တောင်သူအကျိုးပြု ဇာတောင်ပိုး
ဇာတောင်ပိုးကတော့ တောင်သူတွေကို အကျိုးပြုတဲ့ အင်းဆက်ထဲက တစ်မျိုးဖြစ်ပြီးတော့ ပျနဲ့ တစ်ခြားပိုးတွေကို စားပေးပါတယ်။ လူကိုကိုက်တာမျိုး ထိုးတာမျိုးလည်းမရှိပါဘူး။ ပျ၊ ယင်ဖြူ၊ အကြေးပိုးနဲ့တစ်ခြားကောင်တွေဖြစ်လာမဲ့ သားလောင်းကောင်တွေကို အစိမ်းရောင် ဇာတောင်ပိုးလေးတွေက စားပစ်ပါတယ်။ ပိုးစေးနှဲ၊ လှေး၊ မွှား၊ ခူကောင်(ဘောက်ဖက်ကောင်) နဲ့ ဖြုတ်တို့ကလည်း ဇာတောင်ပိုးတွေရဲ့ အစာပါပဲ။
ဇာတောင်ပိုး အမလေးတွေက သူတို့ ဥ ဥဖို့ နေရာရွေးရင်တောင်မှ ပျအုပ်စုလိုက် နေတဲ့ နေရာမျိုးကို ရွေးချယ်တတ်ကြပါတယ်။ ပြီးတော့ တုတ်ထိုးလိုမျိုး အောက်မှာ အမွှေးလို တိုင်လေးနဲ့ အပေါ်မှာမှ ဥ ဥတတ်ကြပါတယ်၊ တစ်ဥချင်းစီ ဥတာပါ၊ အဲ့လိုဥထားမှ အရင်ပေါက်တဲ့ကောင်လေးတွေက မပေါက်သေးတဲ့ တစ်ခြားဥတွေကို စားတာကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အကောင်လေးပေါက်တာနဲ့ကို မရပ်မနားစားပါတယ်။ သူတို့ရဲ့ သားလောင်းက သူများ ခူကောင်လောက် အရွယ်ရှိပြီးတော့ သွားတာလည်း ပိုမြန်တယ်။ လက်တံတွေလည်းပိုရှည်ပြီးတော့ စားဖို့သောက်ဖို့လည်း ပါးစပ်က ပိုကြီး ပိုသန်မာပါတယ်။ စားနိုင်တဲ့ လက္ခဏာအရည်အချင်းနဲ့ ပြည့်စုံတယ်လို့ ဆိုပါတော့ခင်ဗျာ၊ သားလောင်းကောင်တွေများ အုပ်စုဖွဲ့ စားလိုက်ရင် တစ်ပတ်ကို ကောင်ရေ ၂၀၀ ကျော်လောက် ကုန်သွားပါတယ်တဲ့။
အကောင်ကြီးဖြစ်သွားတဲ့ ဇာတောင်ပိုးတွေက တစ်လက်မအောက်အရွယ်အစားဖြစ်ပြီးတော့ အစိမ်းနုရောင်လေးရှိပါမယ်။ အတောင် (၂)စုံရှိပြီးတော့ ပိုက်ကွန်ပုံစံလေး နဲ့ဆိုတော့ ဇာစလေး ချုံထားသလိုဖြစ်တာမို့ ဇာတောင်ပိုးလို့ ခေါ်ပုံရပါတယ်။
ကိုက်ဝါးတဲ့ ပါးစပ်အစိတ်အပိုင်းတွေရှိပြီးတော့ အင်းဆက်ကောင်တွေ၊ ဝတ်မှုန်လေးတွေနဲ့ ပျနဲ့ အခြား အကြေးကောင်တွေရဲ့ စစ်ထုတ်ရည်တွေ ကို စားသောက်ပါတယ်။ အရမ်းကြီး ပျံနိုင်တဲ့ အကောင်မျိုးမဟုတ်ဘဲနဲ့ သူတို့ကို များသောအားဖြင့်တော့ ပျတွေရဲ့ ကိုလိုနီအသိုက်နားမှာ တွေ့နိုင်ပါတယ်။
အကောင်ရည်နည်းနည်းနဲ့ တွေ့ရခဲတဲ့ အညိုရောင်ဇာတောင်ပိုးလည်းရှိပါသေးတယ်။ သူတို့ကလည်း သားလောင်းမှာရော အကောင်ကြီးအဆင့်မှာရော ပျလို၊ စေးနှဲပိုးလိုမျိုး ခန္ဓာကိုယ်ပျော့ပျောင်းတဲ့ အကောင်တွေကို စားပါတယ်။ ပြီးတော့ ဥ တွေကိုလည်း အစာအဖြစ် စားကြပါတယ်။

စိုက်ခင်းထဲမှာ ဇာတောင်ပိုးတွေ ပွားများလာအောင် ဘာတွေ လုပ်ပေးလို့ရလဲ?
သူတို့ကိုပါ ထိခိုက်စေနိုင်တဲ့ ပိုးသတ်ဆေးတွေကို မဖြစ်မနေလိုအပ်မှ သုံးဖို့ စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဝတ်မှုန်တွေကိုလည်း စားတတ်တဲ့ သဘောရှိတာကြောင့်မို့ သူတို့ရဲ့ အစာထောက်ပံ့တဲ့ သဘောအဖြစ် ပန်းပွင့်တဲ့ အပင်လေးတွေကို စိုက်ထားပေးတာမျိုးဆိုရင် သူတို့လည်း နေကြမှာပါ။
ပျတွေလိုမျိုး အကုန်တွေ ရှင်းလင်းထားရင် အစာမရှိတာကြောင့်မို့ သူတို့လည်း နေကြမှာမဟုတ်တဲ့အတွက် ပျတွေနေဖို့လည်း တစ်ခြား ကိုယ်မစားတဲ့သီးနှံစိုက်ပေးထားတာဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်။
သူတို့အတွက် အပင်အကျန်လေးဖြစ်ဖြစ်၊ အရွက်ကျန်လေးတွေဖြစ်ဖြစ် ကွင်းထဲမှာ ထားပေးခြင်းအားဖြင့် သူတို့ ဆောင်းခိုစရာရှိရင် ခိုပါမယ်။ နေစရာအဖြစ်နေလို့ ရပါမယ်။
အကျိုးပြုပိုးတွေကို ထိန်းသိမ်းခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကိုရော မိမိရဲ့ နေထိုင်ရာဒေသနဲ့ လုပ်ငန်းစဉ်တွေကိုရော ချော့မွေ့လွယ်ကူစေနိုင်ပါတယ်။
တောင်သူဦးကြီးများ အကျိုးဖြစ်ထွန်းအောင်မြင်ကြပါစေ…
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
အကျိုးပြုအင်းဆက်များ
မိစိုးရတနာအောင်
10 months agolacewing
Tiffiany
11 months agoဇာတောင်ပိုးအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....