ကွမ်းပင်မျိုးယူရာတွင် ရွေးချယ်ရမည့်အချက်များ
ကွမ်းသည်ဆေးဖက်ဝင်ရုံသာမက ဘာသာရေးပွဲများ၊ အထင်ကရပွဲများတွင်လည်း မပါမဖြစ်အသုံးပြုရသောအရွက်ဖြစ်ပါသည်။ ထို့ပြင်သရေစာကဲ့သို့ပင် ရှေးယခင်မြန်မာဘုရင်များလက်ထက်က စားသုံးခဲ့သောကွမ်းသည် မြန်မာနိုင်ငံတွင် လွန်စွာစီးပွားရေးအရအရေးပါသော အရွက်တစ်မျိုးအဖြစ်ရပ်တည်နေပါသည်။ ယနေ့ခေတ်တွင် ကွမ်းတစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ၆၀၀၀ကျပ်အထိ ပေါက်ဈေးရှိပါသည်။ ပေါက်ဈေးသည် ကွမ်း၏အရည်အသွေးပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။ ထို့ကြောင့်အရည်အသွေးကောင်းသောကွမ်းမျိုးများရရှိရန် မျိုးကိုမှန်ကန်စွာရွေးချယ်တတ်ရန်လိုအပ်ပါသည်။ကွမ်းမျိုးယူရာတွင် ထိပ်မျိုးညွန့်များ (သို့) ၃၀-၄၀စင်တီမီတာခန့်ရှိသောမျိုးဆစ်ပိုင်းများကိုအသုံးပြုရပါသည်။ ထိပ်ဘက်မှယူသောမျိုးညွန့်များသည် အမြစ်ထွက်လွယ်သောကြောင့် မျိုးယူရန်ပိုမိုသင့်တော်ပါသည်။
ကွမ်းမျိုးယူရာတွင် အောက်ပါအချက်အလက်များကိုကြည့်ပြီးရွေးချယ်ရပါမည်။
- မိမိစိုက်ပျိုးမည့်ကွမ်းအမျိုးအစား
- မိခင်ခြံ၏သက်တမ်း
- မိခင်ခြံ၏ရောဂါပိုးမွှားကျရောက်မှုအခြေအနေ
- မိခင်ခြံ၏မြေသားဖွဲ့စည်းတည်ဆောက်ပုံ
- မိခင်ခြံ၏မှတ်တမ်း
- မိခင်ခြံ၏စိုက်ပျိုးပြုစုမှုပုံစံ
စိုက်ပျိုးမည့်ကွမ်းအမျိုးအစား
မြန်မာနိုင်ငံတွင်အစိုက်များသောကွမ်းမျိုးများမှာ ကွမ်းနုဝါ၊ ထွက်တိုးကွမ်းနုဝါ၊ ကွမ်းစိမ်း၊ ထိုကွမ်း၊ထိုင်ဝမ်ကွမ်း၊ ရိုးစန်း၊ ရိုးဝါ၊ ကျောက်စိမ်းရွက်ချွန်၊ ရွှေဒါး စသည်တို့ဖြစ်ပါသည်။ ထိုထဲတွင်လူကြိုက်များသောကွမ်းမျိုးဖြစ်သောကွမ်းနုဝါမျိုးသည် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ မိမိတင်ပို့မည့်နေရာအပေါ်မူတည်၍လည်း ရွေးချယ်တတ်ရန်လိုအပ်ပါသည်။ ဥပမာပြောရလျှင် ကျွန်ုပ်တို့အောက်မြန်မာတွင် အစားများသောကွမ်းမှာ ကွမ်းစိမ်းဖြစ်ပါသည်။ ဤသို့သောအရပ်မျိုးတွင်မူ စားသုံးမှုနှုန်းအပေါ်မူတည်၍ ကွမ်းမျိုးကိုရွေးချယ်ရမည်ဖြစ်ပါသည်။ စလင်းကိုင်းအထွက်များပြီး အမြစ်ထွက်အားကောင်းသောမျိုးကိုစိုက်ပျိုးပါက ပိုမိုကောင်းမွန်ပါသည်။
မိခင်ခြံ၏သက်တမ်း
မိမိမျိုးယူမည့်ခြံ၏သက်တမ်းမှာ သုံးနှစ်သက်တမ်းထက်မကျော်သော ခြံဖြစ်ရပါမည်။ ရောဂါကျရောက်မှုမရှိသော မျိုးသန့်ထုတ်သောခြံဖြစ်ရပါမည်။ မိခင်ခြံ၏သက်တမ်းမှာ တစ်နှစ်ထက်မကျော်ပါက စိုက်ပျိုးပြီးမကြာမီဖြစ်ထွန်းအောင်မြင်ပါသည်။ သုံးနှစ်သက်တမ်းရှိ ခြံမှ စိုက်ပျိုးပါကမူ ဖြစ်ထွန်းရန်နှောင့်နှေးတတ်သော်လည်း ရောဂါခံနိုင်စွမ်း မြင့်မားတတ်ပါသည်။
မိခင်ခြံတွင်ရောဂါပိုးမွှားကျရောက်မှုအခြေအနေ
မိခင်ခြံတွင် ရောဂါကျရောက်မှုရှိမရှိသည် လွန်စွာအရေးကြီးပါသည်။ ရောဂါကျရောက်မှုမရှိဖူးသောမျိုးသန့်ထုတ်ခြံဖြစ်ပါက အကောင်းဆုံးဖြစ်ပါသည်။ ကွမ်းတွင်အကျများသောရောဂါများဖြစ်သော ဆီစွန်းရောဂါများ၊ ရိုးမဲဆစ်ပြုတ်ရောဂါများ၊ ဒေါင်းနှီးရောဂါများ၊ ရောင်မညီကွက်ကျားရောဂါများ မိခင်ခြံတွင်ကျရောက်မှုရှိ၊ မရှိစစ်ဆေးရပါမည်။ ၎င်းရောဂါများကျရောက်မှုကင်းရှင်းမှသာလျှင် မျိုးညွန့်အတွက်ရွေးချယ်ဝယ်ယူရပါမည်။
မိခင်ခြံ၏မြေသားဖွဲ့စည်းတည်ဆောက်မှုပုံစံ
မြေသားဖွဲ့စည်းတည်ဆောက်မှုပုံစံအပေါ်မူတည်ပြီး အရည်အသွေးကွာခြားသွားတတ်ပါသည်။ မိမိစိုက်ပျိုးမည့်ခြံသည် မိခင်ခြံ၏မြေသားဖွဲ့စည်းမှုထက်ယုတ်လျော့ပါက အရည်အသွေးကျဆင်းသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မိခင်ခြံ၏မြေသားမျိုးကဲ့သို့ရအောင် ပြင်ဆင်စိုက်ပျိုးပါမှ အရည်အသွေးပြည့်မီသောကွမ်းများကိုရမည်ဖြစ်ပါသည်။
မိခင်ခြံ၏မှတ်တမ်း
မိခင်ခြံ၏မှတ်တမ်းဆိုသည်မှာ စိုက်ပျိုးသည့်သက်တမ်းတစ်လျှောက် ကွမ်းပင်များတွင်ဖြစ်ပျက်တတ်သောအကြောင်းအရာများကို ဆိုလိုခြင်းဖြစ်ပါသည်။
မိခင်ခြံ၏စိုက်ပျိုးပြုစုမှုပုံစံ
မိခင်ခြံ၏စိုက်ပျိုးပြုစုမှုပုံစံကိုကြည့်ရှုပြီး ယင်းပုံစံထက်မလျော့အောင် စိုက်ပျိုးနိုင်မှသာ မိခင်၏ဗီဇအရည်အသွေးပြည့်မီသော သားချင်းများကိုရရှိမည်ဖြစ်ပါသည်။
အထက်ပါအချက်အလက်များကိုကြည့်ရှုပြီး ကွမ်းမျိုးယူမှသာလျှင် လူကြိုက်များကောင်းမွန်သောကွမ်းများကိုရရှိမည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကွမ်းပင်မျိုး
zaw zaw
2 years agohi.
kyaw
3 years agoများများစိုက္ဗျကွမ်းထွက်တိုးတယ်
L.M.Eain?
3 years agoဇလွန်မှာစိုက်တဲ့မျိုးက ဘာမျိုးတွေလဲဗျ
Linn Lat
3 years agoကွမ်းအထွက်တိုးအောင်ဘယ်လိုလုပ်ရမလဲ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Nyan Thant Zin
See all
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021