ကာဘွန် နေရာမှန်အထိုင်ချခြင်း
မှန်လုံအိမ်ဓာတ်ငွေ့များတွင် ထုထည်အားဖြင့် အများဆုံးဖြစ်သော ကာဘွန် ( ကာဘွန်ဒိုင်အောက်ဆိုက်) များမှာ နေရာမှားနေသည်ဟု ပညာရှင်များက တင်စားကြသည်။ မူလက ကာဘွန်အများစုသည် ရေနံ၊ ကျောက်မီးသွေးကဲ့သို့ မြေသားအနက်နေရာတွင် ရှိခဲ့ကြသည်။ သစ်တောကြီးများအတွင်း သစ်သားများတွင်ရှိနေသော ကာဘွန်များမှာလည်း နေရာမှန်တွင် ရှိနေခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် ထိခိုက်မှုမရှိပါ။ ထိုရေနံများ၊ ကျောက်မီးသွေးများနှင့် သစ်တောများကို ဖျက်ဆီးပစ်ခြင်းက လေထုအတွင်းသို့ ကာဘွန်များ ရောက်ရှိပြီး အဆုံးတွင် အာကာသထဲမှနေ၍ ကမ္ဘာကြီးကို ပူနွေးစေသည်။
အလွယ်ကူဆုံးဥပမာဖြင့် တင်ပြရလျှင် ခြေနင်းနေရာတွင်ရှိရမည့် ဖိနပ်က ဦးထုပ်နေရာတွင် ရောက်ရှိနေသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များက ကာဘွန်များကို မူလနေရာမှန် မြေထဲသို့ပြန်ပို့ရန် သုံးသပ်လာကြသည်။ ကာဘွန်များ မူလနေရာမှန်ဖြစ်သော မြေတွင်းသို့ ပြန်၍ အထိုင်ချခြင်းကို ကာဘွန်နေရာမှန် အထိုင်ချခြင်း Carbon Sesquistartion ဟု ခေါ်သည်။
လက်တွေ့အနေဖြင့် အဓိကပြုလုပ်ပုံမှာ ကာဘွန်ပစ္စည်း၊ အော်ဂဲနစ်ပစ္စည်းများကို မြေထဲသို့ ပမာဏများများ ပို့ဆောင်ထားခြင်းဖြစ်သည်။ ထိုသို့ ပို့ဆောင်ထားသော အော်ဂဲနစ်ပစ္စည်းများတွင်လည်း အချိန်ကာလအားဖြင့် တာရှည်ခံသော ပစ္စည်းများရှိသကဲ့သို့ တာရှည်မခံသော ပစ္စည်းများလည်း ရှိနေပါသည်။ ဥပမာ- ဆဲလ်လျူးလို့စ် Celluloss ကဲ့သို့ တာရှည်မခံသော သစ်စိမ်းဓာတ်မြေသြဇာ Green Manure ကို အသုံးပြုပါက လျင်မြန်စွာ ဆွေးမြေ့ပြီးယင်းမှ နိုက်ထရပ်စ်အောက်ဆိုက်များ ပိုမိုလျင်မြန်စွာ များပြားစွာ ထွက်လာမည်ဖြစ်သည်။ အကယ်၍ ဆွေးမြေ့ရန် ခက်ခဲသော ကာဘွန်ပစ္စည်းဖြစ်သည့် လစ်နင် Lignin ပါ၀င်သော သစ်မာလွှစာမှုန့်မျိုးကိုသုံးပါက မြေဆီလွှာအတွင်း အချိန်ကြာမြင့်စွာ ကာဘွန်များ ရှိနေနိုင်မည်ဖြစ်သည်။
ဦးဖရက်သိန်းဖေ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဖရက်သိန်းဖေ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....