ပဲမျိုးနွယ်ဝင် အပင်လည်းဖြစ် မြန်မာ့အမျိုးသားယဉ်ကျေးမှုပန်းလည်းဖြစ်တဲ့ ပိတောက်ပင်အကြောင်း
စက္ကန့်လက်တံဟာ တစ်စက္ကန့်မှာ တစ်ကြိမ်ရွေ့ပြီး နာရီလက်တံဟာ သူ့အလုပ်အတိုင်း တစ်နာရီကျ တစ်ခါရွေ့ကာ နှစ်သစ်သို့ကူးပြောင်းခဲ့ပါပြီ။ မြန်မာတို့ရဲ့ သမိုင်းအစဉ်အဆက်ဆက်က ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ကြီးဟာလည်း ကာလအခြေနေများအလျောက် ခမ်းနားသင့်သလောက် မခမ်းနားခဲ့ပါသော်လည်း ယမန်နေ့က ပြီးဆုံးခဲ့ပါပြီ။ သင်္ကြန်ကာလအတွင်း သစ္စာရှိပန်းလေးဖြစ်တဲ့ ပိတောက်ကလည်း သူ့ရဲ့ ဝတ္တရားအတိုင်း အချိန်မှန်မှန်ပွင့်လန်းကာ လူတွေရဲ့ စိတ်နှလုံးရွှင်ပြုံးအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ကျနော်တို့မြန်မာတွေဟာ ပိတောက်ပွင့်ရင် ပျော်ကြတယ်။ ပြုံးကြတယ်။ မြတ်မြတ်နိုးနိုး ပန်ဆင်ကြ၊ မွှေးကြူကြတယ်။ ဘုရားမှာ တင်ကြတယ်။ တဦးနဲ့ တဦး မျှဝေကြတယ်။ အပျော်တွေကူးစက်ကြတယ်။ ပန်းမကြိုက်တတ်တဲ့ ယောက်ျားသားတွေတောင်မှ ပိတောက်ပန်းမြင်ရင် ပြုံးမိ ကြည်နူးမိတတ်ကြပါတယ်။ ပိတောက်ဟာ ကျနော်တို့တွေကို ပျော်စေ ပြုံးစေခဲ့တာ ကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ ကျနော်တို့ရဲ့ အမျိုးသားယဉ်ကျေးမှုပန်းဖြစ်တဲ့ ပိတောက်ပန်းတို့ ပွင့်လန်းရာ ပိတောက်ပင်အကြောင်း ပြောပြချင်ပါတယ်။
ပိတောက်
ပိတောက်ပင်ဟာ ရွက်ကြွေပင်မျိုးစိတ် တစ်ခုဖြစ်ပါတယ်။ ရွက်ကြွေပင်ဆိုတာက ခြောက်သွေ့တဲ့ရာသီတွေမှာ အရွက်တွေ ကြွေကျ၊ သွေ့ခြောက်နေပြီး မိုးရာသီလို စိုစွတ်တဲ့ ချိန်ခါမျိုးမှာ ဆိုရင်တော့ စိမ်းစိုအုံ့မှိုင်းနေတတ်ပါတယ်။ ပိတောက်ပင်တွေဟာ ယေဘုယျအားဖြင့် အမြင့်ပေ ၅၆ ပေ ကနေ ၇၅ ပေ ကျော်အထိ ရှိတတ်ပြီး တချို့အခြေအနေမှာတော့ အမြင့် ပေ ၁၀၀ လောက်ထိ ရှိတတ်ပါတယ်။
ပင်စည်က အများအားဖြင့် ဖြောင့်စင်းနေတတ်ပါတယ်။ တချို့အခြေအနေတွေမှာတော့ ပင်စည်ခြေမှာ ကြီးမားပြီး ဖောင်းကြွတဲ့ အမြစ်ကြီးတွေ ဖြာထွက်နေတာမျိုးလဲ ရှိတတ်ပါတယ်။ နေရောင်ကောင်းကောင်းရတဲ့ လွင်တီးခေါင်လို နေရာမျိုးမှာ ပေါက်ရင် ပင်စည်တိုပြီး ကိုင်းဖြာတတ်ပါတယ်။
ပိတောက်ပင်က အရှေ့တောင်အာရှမှာ အရေးပါတဲ့ သစ်သားထွက်အပင် ဖြစ်ပါတယ်။ နှစ်စဉ် သစ်တန်ချိန်ပေါင်းများစွာ ပြည်ပကို တင်ပို့ကြပါတယ်။ တရုတ်ရိုးရာ ပရိဘောဂ အသုံးအဆောင်တွေလုပ်တဲ့ အဓိက သစ်သုံးမျိုးထဲမှာ ပါဝင်ပါတယ်။ လက်ရှိအခြေအနေမှာ ပိတောက်ပင်တွေဟာ သဘာဝတောထဲကနေ သစ်အလွန်အကျွံထုတ်ယူမှု၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်းကြောင့် သစ်တောပြုန်းတီးမှု စတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပေါက်ရောက်ရာဒေသနှင့် ပေါက်ရောက်ပုံ
အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။ စိုစွတ်ရွက်ကြွေတောနဲ့ ခြောက်သွေ့ရွက်ကြွေတောတွေမှာ တွေ့ရပြီး ကျွန်းပင်တွေနဲ့ ရောနှောပေါက်ရောက်တာကို မကြာခဏ တွေ့ရပါတယ်။ ရေစီးရေလာကောင်းပြီး မြေဆွေးဓာတ်နည်းတဲ့ သဲနုန်းမြေမျိုးကို နှစ်သက်ပါတယ်။ အပူပိုင်းမြေနိမ့်ဒေသတွေမှာ ပေါက်ရောက်ပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၈၅၀ မီတာနဲ့အထက်မှာ တွေ့ရလေ့ရှိပါတယ်။ နှစ်စဉ် အပူချိန် ၂၄ ဒီဂရီနှင့် ၃၄ ဒီဂရီစင်တီဂရိတ် ကြားရှိတဲ့ ဒေသတွေမှာ အကောင်းဆုံး ကြီးထွားနိုင်ပြီး အပူချိန် ၈ - ၄၂ ဒီဂရီ စင်တီဂရိတ်ကြား ခံနိုင်ရည် ရှိပါတယ်။ ဆီးနှင်းခဲကျတာမျိုးကိုတော့ ခံနိုင်ရည်မရှိပါ။ နှစ်စဉ် မိုးရေချိန် ၅၉ - ၁၀၀ လက်မ ရှိတာကို နှစ်သက်ပြီး ၃၄ - ၁၉၆ လက်မ အတွင်း ရှင်သန်နိုင်ပါတယ်။ နေရောင် ကောင်းကောင်းရတာကို ကြိုက်ပါတယ်။ မြေချဉ်ငန်ဓာတ် ၅.၅ မှ ၆.၅ အတွင်း နှစ်သက်ပြီးတော့ ၅ မှ ၇.၅ အတွင်း ခံနိုင်ရည်ရှိတယ်။ အက်စစ်ဆန်သော မြေမျိုးနှင့် ဓာတ်ပြယ်နေတဲ့ (အက်စစ် - ဗေ့စ် ဓာတ်မရှိသော) မြေမျိုးမှာ ဖြစ်ထွန်းပါတယ်။
စစိုက်တဲ့နှစ်မှာ ၂ပေ မှ ၄ပေ ထိ ကြီးထွားနိုင်ပြီး ဒုတိယမြောက်နှစ်မှာ ရှိရင်းစွဲကနေ ၄ - ၇ ပေ ထပ်ပြီး ကြီးထွားပါတယ်။
ပန်းပွင့်ခြင်းနဲ့ အသီးသီးခြင်းက အများအားဖြင့် အပင်သက် ၅ နှစ် ကနေ ၁၀ နှစ် အတွင်း စတင်ပါတယ်။ ပဲမျိုးနွယ်ဝင် အပင်ဖြစ်တဲ့ ပိတောက်တွေဟာ အမြစ်ဖုတွေမှာ နေထိုင်ပြီး လေထုထဲက နိုက်ထရိုဂျင်ကို ဖမ်းယူပေးတဲ့ မြေဆီလွှာထဲက ဘက်တီးရီးယားတချို့နဲ့ ဆက်နွယ်မှုတွေရှိပါတယ်။ ဘက်တီးရီးယားတွေ ဖမ်းယူပေးတဲ့ နိုက်ထရိုဂျင်တချို့ကို အပင်ကြီးထွားဖို့ အာဟာရအတွက် အသုံးပြုပြီး တချို့ကိုတော့ အနီးအနားက အပင်တွေက မျှယူ သုံးစွဲပါတယ်။

အသုံးဝင်ပုံများ
ပိတောက်ပင်ရဲ့ အမြစ်နဲ့ အခေါက်ကို ဆီးရောဂါဆိုင်ရာ ရောဂါတွေနဲ့ အရည်ဝမ်းသွားတာတွေမှာ ဆေးမြီးတိုအနေနဲ့ အသုံးပြုကြပါတယ်။ ပိတောက်ပင်က ရတဲ့ သစ်စေးကို အနီရောင်ဆိုးဆေး အနေနဲ့ သုံးလို့ရပါတယ်။ ပိတောက်အနှစ်သားက ဖြတ်ကာစမှာ ကြက်သွေးရောင်၊ အုတ်နီခဲရင့်ရောင် စသည်ဖြင့် အရောင်တောက်တောက် ရှိတတ်ပြီး အနက်ရောင် အစင်းလေးတွေ ပြေးနေတတ်ပါတယ်။ လေသလပ်သွားတဲ့အခါမှာတော့ အရောင်ညို့ပြီး ညိုရွှေရွှေ ဖြစ်သွားပါတယ်။ အပြင်အကာသားကတော့ မီးခိုးရောင် ရှိပါတယ်။ အသင့်အတင့်ကြမ်း၍ အနံ့စူးစူးလေး ရှိတတ်တယ်။အသားက ကျစ်လစ်မာကျောပြီး လေးလံတာမို့ အကြမ်းခံတယ်။ ခြလည်း မစားနိုင်ပါ။ ဒါပေမဲ့ ပိုးတော့ ထိုးပါတယ်။ လွှနဲ့လွယ်လွယ် ဖြတ်မရပါ။ စူး၊ ဆောက် တို့လို လက်မှုကိရိယာတွေနဲ့ ထွင်းဖို့လဲ ခက်တယ်။ ခြောက်သွားချိန်မှာ ပိုဆိုးတယ်။ ဒါပေမဲ့ ရွေဘော်စားလို့ရတယ် ။ ကော်စွဲတယ်။
ကြမ်းခင်း၊ ပရိဘောဂ၊ ဘိလိယက်ခုံတွေနဲ့ သစ်သားလက်မှုအနုပညာတွေ ပုံဖော်ရာမှာလဲ သုံးတယ်။ သစ်တောပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပိတောက်ပင်ကို သုံးတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဒေသမျိုးရင်း သစ်တောထူထောင်ရေး စီမံကိန်းတွေမှာဆို ပိတောက်ကို စဦးမျိုးစိတ် (Pioneer species) အနေနဲ့ သုံးကြပါတယ်။ ပိတောက်ပင်တွေကို ပြန်းတီးသစ်တောမြေတွေနဲ့ လွင်တီးခေါင်တွေမှာ တခြား အပင်မျိုးစိတ်တွေနဲ့ ရောနှာစိုက်ပျိုးခြင်းဖြင့် အပင်များကြီးထွားမြန်ခြင်း၊ အပင်အခက်အလက်များ ဖြာထွက်ပြီး လောင်းရိပ်ဖြစ်ပေါ်တာကြောင့် ပေါင်းပေါက်ရောက်မှုကို လျော့နည်းစေခြင်း၊ ငှက်နဲ့ လင်းနို့တို့လို တောရိုင်းကောင်တွေကို ဆွဲဆောင်ပြီး အစေ့များကို ဖြန့်ကျက်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ်။
ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်းပြုလုပ်မယ်ဆိုလျှင်
များသောအားဖြင့် အစေ့အိမ်မဖယ်ဘဲ စိုက်ပျိုးပါတယ်။
တိုက်ရိုက်စိုက်ပျိုးနိုင်ပေမဲ့ ရေမှာ ၁၂ - ၂၄ နာရီကြာ စိမ်ပေးရင် အပင်ပေါက် ပိုမြန်ပါတယ်။ အစေ့တွေကို ပျိုးအိမ်ထဲတွင် ဘောင် သို့မဟုတ် ပျိုးခွက်ထဲမှာ ပျိုးထောင်ပါ။
၁၁ ရက်ခန့်ကြာပြီးနောက် အပင်ပေါက်ခြင်း စတင်ပြီး ၆၄ ရာခိုင်နှုန်းခန့် ပေါက်ပါတယ်။
အစေ့တွေကို အစေ့အိမ်ထဲက ထုတ်ပြီး စိုက်ပျိုးရင် ၅ရက်အတွင်း ၇၀ ရာခိုင်နှုန်းနဲ့အထက် အပင်ပေါက်နှုန်းရှိပါတယ်။
မူလရွက်တွေ ဖွံ့ဖြိုးလာရင် ပျိုးအိတ်ထဲသို့ ပြောင်းထည့်ပါ။
ပျိုးပင်တွေကို အပင်သက် ၁ နှစ်ကြာ ၁ ပေ အရွယ်တွင် နေရာအတည်တကျသို့ ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။
အစေ့တွေကို နှစ်ပေါင်းများစွာတိုင်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။ မြေပြင်ပေါ်မှာ ကြွေကျနေတဲ့ အစေ့က အပင်ကနေ တိုက်ရိုက်ခူးတဲ့ အစေ့တွေထက် ပိုပြီး အပင်ပေါက်နှုန်းကောင်းပါတယ်တဲ့။
ပိတောက်အကြောင်းကတော့ ဒီလောက်ပါပဲ ခင်ဗျာ။
“နှစ်သစ်မှာ ရေလို အေးမြပါစေ။ ပိတောက်လို မွှေးကြပါစေ”
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Aung Soe
1 year agoပဲတောင့်ရှေ
Win Ko Thu
1 year agoကျေးဇူးပါ ဆီးရောဂါအတွက်ဘယ်လိုအသုံးပြုရပါမည်သည့်ပရစေ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thu Ra Nyi Nyi
See all
သဘာဝကိုလေ့လာ၊ ရာသီဥတုကိုကာကွယ်၊ အနာဂတ်ကိုကယ်
05/06/2026
ပုတက်ထီးတွေရဲ့ အားပြိုင်ပွဲက ပြောပြတဲ့ သဘာဝရဲ့မျှခြေ
07/01/2026
ဆေးဖိုးမကုန်ဘဲ ကြွက်နှိမ်နင်းနိုင်မယ့် လျှို့ဝှက်လက်နက် "ကိုဇီးကွက်"
19/11/2025
စာဗူးတောင်းသိုက်လေးတွေရဲ့ နောက်ကွယ်..
07/07/2025
မျိုးသုဉ်းနိုင်ခြေရှိတဲ့ ပိုးစုန်းကြူးလေး မီးလင်းရတဲ့ လျှို့ဝှက်ချက်
26/06/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....