Green Way
တောင်သူတွေ သိထားသင့်သည့် စိုက်ပျိုးရေးဆေးသုံး ဝေါဟာရများ

တောင်သူတွေ သိထားသင့်သည့် စိုက်ပျိုးရေးဆေးသုံး ဝေါဟာရများ

CC စီစီ      = ပိုးသတ်ဆေးအရည်ကို ချင်တွယ်သောယူနစ်

gm ဂရမ်   = ပိုးသတ်ဆေးအမှုန့် ချင်တွယ်ရာတွင် သုံးသပ်ယူနစ်

CC/ac      = တစ်ဧက အသုံးပြုရမည့်ဆေးပမာဏ

Lit/ac      = တစ်ဧကအသုံးပြုရမည့် ဆေးလီတာ

gm/20lit   = ရေ၂၀လီတာ ဆေး၁ပုံးတွင် ထည့်ရမည့် ဆေးမှုန့်ပမာဏ

W/W     = weight by weight ယူနစ်တူချင်း ပါဝင်သော ပမာဏ

ai %      = active ingredients အစွမ်းရှိအာနိသင် ပစ္စည်းပါဝင်မှုရာနုန်း

Inert     = ဆေးဖော်စပ်ရာတွင် အသုံးပြုသော ရောနှောပစ္စည်း

EC%      = ဆေးနှင့်ရေ ပျော်ဝင်နိုင်ရန် အသုံးပြုရသော ရေနံဓာတုပစ္စည်းပါဝင်မှုရာနှုန်း

WP     = ရေနှင့်ဖျော်သုံးရသော ဆေးမှုန့်

SP      = ရေပျော်လွယ်သော ဆေးမှုန့်

SC      = ရေပျော် ဆေးအပျစ်

SL      = ရေပျော်လွယ်သော.ဆေးရည်

G       =   granules ရေဖျော်ဆေးခဲ

(မြေကြီးအတွင်း soil pest အတွက်အသုံးပြုရန်)

D = Dust အမှုန့်

WDG = Water-Dispersible Granule

ရေနှင့်ဖျော်စပ်အသုံးပြုရသော ဆေးခဲ (အပင်ပေါ်ပက်ဖျန်းအသုံးပြုရန်)

FS = Flowable concentrates for seed treatment (မျိုးစေ့လူးဆေး သီးသန့်အသုံးပြုရန်)

ME  = Micro Emulsions (ဆီအမှုံလေးများပါဝင်သော ရေဖျော်ဆေးရည်)

OD = Oil Dispersion (ရေတွင်ဖြန့်ကျက်ပျံ့နံ့သော အဆီ)

Half life  = ဓာတုဆေးတမျိုးမျိုးချင်စီ၏ မြေကြီးအတွင်း အာနိသင် ပြိုကွဲသောကာလ။ (အထူးသဖြင့် မြေပြင်ဖျန်းသော ပေါင်းအုပ်ဆေးများ၊ပေါင်းသတ်ဆေးများတွင် ဓါတ်ကြွင်း တိုင်းတာပါသည်)

ပြိုကွဲချိန် သက်တမ်း အနိမ့်အမြင့် ၃ မျိုး ပိုင်းခြားနိုင်ပါတယ်။

low (less than 16 day half-life)= အနိမ့်

moderate (16 to 59 days) = အသင့်

high (over 60 days) = အမြင့်

LD-50                   = ဆေးဖျန်းပြီး ဖျက်ပိုးအားလုံး၏ ၅၀% သေရန် လိုအပ်နေ ဆေးအဆိပ်ပမာဏ (မီလီဂရမ်/ ကီလိုဂရမ် ဖြင့် ဖော်ပြလေ့ရှိပါတယ်)

LT-50                   = ဆေးဖျန်းပြီး ဖျက်ပိုး ၅၀% သေရန် ကြသော အချိန် သတ်မှတ်ချက်

LC'50.                   = ဆေးဖျန်းပြီး ဖျက်ပိုး ၅၀% သေရန် လိုအပ်သော ဆေးအာနိသင်ပြင်းအား သတ်မှတ်ချက် (LC-50 ကို ppm(1/ 1000000)ဖြင့် ဖော်ပြပါသည်)

PHI                         = Pre harvest intervals မခူးဆွတ်မီ၊ နောက်ဆုံး ဆေးဖျန်းရမည့်ကာလ သတ်မှတ်ချက်

(ဆေးအုပ်စု ai တခုနှင့်တခု PHI မတူကြပါ။ PHIကာလ သတိမမူဘဲ ခူးဆွတ် ရိတ်သိမ်းပါက အဆိပ်ဓာတ်ကြွင်းပါဝင်နိုင်သဖြင့် နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှုစီးပွား ပြဿနာများ ရရှိနိုင်ပါသည်)

ပိုးသတ်ဆေး တစ်မျိုးသည် PHI ကာလ အနည်းဆုံး ၁၄ရက် ရှိတတ်ကြပါသည်။

ဆိုလိုသည်မှာ..

သီးနှံပင် တစ်ပင်ကို ပိုးသတ်ဆေးဖျန်းလိုက်သည်မှ နောက်၁၄ ရက်အထိ အဆိပ်ဓာတ်ကြွင်း ရှိနေဆဲဖြစ်တယ်လို့ သိထားရပါမယ်။

ဒီကာလအတွင်း မသိလို့ဖြစ်စေ/သိသိဖြင့် လစ်လျူရှုပြီး ခူးမိ၊ စားမိရင် ချက်ချင်းမသေသေသော်လည်း ယင်းအဆိပ်ဓာတ်က ခန္ဓာကိုယ် (အသည်း/အဆုပ်/အဆီပြင်)တစ်နေရာမှာ ၊ အညစ်အကြေးစွန့်ထုတ်တဲ့အထဲ ပါမသွားဘဲ စုဆောင်းထားတယ်လို့ဆိုပါတယ်။

နှစ်ကာလကြာလာတာနှင့်အမျှ အဆိပ်ပမာဏ များလာပါက Neuro toxic ဖြစ်လာပြီး အာရုံကြောအားနည်းခြင်း၊ ခြေလက် အကြောဆွဲခြင်း၊သွက်ချပါဒလိုက်ခြင်း၊ အသည်းခြောက်ခြင်း၊ ကင်ဆာရောဂါများ ဖြစ်စေတတ်ပါသည်။

PHI မြင့်သော ဓာတုဆေးများကို၊နိုင်ငံခြားတင်သွင်းကုန်များတွင် အသုံးပြုပြီး PHIကာလ သတိမပြုမိပါက Residual  problems များဖြစ်ကာ Reject ဖြစ်တတ်ပါသည်။

REI       = restricted-entry interval (ဆေးဖျန်းပြီး နောက် လူ/တိရစ္ဆာန်များ/အလုပ်သမားများ နောက်ထပ်တဖန် ပြန်မဝင်ရန် ကန့်သတ်ထားသောအချိန်ကာလ သတ်မှတ်ချက်။)

(REI ကာလသည် အနည်းဆုံး ၁၂ နာရီမှ ရက်ပေါင်းများစွာလည်းဖြစ်နိုင်ပါသည်။

ဆေးအမျိုးအစားတခုချင်းအပေါ် မူတည်ပြီး ကြာချိန်ကွာခြားကြပါသည်)

သုံးသပ်ချက်

""""""""""""""""""""""""

  • မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း။
  • တောင်သူလယ်သမားများ လယ်ယာအပေါ်မှ ဝင်ငွေဖြင့် မိသားစုပြဿနာများ မဖြေရှင်းနိုင်ခြင်း။
  • မိမိလယ်ယာကို အိမ်သူများနှင့်သာ ထားခဲ့ပြီး ရပ်ဝေး အလုပ်ထွက်လုပ်နေရခြင်း။
  • ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းမှာ ပိုးသတ်ဆေးနှင့်အတူ ဓာတုဆေးများ အသုံးပြုချင်းတစ်ခုတည်းကိုသာ အဓိကအားပြုနေခြင်း။
  • တောင်သူလယ်သမားအများစုမှာ အန္တရာယ်ကင်းသော စိုက်ပျိုးရေးဆေးအသုံးပြုနည်းပညာများ အားနည်းနေခြင်း။
  • နည်းပညာနှင့် သွင်းအားစု ကူညီပေး အဖွဲ့အစည်းများအားနည်းခြင်း။
  • လက်ရှိ အနေအထားမှာလည်း ဓာတုလျော့ချသုံးစွဲနည်းပညာများ/အန္တရာယ်ကင်းစွာ အသုံးပြုနည်းများ/ကာကွယ်ရေးပစ္စည်းအထောက်အကူများအစစ အားနည်းနေခြင်း။
  • Public health မှာ  ကင်ဆာ၊ လေဖြတ်၊ အကြောညှပ် လူနာ တဖြည်းဖြည်းများပြားလာခြင်းတို့ဖြစ်လာသည့် အကြောင်းအရာများ/ပြဿနာများ၏ဇစ်မြစ်သည် အစားအသောက်မသန့်ခြင်း၊ အနေအထိုင် မမှန်ခြင်းကြောင့်ဖြစ်ဖို့များပြီး အဆိုပါပြဿနာကို ဖြေရှင်းနိုင်မည့် တခုတည်းသော ထွက်ပေါက်သည် တောင်သူလယ်သမားများဘေးကင်းစွာ ရေရှည်စိုက်ပျိုးနိုင်ရန် နည်းပညာများ၊ အရင်းအနှီးများ၊ သွင်းအားစုများ ကောင်းစွာထောက်ပံ့ လက်တွဲခေါ်ယူရေးသာဖြစ်ပါကြောင်း စေတနာအရင်းခံကာ  ရေးသားတင်ပြလိုက်ရပါတယ်ဗျာ။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ကျော်ကျော်ဆင့်

ကျော်ကျော်ဆင့်

1 year ago

အသုံးဝင်ပါတယ်

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....