ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပရိုဖီနိုဖော့)
ပိုးသတ်ဆေး ai တမျိုးချင်းစီအလိုက် အာနိသင်နှင့် အသုံးပြုပုံတွေအကြောင်း ဖော်ပြနေရာမှာ အခုဆိုရင် ပိုင်ရီသရွိုဒ်/ဆေးဂန္ဓမာ အုပ်စုနဲ့ OPI(Organo Phosphate Insecticides - ဖော့စဖိတ်ပါသော ဆေးအုပ်စုများ အကြောင်းတွေကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
အောက်ပါလင့်တွေကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပိုင်ရီသရွိုဒ်/ဆေးဂန္ဓမာအုပ်စု)>>> https://greenwaymyanmar.com/posts/Pesticides_pyrethroid
ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ဖော့စဖိတ်ဆေးအုပ်စုများ) >>> https://greenwaymyanmar.com/posts/Organo_Phosphate_Insecticides
အခုအပိုင်းမှာတော့ OPI ဆေးအုပ်စုထဲက ပရိုဖီနိုဖော့ အကြောင်း ဆက်လက်ပြောပြပေးသွားပါမယ်။

Profenofos (ပရိုဖီနိုဖော့)
OPI (ဖော့စဖိတ်ပါသောဆေးအုပ်စုများ) အုပ်စုတူသော်ငြားလည်း၊ ဓာတုဖွဲ့စည်းပုံမတူခြင်း၊ ထုတ်လုပ်ပုံ ဖော်မြူလာမတူခြင်းတို့ကြောင့်..အသုံးပြုပုံ၊ ဆေးအာနိသင်တွေတော့ မတူကြပေ။
သို့ဖြစ်ပါ၍ အေအိုင်တမျိုးချင်းအလိုက် တခုချင်း အသေးစိတ် ထပ်မံခွဲခြားဖော်ပြရခြင်းဖြစ်ပါသည်။
အဆိပ်သင့်လမ်းကြောင်း(MoA)
inhibition of the acetylcholinesterase enzyme.
ဆေးအာနိသင်
- ထိသေ/စားသေ၊ အရွက်တွင်း စိမ့်ဝင်ပျံ့နှံ့စေပါသည်။
- ပိုးဥများ ကန်းစေသော(Ovicide.action) အာနိသင်ရှိပါသည်။
ဆေးအမျိုးအစား
- အင်းဆက်ဆေး၊ မွှားပင့်ကူဆေး
အဓိကနှိမ်နင်းနိုင်သော ဖျက်ပိုးများ
စပါး၊ မြေပဲ ရွက်လိပ်/ကပ်၊ ရွက်ဖြတ်ပိုး၊ ဆစ်ပိုး၊ နှံစုပ်ပိုး၊ ငမြောင်တောင်၊ ခူမွှေးရှည်၊ ဝါသီးလုံးဖောက်၊ ပဲပွင့်ထွေးပိုး၊ ပင်ဖြတ်ပိုး၊ မွှားပင့်ကူ၊ ပိုးစေးနှဲ၊ အကြေးပိုးများ၊ ရွက်စားကျိုင်းများ၊ အခွံမာကျိုင်းများ....စသည်...
အသုံးပြုရန်နှုန်းထား
ရေ ၁ ဂါလံ = ဆေး ၁၀ စီစီ
အဆိပ်သင့်မှု
သန(၅၀) = (၃၅၀ မီလီ /ကီလိုဂရမ်)
လူနှင့်သွေးနွေးသတ္တဝါများ အတွက် အရေပြားနဲ့ထိမိပါက ယားယံခြင်း၊ ပူစပ်ခြင်း၊ ရှူမိပါက မူးဝေအော့အန်ခြင်းများ ဖြစ်စေတတ်ပါသည်။ (အကာအကွယ်ပစ္စည်းများသုံးပြီးမှ ဆေးဖျန်းပါ)
ငှက်များ၊ ပျားပိတုန်းများ၊ ငါးများကို အန္တရာယ်ရှိစေပါသည်။
သီးနှံပင်လောင်ကျွမ်းမှု
ပရိုဖီနိုဖော့သည် ဖော့စဖိတ်ဓာတ်ကြောင့် မြေပဲကဲ့သို့ ယာသီးနှံများတွင် ပိုးရှင်းရုံသာမက အပင်ကိုလည်း စိမ်းမြစေပါသည်။
သို့သော် EC ဖော်မြူလာဖြစ်သဖြင့် အပွင့်ဝင်ချိန်၊ အပူချိန်မြင့်ချိန်တွင် နှုန်းထားများများဖျန်းပါက
အပွင့်ကြွေခြင်း/ဝတ်မှုန်ကူးမှု မအောင်မြင်ခြင်းများ ဖြစ်စေနိုင်ပါသည်။
သတိပြုရန်
ဝါသီးနှံတွင် နှုန်းထားများများဖျန်းပါက အရွက်ဖျားများ နီရဲတတ်ပါသည်။
စေတနာများစွာဖြင့်
ဦးသာပို
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပိုးသတ်ဆေးအေအိုင်များ
ကိုဇော်
1 year agoo
သော်ဇင်
3 years agoနှမ်းအမြစ်မှာအနီစက်လေးတွေ တွေ့နေရလိူ
သော်ဇင်
3 years agoAzoxystrobin±difenoconazole
သော်ဇင်
3 years agoဆရာဒီaiကအမြစ်ဆီရောက်နိုင်သလားဆရာ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all