Green Way
အရည်အသွေးကောင်းမျိုးစေ့သုံးခြင်း၏ အကျိုးကျေးဇူးများနှင့် မျိုးကွဲပယ်ပေးခြင်း

အရည်အသွေးကောင်းမျိုးစေ့သုံးခြင်း၏ အကျိုးကျေးဇူးများနှင့် မျိုးကွဲပယ်ပေးခြင်း

Green Way
Green Way 25/04/2023

' မျိုးစေ့မမှန်၊ ပင်မသန်...

ဖူးတံငုံကင်း၊ အသီးဖျင်း၏' တဲ့။

#အရည်အသွေးကောင်းမျိုးစေ့များ စိုက်ပျိုးခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ...

  •   မျိုး၏ကောင်းမွန်သောမူလဗီဇအရည်အသွေးကိုထိန်းသိမ်းထားနိုင်ခြင်း
  •   အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ခြင်း
  •   မြေသြဇာ ၊အစိုဓာတ်၊ အလင်းရောင် စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း
  •   အပင်အောင်မြင်ဖြစ်ထွန်းမှုကောင်းခြင်း
  •   ရာသီဥတုနှင့်ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း
  •   ပေါင်းမြက်ကင်းစင်ခြင်း
  •   ပိုးမွှားရောဂါကင်းစင်ခြင်း
  •   ရင့်မှည့်မှုညီညာ၍ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးခြင်း
  •   အခြားမျိုးကွဲများမပါခြင်း
  •   သီးနှံအထွက်နှုန်းကို ၁၀~၂၀ % အထိ ပိုမိုထွက်ရှိစေခြင်း...     

မျိုးစေ့အဆင့်(Seed Class) အနေဖြင့် ၄ ဆင့်ရှိပါသည်။ ၎င်းတို့မှာ - 

  • (၁) Breeder Seed(B.S) (မိဘမျိုးစေ့ - မျိုးမွေးမြူရေးပညာရှင်(Breeder) က ထုတ်လုပ်နိုင်ပါသည်)
  • (၂) Foundation Seed (F.S) (ဆင့်ပွားမျိုးစေ့ - မျိုးမွေးမြူရေးပညာရှင်(Breeder) (သို့မဟုတ်) မျိုးစေ့ကျွမ်းကျင်ပညာရှင်(Seed Production Specialist/Technician) က ထုတ်လုပ်နိုင်ပါသည်)
  • (၃) Registered Seed(R.S) (မျိုးသန့်မျိုးပွားမျိုးစေ့- မျိုးစေ့ကျွမ်းကျင်ပညာရှင်(Seed Production Specialist/Technician) က ထုတ်လုပ်နိုင်ပါသည်)
  • (၄) Certified Seed(C.S) (စီးပွားဖြစ်မျိုးသန့်မျိုးစေ့ - မျိုးစေ့ကျွမ်းကျင်ပညာရှင်(Seed Production Specialist/Technician) က ထုတ်လုပ်နိုင်ပါသည်)

မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင် မည်သည့် မျိုးစေ့အဆင့်ကို စိုက်ပျိုးစေကာမူ...

*ကွင်းဆင်းစစ်ဆေးခြင်း(Field Inspection) မရှိပါက အရည်အသွေးကောင်းမွန်သောမျိုးစေ့များရရှိနိုင်မည်​မဟုတ်ပေ။

အရည်အသွေးကောင်းမျိုးစေ့တွေ ရဖို့ဆိုရင်တော့ မျိုးကွဲပယ်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ လိုပါမည်။

အထူးသဖြင့် မျိုးကွဲပယ်ခြင်းကို...

  •  အပင်ပွားစည်းချိန်...
  •   ပန်းပွင့်ချိန်
  •   ရင့်မှည်ချိန်တို့တွင် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ပါသည်။

(စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်သူ U Mg Mg Aye Facebook မှ ခွင့်ပြုချက်ရယူ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

ဆရာဆင်းသီဟ ရေးသားထားသည့် အောက်ပါဆောင်းပါးဖြင့် တွဲဖက်လေ့လာနိုင်ပါသည်။

 

https://greenwaymyanmar.com/posts/Rice_Seed_Advantages

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Continue reading related topics, questions and articles.

3
Zayar Myint (Dip.Agri)(BA.Geo)

Zayar Myint (Dip.Agri)(BA.Geo)

1 year ago

အပင်မညီတာ. အရပ်ပုတာ. ရှည်တာ. စောထွက်တာ. နောက်ကျထွက်တာ ကြည့်ပြီးပယ်ပါတယ်

Than Htun

Than Htun

3 years ago

မျိုးကွဲပယ်တဲ့အခါဘယ်လိုရွေးချယ်ပယ်ရမလဲဗျ

Aungmintun

Aungmintun

3 years ago

ပြောင်းမျိုးပြန်ကို မြေဆီထည့်ပြီး ပြန်စိုက်ရင်ရောအဆင်ပြေမလား

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....