ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၂) ရာသီအကြိုပြင်ဆင်မှု
ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၁) စိုက်ခင်းစီမံခန့်ခွဲမှုအကြောင်းကို ပြီးခဲ့တဲ့အပတ်က ပြောပြပြီးပြီဆိုတော့ ခုတစ်ပတ်မှာတော့ ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ရာသီအကြိုပြင်ဆင်မှု အကြောင်းကို ပြောပြပေးသွားပါမယ်
ဒီဆောင်းပါးကို ဖတ်ရှုခြင်းအားဖြင့်
ကောင်းမွန်သော ရာသီအကြိုပြင်ဆင်မှု လုပ်ငန်းစဥ်၏ အရေးပါမှုအကြောင်းအရာတွေ၊ ရာသီအကြိုပြင်ဆင်မှုအတွက် လိုအပ်သာ SRP စံချိန်စံညွှန်းများအကြောင်း၊ အန္တရာယ်ရှိသော ဓာတုဓါတ်ကြွင်းများနှင့် ပတ်သက်သော တောင်သူများအမေးများသော မေးခွန်းများ၊ အန္တရာယ်ရှိသော ဓာတုဓါတ်ကြွင်းများ ကျရောက်နိုင်တာကို ဘယ်လိုသိရှိနိုင်မလဲ၊ မိမိတို့ရဲ့ စိုက်ခင်းမှာ အဆိပ်သင့်နိုင်ခြေရှိမရှိ ဆိုတာကို SRPကထုတ်ထားတဲ့ သတိထားရန်အချက်များကို အခြေခံပြီး အဖွဲ့လိုက်ဘေးအန္တာရာယ်စစ်ဆေးခြင်းကို ဆောင်ရွက်နိုင်အောင် ပြောပြပေးထားတာတွေ၊အန္တရာယ်ရှိသော ဓာတုဓါတ်ကြွင်းများနှင့်သက်ဆိုင်သော လိုက်နာရမည့် အချက်တွေကို သိရှိနိုင်ပါတယ်။
ဆားဓါတ်ပါဝင်မှုဆိုတာ ဘာလဲ
မြေကြီးထဲမှာရှိတဲ့ ဆားပမာဏကို ပြောခြင်းဖြစ်ပါတယ်
- ဆားဓါတ်ပါဝင်မှုက လူတွေအတွက် ကောင်းနိုင်ပါသလား
- ဆားဓါတ်ပါဝင်မှုကို အန္တရာယ်အဖြစ်သတ်မှတ်သင့်ပါသလား
- အကယ်၍ သင်၏ မြေတွင် ဆားပေါက်ခြင်း ဖြစ်ပေါ်နိုင်ချေရှိပါက လျှော့ချနိုင်ချေရှိသော နည်းလမ်းများ၊ မစိုက်ပျိုးမီ မိမိစိုက်ခင်းတွင် ဆားပေါက်နိုင်ချေရှိမရှိ စစ်ဆေးနိုင်သောနည်းလမ်းများ၊ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်သော လိုအပ်သော နည်းလမ်းများနှင့် မြေပြုပြင်ပြောင်းလဲခြင်းနှင့် ဇီဝမျိုးစိတ်များအကြောင်းကိုလည်းသိရှိနိုင်သည်။
ဒါတွေအပြင်
- ကျူးကျော်လာသော မျိုးစိတ်များဆိုတာဘာလဲ၊ အတွေ့ရအများဆုံးသော မြေအမျိုးအစားများအကြောင်း နှင့် မြေညှိခြင်းလုပ်ငန်းစဥ်များအကြောင်း၊မျိုးများကို မျိုးကောင်းမျိုးသန့်ဆိုသည်မှာ၊ မျိုးကောင်းမျိုးသန့်များတွေ၏ အရေးပါပုံ ၊အကျိုးကျေးဇူများအကြောင်း နှင့် မျိုးကောင်းမျိုးသန့်များမှ ပေးစွမ်းနိုင်သော အချက်များ၊ SRP စံချိန်စံညွှန်းများတွင် ဖော်ပြထားသော မျိုးကောင်းမျိုးသန့်များအကြောင်းများ စတဲ့အကြောင်းအရာတွေကို အသေးစိတ်သိရှိလေ့လာမှတ်သားနိုင်ပါတယ်နော်
မိမိတို့ကိုယ်တိုင် မျိုးခံစိုက်ပျိုးထားသော မျိုးများမှ မျိုးကောင်းမျိုးသန့်များသို့ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကို ၅ မှ ၂၀ ရာခိုင်နှုန်းအထိ ပိုမို မြင့်တက်စေပါသည်။
အောက်က ဗီဒီယိုလေးကတော့ SRPအသိအမှတ်ပြုလက်မှတ်ကို ရယူဖို့အတွက် ရာသီအကြိုပြင်ဆင်ရခြင်းရဲ့ အရေးပါပုံအကြောင်းကို အသေးစိတ်ရှင်းပြပေးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ လေ့လာကြည့်ပေးကြပါဦးရှင်။
Continue reading related topics, questions and articles.
Topic 1
စပါးစိုက်ပျိုးနည်း
Applicable farm inputs (Ad)
Anonymous
5 years agoစပါးပိုးကျတာဘယ်လိုလုပ်သင့်သလဲခမျ
Content provider
Helvetas မြန်မာ
Helvetas သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့တွင် မှတ်ပုံတင်ထားရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတိုက်များရှိဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၃၀) တွင် လုပ်ကိုင်လျက်ရှိပါသည်။ Helvetas အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ လူမှုအကျိုးပြုစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကနဦး လုပ်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသများတွင် စိုက်ပျိုးရေးနှင့် ကျေးလက် ပြည်သူများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊အသက်မွေးမြူရေးဆိုင်ရာ အခန်းကဏ္ဍများ၌ အလေးပေးဆောင် ရွက်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မုတ္တမပင်လယ်ကွေ့၏ တမူထူးခြားသော ဇီဝမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်ဖွံ့ ဖြိုးလာစေရန်ဆောင်ရွက်လျက်ရှိပြီး ယင်းတို့ကို အမှီပြုလျက်ရှိသော လူသားမျိုးနွယ်စုကို အကျိုးပြုရန် ရည်ရွယ်၍ မုတ္တမပင်လယ်ကွေ့ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါဝင်သည့် ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်ကိုဆောင်ရွက်လျက်ရှိသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026