ကြက်သွန်နီကို အမြစ်ထွက်ဟိုမုန်းအဖြစ် အသုံးချခြင်း
(ကြက်သွန်နီ - သဘာဝအမြစ်ထွက်စေသောဟိုမုန်း)
မြေထုပ်စည်းခြင်းနှင့် ကိုင်းကူးကိုင်းဆက်ခြင်းတို့တွင် အသုံးဝင်သော ဟိုမုန်းအမျိုးအစား(၂)မျိုးဖြစ်သည့် Auxin နှင့်Gibberellins တို့သည် ကြက်သွန်နီဥတွင် ပါဝင်နေသည်။

Auxin သည် ဆဲလ်ရှည်ထွက်ခြင်းကို အားပေးသော ဟိုမုန်းဖြစ်သည်။ ထို့အပြင် အပင်၏ ဘဝစက်ဝန်းတွင် ကြီးထွားမှုဆိုင်ရာ၊ အပြုအမူဆိုင်ရာ ဖြစ်စဉ်များတွင် ဟန်ချက်ညီအောင် ကောင်းစွာထိန်းချုပ်နိုင်မှု၌ အရေးကြီးဆုံးကဏ္ဍအနေဖြင့် ပါဝင်သည်။ ဆဲလ်ကွဲပွားခြင်း၊ ဆဲလ်အသွင်ပြောင်းခြင်းနှင့် ကိုင်းဖြတ်စိုက်ရာ၌ အမြစ်ထွက်စေခြင်းတို့ကို ဖြစ်စေသည်။
Gibberellins သည် ပင်စည်ရှည်လျားခြင်း/ဆန့်ထွက်ခြင်း၊ အညှောက်ပေါက်ခြင်း၊ အစေ့ငုပ်လျှိုးခြင်း၊ ပန်းပွင့်ခြင်း၊ အရွက်နှင့်အသီးများရင့်ရော်ခြင်း စသည့် ဖွံ့ဖြိုးမှုဆိုင်ရာ ဖြစ်စဉ်အမျိုးမျိုးကို ထိန်းချုပ်သော အပင်ဟိုမုန်းဖြစ်သည်။
အသုံးပြုပုံ
#မြေထုပ်စည်းခြင်းအတွက်
ကြက်သွန်နီဥကို အခွံခွာ၍ ထိပ်တိပေးရမည်။ ထို့နောက်..
- ပင်စည်၏ဒဏ်ရာပေးထားသောနေရာကို ကြက်သွန်နီထိပ်ဖွင့်ထားသာအပိုင်းနှင့် ပွတ်ပေးရပါမည်။ ဒဏ်ရာပေးထားသော ပင်စည်၏အပေါ်ပိုင်းကို ပွတ်ပေးလျှင် ရပါသည်။
- ပြီးနောက် ပုံမှန် မြေထုပ်စည်းနည်းအတိုင်း ပြုလုပ်နိုင်ပါသည်။
- (၂၂)ရက်ခန့်တွင် ထိုနေရာတို့မှ အမြစ်များ စတင်ထွက်လာပါမည်။
- (၃၀ - ၄၅) ရက်ခန့်တွင် မြေထုပ်စည်းသောအပင်များအတွက် ကိုင်းဖြတ်၍ ရွှေ့ပြောင်းစိုက်ရန် သင့်တော်သော အချိန်ဖြစ်ပါသည်။
#ကိုင်းကူး/ကိုင်းဆက်ခြင်းအတွက်
- ပင်စည်၏ဒဏ်ရာပေးထားသောနေရာကို ကြက်သွန်နီဥနှင့် ပွတ်ပေးရုံသာမက ကူးမည့်ကိုင်း(scion) ကိုလည်း ပွတ်ပေး၍ ကိုင်းဆက်ခြင်းဖြင့် ရှင်သန်နိုင်မှု ပိုကောင်းပါသည်။
- ကြက်သွန်သည်callusing (အသားတက်ခြင်း) ဖြစ်စေမှု ပိုကောင်းစေသောကြောင့်ဖြစ်သည်။
#ပင်စည်ကိုင်းဖြတ်စိုက်ခြင်းအတွက်
- ကြက်သွန်နီဥကို ကြိတ်စက်ဖြင့် ကြိတ်၍ မြေခံ media ထဲတွင် ရောမွှေ၍ စိုက်ခြင်းဖြင့် အမြစ်ထွက်မှုကို ပိုကောင်းလာစေပါသည်။
ကဲ... ကြက်သွန်နီဥရဲ့ အသုံးဝင်ပုံလေးတွေကို သိပြီဆိုတော့...
ကိုင်းကူး၊ ကိုင်းဆက်ရာမှာ ကြက်သွန်နီဥကို အကျိုးရှိရှိ အသုံးပြုနိုင်ကြတော့မယ်လို့ ယုံကြည်ပါတယ်ရှင့်။
Ref; https://bit.ly/3dsuXwA
https://bit.ly/3qP8LQf
https://bit.ly/3xAVWg6
https://fb.watch/fotcHy8CC8/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
အပင်ဟိုမုန်း
Applicable farm inputs (Ad)
အောင်
2 years agom150 ရော
ULaDoi
3 years agoကြက်သွန်နီ 1 လုံးကိုအကြိမ်ရေဘယ်လောက်ထိသုံးလို့ရသလဲဆရာ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Aye Aye
See all
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....