပ်သွားပါတယ်။ အအေးပိုင်းဖြစ်တဲ့အတွက် ပန်းပွင့်တဲ့အချိန် ပန်းပွင့်ဖတ်လေးတွေပြန်ပိတ်တဲ့အချိန်တွေက စကားပြောပြီးတော့ ပန်းပွင့်ရဲ့သက်တမ်းက ပိုကြာရှည်သွားပါတယ်။ ဝတ်မှုန်တိုင်လေးတွေထွက်တာ ကြာသွားတယ်၊ အမဖြစ်တဲ့ ဝတ်မှုန်ခံတိုင်ကြီးထွားမှုကလည်း နှေးသွားတယ်။ အဲ့လိုဖြစ်သွားတော့ ပန်းပွင့်ဖို့လိုတဲ့အချိန်မှာ ပန်းပွင့်နိုင်တဲ့အခြေအနေကို မရတော့တာမျိုးဖြစ်သွားပါတယ်။ အဲ့လိုသက်ရောက်မှုရှိတယ်ဆိုရင်တော့ ပန်းပွင့်ချိန်က ကမောက်ကမဖြစ်သွားပြီးတော့ အဆင်မပြေနိုင်တော့တာမျိုးတွေဖြစ်ပြီး တကယ်ကိုအောင်မြင်ဖြစ်ထွန်းတဲ့ ဝတ်မှုန်တွေပါတဲ့ ပန်းပွင့်အရေအတွက်ဟာ နည်းသွားပါတယ်။ ပန်းပွင့်ချိန်တွေ မတူတော့တာကြောင့် ပင်ခြားဝတ်မှုန်ကူးတဲ့ဖြစ်စဉ်ကလည်း မအောင်မမြင်တွေဖြစ်ပြီးတော့ အသီးတင်မှုကလည်း နည်းပါးသွားမှာဖြစ်ပါတယ်။ အပူချိန်က အထွက်ကိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
နောက်ထပ် အမျိုးအစားဖြစ်တဲ့ Hass Type (B) ကိုစိုက်ပျိုးကြည့်တဲ့အခါမှာတော့ အောက်က အချက် (၂)ချက်ကိုတွေ့ရပါတယ်။
၁) အောင်မြင်တဲ့ ဝတ်မှုန်အမလေးတွေက နည်းပါတယ်။ အဲ့ဒါဟာ ဆိုးပါတယ်။
၂) ညဖက်တွေမှာ အဖိုဝတ်ဆံတွေက အကောင်းဆုံးအခြေအနေရောက်နေပေမဲ့လို့ ပန်းပွင့်တာတွေက နောက်ကျနေတယ်လို့ မှတ်တမ်းတွေတွေ့ရပါတယ်။ (Annells 1981)
ဒါကြောင့်မို့ Hass Type ဘယ်ဟာကိုစိုက်စိုက် အပူချိန်ဟာ ပန်းပွင့်တာကို နှောက်ယှက်တယ်လို့ တွေ့ရပါတယ်။
ဝတ်ဆံတွေ အကူးအပြောင်း
ဝတ်မှုန်ကူးတယ်ဆိုတာက အမဝတ်မှုန်ခံတိုင်အပေါ်ကို အဖိုဝတ်ဆံလေးတွေက ကျပြီးတော့ သန္ဓေတည်တာကိုပြောတာပါ။ ကျတဲ့ဝတ်ဆံတွေကလည်း မလုံလောက်ဘူးဆိုရင်တော့ ဝတ်မှုန်ကူးတာကလည်း မအောင်မြင်နိုင်ပါဘူး။ ပတ်ဝန်းကျင်မှာ ဝတ်မှုန်ကူးပေးတဲ့ ပျားလေးတွေရဲ့ အကူအညီကိုယူမယ်ဆိုရင်ရော? ပျားလေးတွေပါ (Ish-am et al.1999)။ ထောပတ်ပင်လေးတွေကနေ ဝတ်မှုန်ကူးတာက ပင်ခြားဝတ်မှုန်ကူးတာမျိုးနဲ့ တစ်ခြားဝတ်မှုန်ကူးတာမျိုးကိုလည်း ဖြစ်ပါတယ်။
ထောပတ်ပင်ကနေ ဝတ်မှုန်ကူးတာမျိုးက အေးတဲ့အချိန်မှာဖြစ်တာကြောင့်မို့ပဲ အမဝတ်မှုန်ခံတိုင်က သုံးလို့ရတဲ့အခြေအနေမှာဆို အဖိုဝတ်မှုန်က သုံးလို့မရသေးတဲ့အခြေအနေမျိုးဖြစ်တာကြောင့်မို့ အထွက်ကိုတိုးဖို့ဆိုရင်တော့ အပင်တွေကြားထဲမှာ ဝတ်မှုန်ကူးဖို့ပဲ ရည်ရွယ်ပြီးတော့ စိုက်ထားတဲ့ ဝတ်မှုန်ကူးပင်လေးတွေထားပေးရပါမယ်။ (Fetcher et al. 2001)
အဲ့လိုလုပ်ပေးရုံနဲ့လည်း မပြီးသေးပဲနဲ့ ပန်းပွင့်တဲ့အချိန်မှာ အေးတဲ့ရာသီဥတုကြောင့်ဖြစ်တဲ့ မိုးစက်တွေ၊ ရေမှုန်တွေ စတဲ့ရန်တွေကလည်း ရှိပါသေးတယ်။ တကယ်လို့များ ပျားတွေကို ဝတ်မှုန်ကူးဖို့အတွက် သုံးမယ်ဆိုရင်တော့ ပျားတွေရဲ့အမူအကျင့်နဲ့ အေးတဲ့ရာသီဥတုမှာဖြစ်တတ်တဲ့ ပျားတွေရဲ့လှုပ်ရှားမှုတွေကို နားလည်ရမှာဖြစ်ပါတယ်။
စိုစွတ်ပြီးတော့ အေးတဲ့ရာသီဥတုမျိုးဆိုရင် ပျားလေးတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ လှုပ်ရှားမှုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ပန်းပွင့်ချိန်မှာလည်း ပျားလေးတွေကို အားကိုးဖို့အတွက်က လုံလောက်ချင်မှ လုံလောက်မှာပါ။ မရှိတာတော့ မဟုတ်ပါဘူး။ ပျားတွေဟာဆိုရင် (၁၇)ဒီဂရီဆဲလ်စီးယပ်အထက်မှာမှ ကောင်းကောင်းအလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ (Dixon et al. 2007)၊ စိုစွတ်နေပြန်ရင်လည်း သူတို့အတွက် အဆင်မပြေပါဘူး။ စိုစွတ်နေတဲ့ ရာသီမျိုးမှာ ဝတ်မှုန်ဆံလေးတွေက ရေတွေနဲ့ ဆေးချသလိုဖြစ်ပြီးတော့ ရနိုင်တဲ့ ပမာဏကလည်း နည်းပါးသွားတာကြောင့်လည်း ပါပါတယ်။
ပျားတွေကို အဓိကဆွဲဆောင်တာကတော့ ဝတ်မှုန်ဆံလေးတွေပါပဲ။ အရင်ကပြောခဲ့တဲ့အတိုင်း အေးတဲ့ရာသီဥတုမှာ ပန်းပွင့်ချိန်ကို ကမောက်ကမဖြစ်စေတဲ့အပြင် ဝတ်မှုန်ဆံတွေ ရင့်မှည့်မှုကိုလည်း နောက်ကျစေပါတယ်။ ပြီးတော့ ထောပတ်ပင်ရဲ့ ပန်းပွင့်သဘောကိုက ပြန်ပြန်ပိတ်ပါတယ်။ အဲ့လိုသဘောနဲ့ပေါင်းစပ်မိတဲ့အခါမှာ ပျားတွေကို ဆွဲဆောင်နိုင်မှုက မရှိတော့ပါဘူး။ အဲ့လိုဖြစ်လေလေ ဝတ်မှုန်ကူးပြီး အောင်မြင်ဖို့ဆိုတာ ပိုခက်လေလေဖြစ်လာမှာပါ။
ယူရိုပီယမ်ပျားလေးတွေကို သြဇီရဲ့ အရှေ့တောင်ပိုင်းဖက်မှာ အဓိက ဝတ်မှုန်ကူးပေးတဲ့ပျားလေးအနေနဲ့ သုံးကြည့်တဲ့အခါမှာ ဒေသခံပျားတွေနဲ့ hover flies တွေကိုပါ ဆွဲဆောင်နိုင်ပြီး ဝတ်မှုန်ကူးပေးနိုင်တာကိုတွေ့ရပါတယ်။
အပူချိန်နဲ့ ဝတ်မှုန်လေးတွေရဲ့ကြီးထွားမှု
အပူချိန်ဟာဆိုရင် ပန်းပွင့်တွေရဲ့ သံသရာစက်ဝန်းကိုသာမကပဲ ဝတ်မှုန်လေးတွေကနေ မျိုးပွားတဲ့ လုပ်ငန်းစဉ်တွေ၊ ဝတ်မှုန်တိုင်ရဲ့ ကြီးထွားမှု၊ သန္ဓေလောင်းလေးတွေရဲ့ ကြီးထွားမှုအပေါ်ကိုပါ သက်ရောက်မှုတွေရှိပါတယ်။ (Sedgley and nnells 1981). သိုသော်လည်းပဲ အပူချိန် ၁၂ ကနေ ၁၇ ဒီဂရီဆဲလ်စီးယပ် အတွင်းမှာဆိုရင်တော့ ပန်းပွင့်တွေရဲ့ ကြီးထွားမှု၊ မျိုးအောင်မှုနဲ့ အမသားအိမ်ဖြစ်ပေါ်မှုတွေကို (၆) နာရီကနေ (၂၄) နာရီအတွင်း ဘယ်လိုထိခိုက်မှုမျိုးမှ ရှိမှာမဟုတ်ပါဘူး။
Zamet (1990) က အစ္စရေးမှာဆိုရင် ထောပတ်ပင်တွေရဲ့ အန္ဓရာယ်ရှိတဲ့အပူချိန်က (၁၀) ဒီဂရီဆဲလ်စီးယပ်ပါပဲ။ အဲ့အပူချိန်မှာ (၅) ရက်ကနေ (၆)ရက်အတွင်းမှာဆိုရင် အသီးကင်းလေးတွေ တိုးလာဖို့ မျှော်လင့်ချက်တွေရှိပါသေးတယ်။ မကြွေကျဘူးပေါ့။ ပန်းပွင့်ချိန်မှာခံစားရတဲ့ အပူချိန်ကြောင့် အသီးတင်တာကိုနည်းတယ် များတယ်ဆိုတာကိုဆုံးဖြတ်လို့ရနိုင်ကြောင်းကို သူတွေ့ခဲ့တာဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံမှာဆိုရင် အနည်းဆုံးအပူချိန် (၁၇ ဒီဂရီဆဲလ်စီးယပ်)ရှိတဲ့ရက်နဲ့ အပူချိန် (၁၁ ဒီဂရီဆဲလ်စီးယပ်) ရှိတဲ့ ရက် (၂)ခုမှာ ဝတ်မှုန်ကူးခြင်းလုပ်ငန်းကိုလုပ်ကြည့်တဲ့အခါ သိပ်မထူးခြားပဲ သူတို့တွေရဲ့ ဆက်စပ်မှုက အားနည်းတာကိုတွေ့ရပါတယ်။ (Dixon et al. 2007)
အချုပ်
Hass မျိုး ထောပတ်ပင်ကို အအေးပိုင်းမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပန်းပွင့်ချိန်မှာကြုံရတဲ့ အအေးဒဏ်ကြောင့် အထွက်ကို သိသိသာသာကျစေပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ရွေးချယ်စရာတွေရှိလာမှာပါ။ ပန်းပွင့်ချိန်မှာ ဝတ်မှုန်ကူးတာ အောင်မြင်ဖို့အတွက်ဆို ပင်ခြားဝတ်မှုန်ကူးဖို့အတွက် ထောပတ်ပင်တွေ ထည့်ပေါင်းထည့် စိုက်ပေးလို့ရပါတယ်။ ဒါပေမဲ့ စိုက်ပျိုးတယ်ဆိုရင်တော့ ပန်းပွင့်ချိန်တွေတူပြီးတော့ တကယ်ဝတ်မှုန်ကူးဖို့ အထောက်အကူဖြစ်တဲ့ အပင်မျိုးကို ရွေးချယ်တတ်ရပါမယ်။
ဝတ်မှုန်ကူးဖို့အတွက် ပျားတွေကိုသုံးမယ်ဆိုရင် အပူချိန်နဲ့ ပျားတွေရဲ့သဘောသဘာဝကို နားလည်ဖို့တော့ လိုပြန်ပါတယ်။ ယူရိုပီယမ်ပျားတွေကိုသုံးမယ်ဆိုရင်ရော..ဒါတွေက နောက်ပိုင်းဆက်လုပ်ရမဲ့ သုတေသန စမ်းသပ်ချက်တွေအဖြစ် ကျန်ရှိနေပါသေးတယ်။
https://www.agric.wa.gov.au/spring/challenges-growing-hass-avocado-cool-regions?page=0%2C
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
HASS
Topic 2
ထောပတ်သီးမျိုးများ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026