စိုက်ပျိုးရေးအတွက် အသုံးတည့်လွန်းတဲ့ ပါလိုက်...
ဖော့ကျောက်ဟုလည်း ခေါ်ကြသည့် ပါလိုက်(Perlite) သည် စိုက်ပျိုးရေးတွင် အသုံးတည့်သော သတ္တုတစ်မျိုးဖြစ်သည်။ သူ့ကို သိသူရှိသလို မသိသူလည်းရှိကြသည်။ ဆိုတော့ ပါလိုက်ဆိုတာဘာလဲ...ဘယ်ကနေဘယ်လိုဖြစ်လာသလဲ...ဘယ်လိုအသုံးဝင်တာလဲ?

ပါလိုက်ဆိုသည်မှာ...
အလေးချိန်ပေါ့သော၊ ပိုးသတ်ထားသော၊ ကိုင်တွယ်ရလွယ်ကူသော၊ ကြာရှည်ခံသော၊ အဖြူရောင် အဖြုန်းအစေ့ဆန်သော၊ စိုက်ပျိုးရေးတွင်အသုံးများသော သတ္တုတစ်မျိုးဖြစ်သည်။ ၎င်းတွင် (၇၀-၇၅ ရာခိုင်နှုန်း) ဆီလီကွန်ဒိုင်အောက်ဆိုဒ်ပါဝင်ပြီ ကျန်သည့် ၂၀-၂၅ ရာခိုင်နှုန်းကတော့ အလူမီနီယမ်အောက်ဆိုဒ်၊ ဆိုဒီယမ်အောက်ဆိုဒ်၊ ပိုတက်စီယမ်၊ အိုင်းယွန်း၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်နှင့် အစိုဓာတ်များ ပါဝင်နေခြင်းဖြစ်သည်။
ပလတ်စတစ်ဖော့ဖြူတုံးလေးများနှင့်တူသော်လည်း အမှန်တကယ် ကုန်ကြမ်းအနေနှင့်ကတော့ ရေပမာဏမြင့်မားစွာပါဝင်သော မီးတောင်ကျောက်သား (volcanic glass)များကနေ အခြေခံ ရရှိလာခြင်းဖြစ်သည်။
တူးဖော်ပြီး မီးတောင်ကျောက်များကို အပိုင်းပိုင်း ခွဲလိုက်ပြီး ၁၀၀၀ ဒီဂရီ ဆဲလ်စီးယပ်အထိ အပူ ပေးလိုက်လျှင် အစိုဓာတ်များ အငွေ့ပျံသွားပြီး ပြန့်ကားလာကာ ပေါက်ပေါက်ပုံသဏ္ဌာန် ပါလိုက်ဆိုသည်များ ဖြစ်လာခြင်းဖြစ်သည်။
စိုက်ပျိုးရေးတွင် ပါလိုက်၏အရေးပါပုံ
ပါလိုက်၏ ပြန့်ကားလာသောသဘာဝအရ အပေါက်ငယ်အများအပြားရှိစေ၍ ရေစုပ်ယူမှု ကောင်းသည်။ အလားတူ ရေစီးဆင်းမှုလည်း ကောင်းနေပြန်ခြင်းကြောင့် မြေဆွေးမြေဩဇာများ ပြုလုပ်ရာတွင် ရေမဝပ်ရအောင် ပါလိုက်ရောသုံးပေးခြင်းက အကောင်းဆုံးဖြစ်စေနိုင်သည်။
အိုးတွင် ထည့်စိုက်ရန်သုံးသော မြေသြဇာအရော(potting mix) အများစုတွင် ပါလိုက် အနည်း ဆုံး(25%) ပါတတ်သည်။ ပါလိုက်သည် မျက်နှာပြင်ပေါ်တွင် ရေဓာတ်ထိန်းထားပြီး သူ့အတွင်းထဲတွင် လေကိုထိန်းထားပေးသည်။ ထို့ကြောင့် potting mix တို့သည် သိသိသာသာ ပေါ့နေပြီး ရေစီးဆင်းမှုကောင်းစေခြင်းနှင့်အတူ အပင်အမြစ်များအတွက် အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် ပါလိုက်သည် ဗာမီကူလိုက်ကဲ့သို့ ပိုးသန့်နေသလို ဓာတ်လည်းမပြုတော့နိုင်ခြင်းကြောင့် အန္တရာယ်ကင်းသော သတ္တုမျိုးလည်း ဖြစ်သည်။
ပါလိုက်အတွင်း ဖမ်းယူထားသောရေ အငွေ့ပျံသွားပြီးပါက ပါလိုက်သည် မူလအရွယ်အစားထက် (၇-၁၆)ဆ ပြန့်ကားလာပြီး သိပ်သည်းဆသည် မပြန့်ကားခင်ကထက် လျော့နည်းလာပါသည်။ ယင်းအချက်က အပင်ကိုင်းဖြတ်စိုက်ခြင်းနှင့် မျိုးစေ့မှ တိုက်ရိုက်စိုက်ခြင်းအပါအဝင် အပင်မျိုးပွားခြင်းတို့တွင် အထူးအသုံးဝင်စေပါသည်။
မြေဆွေးမြေသြဇာနှင့် ၅၀:၅၀ အချိုး ရောခြင်းဖြင့် ပါလိုက်သည် မြေဆီလွှာကိုလည်း ရေထိန်းပေးသည်။ မြေဆီလွှာကြားထဲတွင် လေဝင်လေထွက်ကောင်းအောင်လည်း ကူညီပေးသည်။ ထို့ကြောင့် နူးညံ့သောအပင်မြစ်များအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး အမြစ်ထွက်အား ကောင်းစေသည်။
ကိုင်းကူးကိုင်းဖြတ်စိုက်အပင်များသည် ပါလိုက်မြေခံချည်းတွင်လည်း အမြစ်ထွက်နိုင်သဖြင့် အစိုခံထားသောပါလိုက်တွင် ကိုင်းထိုးစိုက်ခြင်း ပြုလုပ်နိုင်ပါသည်။
အရွယ်အစားလိုက် ပါလိုက်၏လုပ်ဆောင်နိုင်စွမ်းများ
ပါလိုက်အရွယ်အစားကိုလိုက်၍ ရေထိန်းထားနိုင်မှု၊ လေဝင်လေထွက်နှင့် အသုံးပြုနိုင်သော အပင်အမျိုးအစားများ ကွာခြားနိုင်ပါသည်။
- အရွယ်အစားအလွန်ကြီး(တစ်လက်မ၏ ၁/၄ မှ ၃/၃၂ အရွယ်ခန့်) ပါလိုက်သည် ရေထိန်းနိုင်မှု ၁၉ ရာခိုင်နှုန်းသာရှိနိုင်ပြီး လေဝင်လေထွက်အလွန်ကောင်းကာ ရေစီးဆင်းမှုမြင့်မားသည်။ ဥယျာဉ်ခြံများတွင်တော့ အသုံးနည်းပါသည်။
- အရွယ်အစားအကြီးစား(တစ်လက်မ၏ ၃/၁၆ ခန့်မှ ၃/၆၄ အရွယ်ခန့်) ပါလိုက်ကတော့ ရေထိန်းထားနိုင်မှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ရေစီးဆင်းစေနိုင်မှုလည်း မျှတပါသည်။ ဆက်ကူလန့်အပင်များနှင့်သစ်ခွပင်များအတွက် သင့်တော်သည့်အနေအထားဖြစ်သည်။
- အလယ်အလတ်အရွယ်ပါလိုက် (တစ်လက်မ၏ ၁/၈ နှင့် ၁/၃၂ ကြား) ကတော့ ရေထိန်းထားနိုင်မှု ၄၆ ရာခိုင်နှုန်းထိရှိသည်။ အိုးနှင့်ထည့်စိုက်ရသည့်အပင်များနှင့်ပျိုးပင်ပေါက်များ အတွက် အကောင်းဆုံးအရွယ်အစားဖြစ်သည်။
- အရွယ်အစားအသေးဆုံး(တစ်လက်မ၏ ၁/၁၆ မှ ၁/၁၂၈ ကြားအရွယ်) ပါလိုက်ကတော့ ရေထိန်းနိုင်စွမ်း ၅၂ ရာခိုင်နှုန်းထိရှိနိုင်ပြီး ကိုင်းဖြတ်စိုက်အပင်များ၊ မျိုးစေ့အညှောက်စဖောက်ခြင်းများအတွက် သင့်တော်ပါသည်။
ကောင်းကျိုးနှင့်ဆိုးကျိုးများ
ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေသလို ပါလိုက်ကို အသုံးပြုရာတွင်လည်း ကောင်းကျိုး၊ ဆိုးကျိုးများ ရှိနိုင်ပါသည်။
ကောင်းသည့်အချက်များကတော့...
- သူ့သဘာဝအရကိုက ပိုးသတ်ပြီးသားမျိုးဖြစ်၍ မျိုးစေ့အညှောက်ဖောက်ရာတွင် အမြစ်ပုပ်ခြင်း၊ ရိခြင်းများ ဖြစ်စေသည့်မှိုရောဂါများကို ကာကွယ်ပေးနိုင်ခြင်းဖြင့် အသုံးတည့်သည်။
- အပင်ကြီးထွားမှုအတွက် လိုအပ်သည့်အာဟာရများ သဘာဝအတိုင်းပါဝင်နေသည်။
- အဆိပ်အတောက်မဖြစ်စေသည့်အရာမျိုးဖြစ်၍ တချို့အရာတွေလို မသုံးခင် ရေဆေးပေးရခြင်းမျိုး မရှိပေ။
- အယ်ကာလိုင်းဓာတ်မရှိသကဲ့သို့ အက်စစ်ဓာတ်လည်းမရှိခြင်းကြောင့် ၎င်းကိုအသုံးပြုထားပါက မြေအချဉ်၊ အငန်ကို ထိန်းညှိပေးရန်လည်း မလိုအပ်ပေ။ တခြားအရာများနှင့်ရောသုံးပါကလည်း မြေချဉ်ငန်ကိန်းကို ထိန်းညှိပေးပြီးသား ဖြစ်စေသည်။
- သူချည်းသပ်သပ် သုံးနိုင်သလို တခြားအရာများနှင့်လည်း ရောသုံးနိုင်သည်။
- မျိုးညှောက်ပေါက်ခြင်းကောင်းစေသလို ရွှေ့ပြောင်းစိုက်ရာတွင် အမြစ်များကို မထိခိုက်စေခြင်း ကြောင့် အပင်မျိုးပွားခြင်းများအတွက် အသုံးတည့်သည်။
- ပြိုကွဲပျက်စီးသွားခြင်းမျိုးမရှိသည့်အတွက် တစ်နှစ်ပြီးတစ်နှစ် ပြန်လည်အသုံးပြုနိုင်သည်။
- အလွယ်တကူ ထုတ်လုပ်ရရှိနိုင်သည်။
ဆိုးကျိုးများအနေနှင့်ကတော့...
- ရေစီးဆင်းမှုကောင်းစေခြင်းကြောင့် ရေဝပ်ခြင်းကို မဖြစ်စေတော့သော်လည်း တစ်ဘက်တွင်တော့ ယင်းအချက်ကြောင့် ရေကို ကြာရှည်ထိန်းထားနိုင်စွမ်းတော့ မရှိတော့ပေ။
- အလွန်ပေါ့လွန်းသောကြောင့် ရေကိုလိုအပ်သည်ထက် ပိုလောင်းမိပါက ရေနှင့်မျောပါသွားခြင်းမျိုး ဖြစ်နိုင်သည်။
- အလွယ်တကူထုတ်ယူရရှိနိုင်သော်လည်း မီးတောင်ကျောက်များကို အသုံးချရယူထားခြင်းဖြစ်၍ အုန်းခွံလိုမျိုး နောက်ထပ်အသစ်ပြန်လည် ရရှိနိုင်ခြင်းမျိုးတော့ မရှိေပ။
- အမှုန်ထတတ်သောကြောင့် ကိုင်တွယ်ရာတွင် မရှူမိစေရန်၊ မျက်လုံးထဲမဝင်စေရန် မျက်မှန်၊ နှာခေါင်းကာများ အသုံးပြုသင့်သည်။
- ရေဆုံးရှုံးမှုမြန်သောကြောင့် သူချည်းသီးသန့် အသုံးပြုပြီး အပင်စိုက်ပါက ထပ်ကာထပ်ကာ ရေလောင်းရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုပါက ပါလိုက်သည်...
- ပတ်ဝန်းကျင်တွင် အိတ်ထုပ်အရွယ်အစားအမျိုးမျိုးနှင့် ဝယ်ယူရရှိနိုင်ပါသည်။
- ရေစိမ့်ဝင်နိုင်မှု မြင့်မား၍ ရေထိန်းထားနိုင်မှု ကောင်းသလို ရေစီးဆင်းမှုလည်း ကောင်းစေသည်။
- အလေးချိန်လည်း အလွန်ပေါ့သောကြောင့် သယ်ယူရ လွယ်ကူသည်။
- ဥယျာဉ်ခြံသီးနှံများ၊ ပန်းခြံများအတွက် မြေဆီလွှာအာဟာရဖြည့်စွက်ခြင်း၊ မြေမဲ့စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်စိုက်ခြင်းတို့တွင် အလွန်အသုံးဝင်သည်။
- ရွှံ့စေးဆန်သောမြေများတွင် ဖြည့်စွက်အသုံးပြုပါက မြေကျပ်ခြင်းကို ရှောင်ရှားနိုင်သည်။
ထို့ကြောင့်လည်း ပါလိုက်သည် စိုက်ပျိုးရေးတွင် အမှန်တကယ်အသုံးတည့်သော သတ္တုတစ်မျိုး ဖြစ်နေရခြင်းဖြစ်ပါသည်။
Ref:
https://bit.ly/3JT3928
https://bit.ly/3YxvwqQ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Khun Hsan Aung
1 year agoWhere can I buy perlite?
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Aye Aye
See all
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023