ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ(ဖန်သိုအိတ်)
စျေးကွက်ဝင်အမည်များ - ကမ်မရွန်း/အယ်လ်ဆန်/ဗိုက်ဆန်/ဖော်ဆန်/ဟီးရိုးဆန်/ရွှေဖန်သို/ဖန်သိုကင်း/မာလာမြိုင်ဖန်သိုအိတ်....
Chemical Group: Organophosphate group of insecticide
အဆိပ်သင့်လမ်းကြောင်း(Mode of Action) - cholinesterase enzyme inhibition,
ဆေးအာနိသင် -
- ဖျက်ပိုးများကို ရေရှည်ထိန်းချုပ်နိုင်ပြီး အင်းဆက်ပိုးမွှားများ၏ခံနိုင်ရည်ကို ဖျက်ဆီးပေးခြင်းဖြင့် လျင်မြန်စွာနှိမ်နင်းစေသောလုပ်ဆောင်ချက်။
- အခြားဆေးအုပ်စုများနှင့် ပေါင်းစပ်လုပ်ဆောင်မှုနှင့် ပိုးဥများကန်းစေသော (Ovicidal )လုပ်ဆောင်မှု။
- အနံ့ ပြင်းထန်ပြီး အရွယ်ရောက်ပြီးသောပိုးဖလံများ ဥဥခြင်းမှ ကာကွယ်ပေးမှု
ထိသေ/စားသေ အာနိသင်ရှိပြီး အင်းဆက်များကို လျင်မြန်စွာ ပြုတ်ကျစေသော အာနိသင်ရှိသည်။
ဆေးအမျိုးအစား - အင်းဆက်ဆေး၊ မွှားပင့်ကူဆေး

အဓိကနှိမ်နင်းနိုင်သောဖျက်ပိုးများ
- ဝါသီးလုံးဖောက်ပိုး(CottonBollworm,)၊
- ပန်းရောင်သီးလုံးဖောက်ပိုး( Pink Bollworm)၊
- စပါးရွက်လိပ်အိမ်ပိုး(PaddyRice Caseworm)၊
- မတ်ပဲ/ပဲတီစိမ်း ခူမွှေးရှည်(Black gramBihar Hairy Caterpillar)၊
- ပဲတောင့်ထိုးပိုး(GramPod Borer)၊
- မြေပဲ ရွက်လိပ်ရွက်ကပ်ပိုး(GroundnutLeaf Webber)
- သစ်သီးဝလံ လှေးပိုး(Thrips)
အသုံးပြုရန်နှုန်းထား
- သီးနှံ/ပိုး အနည်းအများ၊ အကြီးအသေးလိုက်ပြီး နှုန်းထားကို ချိန်ဆဖျန်းပါ။
- ၄ ဂါလံ ဆေး ၁ ပုံး = ၄၀ - ၆၀ စီစီ
အဆိပ်သင့်မှု
- သန(၅၀) = (၂၄၉-၂၇၀ မီလီဂရမ်/ကီလိုဂရမ်)
- ရေနေသတ္တဝါများ၊ ပျားများကို အဆိပ်သင့်စေနိုင်ပါသည်။
သီးနှံပင်လောင်ကျွမ်းမှု
- အညွှန်းပါအတိုင်း အသုံးပြုပါက ဆေးလောင်ခြင်းမရှိပါ။
- သို့သော် စပျစ်နှင့်မက်မွန်၊ အနီရောင်ပန်းသီးပင်များတွင် ဆေးလောင်တတ်ပါသည်။
သတိပြုရန်
သီးနှံပင်များ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် နံနက်ခင်းတွင် ဆေးဖျန်းခြင်း မပြုလုပ်သင့်ပါ။ အပွင့်ကြွေနိုင်ပါသည်။
(အခြားဆေးများနှင့် ရောစပ်ဖျန်းနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ပိုးသတ်ဆေးအေအိုင်များ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒို့ဦးလေး
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....