အကျိုးပြုတဲ့ နီမတုတ်တွေ
မြစ်ဖု နီမတုတ် ဆိုတာ နာမည်မကြီးဘူးလား။။
ကြီးတာပေါ့။ အမြစ်တွေမှာ အဖုတွေ အဖုတွေဖြစ်ပြီးတော့ အပင်တွေကို တိုက်ခိုက်ကြတာကလား။ အဲ့လို ဖြစ်တာက မြေကြီးထဲက နီမတုတ်တွေ တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။
နီမတုတ် (Nematode) ဆိုတာဘာလဲ
မြေကြီးထဲမှာ ရှိနေတတ်ကြတဲ့ အနုဇီဝသက်ရှိတွေပါ။ အလွန်သေးငယ်ပြီးတော့ အနုကြည့်မှန်ပြောင်းနဲ့ အဆပေါင်းများစွာ ချဲ့ပြီးတော့မှ မြင်ရတာမျိုးပါ။ မျိုးစိတ်တွေအများကြီး ရှိပြီးတော့ အပင်တွေကို တိုက်ခိုက်တဲ့ မြစ်ဖုနီမတုတ်ဆိုရင်တော့ သိကြပါလိမ့်မယ်။
အကျိုးပြု နီမတုတ်တွေ
အရာအားလုံးမှာ ကောင်းတာနဲ့ ဆိုးတာနဲ့အမြဲဒွန်တွဲပြီး ရှိကြတာပဲ ဆိုတော့ မြစ်ဖု နီမတုတ်တွေရှိသလို လူတွေ အပင်တွေကို ပြန်ပြီးတော့ အကျိုးပြုတဲ့ နီမတုတ်တွေလည်း ရှိပါတယ်တဲ့။ အဓိက (၂)မျိုးပါ။ မျိုးရင်း (၂)မျိုးပါ။ အဲ့အထဲကတော့ မျိုးစိတ်တွေ အများကြီး ရှိဦးမယ်။
(၁) Steinernematidae
(၂) Heterorhabditidae ဆိုတဲ့ မျိုးရင်းဝင် (၂)မျိုးက လူတွေကို ကူညီပါတယ်တဲ့။
သူတို့တွေ ဘာလို့ အကျိုးရှိတာလဲ
အကြောင်းပြချက် (၆)ချက်ရှိပါတယ်။
ပထမအချက်ကတော့ မျိုးရင်းထဲမှာ မျိုးစိတ်တွေမျိုးကွဲတွေ တော်တော်များများပါတာကြောင့် အင်းဆက်မျိုးတော်တော်များများမှာ ကပ်တွယ်ပြီးတော့ ကပ်ပါးအဖြစ်နေထိုင်နိုင်ပါတယ်။ ကပ်ပါးကောင်တွေအဖြစ်နေပြီးတော့ အင်းဆက်တွေဆီကနေ အာဟာရတွေကို ရယူစားသုံးပါတယ်။
ဒုတိယအချက်ကတော့ အကျိုးပြု နီမတုတ်တွေက သူတို့ ကပ်တွယ်လိုက်တဲ့ အင်းဆက်တွေကို (၄၈)နာရီအတွင်းမှာ သေဆုံးစေနိုင်တာပါ။
တတိယအချက် - ဖန်တီးထားတဲ့ မီဒီယာပစ္စည်းပေါ်မှာ ရှင်သန်နိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့တွေ ကို များများထုတ်လုပ်နိုင်ပြီး အသုံးချနိုင်ပါတယ်။
စတုတ္ထအချက် - အချိန်ကြာကြာ သိမ်းထားလို့ရပါတယ်။ တာရှည်ခံပါတယ်။ ပုံမှန် အခန်း အပူချိန် (၆၀-၈၀ ဒီဂရီဖာရင်ဟိုက်) မှာဆိုရင် (၃)လလောက် ထားလို့ရပြီးတော့ အအေးခန်းလို အပူချိန် (၂၇-၅၀ ဒီဂရီဖာရင်ဟိုက်)မှာ ထားရင်တော့ (၆)လလောက်အထိ သိမ်းထားလို့ရပါတယ်။ တစ်ချို့မျိုးတွေက ပိုးသတ်ဆေး ပေါင်းသတ်ဆေးနဲ့ မြေသြဇာတွေ အတူတကွ ရောစပ်ပြီး သုံးလို့ရပါတယ်။ ခံနိုင်ရည်ရှိပါတယ်။ လက်ခံကောင်မရှိလို့ အာဟာရပြတ်ပြီးသေတယ်ဆိုတာကလည်း တော်တော်ကြာမှ ဖြစ်တာပါ။ အာဟာရမရှိပဲ တော်တော်ကြာကြာနေနိုင်ပါတယ်။
ပဉ္စမ အချက် - အကျိုးပြု အင်းဆက်ပိုးမွှားလေးတွေဟာ ဘက်တီးရီးယားလို အကောင်လေးတွေကို နှိမ်နင်းရာမှာ အခက်အခဲလေးတွေရှိတတ်ပါတယ်။ အကျိုးပြု နီမတုတ်ကတော့ ဘက်တီးရီးယားတွေရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ပြီးတော့ အကျိုးပြုနိုင်ပါတယ်။
ဆဌမ - ပိုးသတ်ဆေးတွေ သုံးရသလို မဟုတ်ပဲနဲ့ အကျိုးပြု နီမတုတ်တွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတာမျိုး မရှိသလောက်နည်းပါးပါတယ်။
ကဲ အဲ့လောက်ဆို နီမတုတ်မှာ အကျိုးပြုတဲ့ နီမတုတ်တွေလည်း ရှိတယ်။ လူတွေအတွက် ဘယ်လိုတွေ အကျိုးပြုနိုင်တယ်ဆိုတာကို သိသွားလောက်ပြီထင်ပါတယ်။
ထွန်းဝင်းကျော်
Reference - http://www.ladybug.uconn.edu/FactSheets/beneficial-nematodes_7_631898323.pdf
Continue reading related topics, questions and articles.
Topic 1
နီမတုတ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....