ပိုးသတ်ဆေးဖျန်းပြီး ငွေဖြုန်းနေကြသူများ
စိုက်ပျိုးသီးနှံစိုက်ပျိုးနေကြသူများအနေဖြင့် မိမိတို့ဆောင်ရွက်နေမှုများသည် မှန်ကန်မှုရှိရဲ့လား၊ မှား ယွင်းနေတာလားဆိုတာကို ပြန်လည်ဆင်ခြင်သုံးသပ်ရန် လိုအပ်လာပြီလို့ ဆိုချင်ပါတယ်။
ဘာတွေမှားယွင်းနေတာလဲ၊ ဘာတွေပြင်ဆင်ရန်လိုတာလဲ ဆိုလာရင်တော့...
ပိုးသတ်ဆေး ပက်ဖျန်းမှုတွင် တွေ့မြင်နေရသော အမှားများလို့ ဆိုရမှာပါ။
မိမိအနေဖြင့် စိုက်ပျိုးရေးကိစ္စရပ်များဖြင့် ခရီးထွက်သည့်အခါ၊ မိမိအား အပ်နှံထားသော မတ်ပဲစိုက်ခင်းများကို သွားသည့်အခါ၊ လမ်းတလျှောက်စိုက်ခင်းများတွင် ပိုးသတ်ဆေး ပက်ဖျန်းနေကြသူများနှင့် ကြုံတွေ့သည့်အချိန်တွင်..
- ♥အပင်ဘယ်နှစ်ရက်သားရှိနေပြီလဲ၊
- ♥ဘာမျိုးစိုက်တာလဲ၊
- ♥ဘာဆေးဖျန်းတာလဲ၊
- ♥ဆေးကို ဘယ်နှုန်းသုံးတာလဲ၊
- ♥တစ်ဧက ဆေးဘယ်နှစ်ပုံး ဖျန်းတာလဲ၊
စသည်ဖြင့် မေးမြန်းလေ့ရှိရာ အမြင်မတော်တာတွေ အများကြီး တွေ့ဖြစ်ပါတယ်။
ဘာတွေလဲဆိုတော့...
ကုမ္ပဏီ၊ ဆေးအမည်တို့ကို အစွဲဖြင့် သုံးစွဲနေကြသူများ၊ မိမိကြိုက်သော ဆေးအမျိုးအစားကို တစ်ရာသီအတွင်း ထပ်ခါထပ်ခါ အသုံးပြုနေကြသူများကို တွေ့နေရသည့်အပြင်...
- ဆေးသုံးစွဲမှု(ဆေးနှုန်း)။
- ဆေးအမယ် အများအပြား ရောစပ်ပက်ဖျန်းခြင်း။
- မရောသင့်သည့်ဆေးများ ရောစပ်ပက်ဖျန်းခြင်း။
စသည်တို့တွင် အမှားအယွင်များစွာ ကြုံတွေ့နေရပြီး မိမိတို့ သုံးစွဲချင်သလို ဆေးဖျန်းပုံးအတွင်း ထည့်သွင်းပက်ဖျန်းနေကြခြင်းကို တွေ့ရှိနေရပြီး ထိုကိစ္စများသည် လုပ်ဆောင်သင့်သလားဆိုတာကို ပြန်မလုပ်ဆောင်သင့်သလားလည်း သုံးသပ်ရန်လိုအပ်လာပြီလို့ ဆိုချင်ပါတယ်။
မိမိအနေဖြင့် ကုမ္ပဏီအစွဲ၊ ဆေးအစွဲတို့ကို ရေးသားခဲ့ဖူးပြီးဖြစ်၍ ထပ်မရေးလိုသော်လည်း အချို့ကိစ္စများသည် ရေးသားရန်လိုအပ်လာပြီဖြစ်၍ ရေးသားရပါလျှင်..
- ♥ဆေးသုံးစွဲမှု(ဆေးနှုန်း)၊
- မကြာခဏတွေ့နေရသော အဖြစ်အပျက်လုပ်ရပ်များပါ။
မိမိအနေဖြင့် မိမိထံအပ်နှံထားသော စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုရင်း လယ်နီးစပ်တောင်သူ ပိုးသတ်ဆေး ပက်ဖျန်းနေတာကို တွေ့ရတော့ သွားပြီးစပ်စုမိပါတယ်၊ ဘာဆေးတွေ ဖျန်းနေသလဲပေါ့။
ဟက်ဇာဂွန်(Hexaconazole) ဖြန်းနေခြင်းဖြစ်ပြီး စက်ဆေးဖျန်းပုံး တစ်ပုံးလျှင် 75 CC ထည့်သွင်း၍ ပက်ဖျန်းနေခြင်း ဖြစ်ရာ ထိုပဲခင်းအား ကြည့်မိတော့ ဖားဥမှို၊ သံချေး၊ ရွက်ပျောက်ရောဂါ တစ်မျိုးမှ ရှိနေတာ မဟုတ်ဘဲ ကာကွယ်မှုအနေဖြင့် ပက်ဖျန်းနေခြင်းတာလို့ တွေ့ရပါတယ်။
ဒီလိုကာကွယ်မှုအနေနဲ့ပဲဆိုရင် စက်ဆေးဖျန်းပုံး တစ်ပုံးလျှင် 75 CC ထည့်သွင်း၍ ပက်ဖျန်းခြင်းဟာ များလွန်းနေပြီး 25 CC ခန့်သာ သုံးစွဲသင့်ပြီး ကုသလျှင်မူ 40 CC ခန့်သာ သုံးသင့်တာပါ။
ဆေးအမယ် အများအပြား ရောစပ်ပက်ဖျန်းခြင်း
အဆင်အခြင်မဲ့ လုပ်ရပ်တစ်ခုလို့ မြင်နေရပြီး ထိုသို့ ရောစပ်သုံးစွဲမှု အလေ့အကျင့်ကို စတင်တီထွင် ကျင့်သုံးစေခဲ့တာကတော့ ဆေးရောင်းချသူ၊ ကုမ္ပဏီဝန်ထမ်း အချို့ဖြစ်နေကာ သူတို့ရောစပ်ပေးတာကတော့ Ai တစ်မျိုး၊ နှစ်မျိုးသာ ပါတဲ့ဆေးတွေကို အများဆုံး နှစ်မျိုးခန့်သာ ရောစပ်ပက်ဖျန်းစေခဲ့တာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ ယခုအခါမှာတော့ ဆရာထက် တပည့်လက်စောင်းထက်ဆိုသလို ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို နှစ်မျိုးလောက်တင် ရောစပ်ပက်ဖျန်းခြင်း မဟုတ်တော့ဘဲ သုံးမယ်၊ လေးမယ်အထိ ရောစပ်ပက်ဖျန်းနေကြတာကို စိတ်ပျက်ဖွယ်ရာ တွေ့မြင်လာရပါတယ်။
ထိုသို့ရောစပ်ပက်ဖျန်းနေကြသူများဟာ ပိုးသတ်ဆေးအကြောင်း ဘာမှ ရေရေရာရာ မသိရှိဘဲ ကုမ္ပဏီ တစ်ခုချင်းအလိုက် နာမည်ကြီးသောဆေးများ၊ ကုမ္ပဏီနှစ်ခုတွင် နာမည်ကြီးသောဆေးများကို ရောစပ်ပက်ဖျန်းမှု ပြုနေကြခြင်း ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်သင့်ပါသလားလို့ ဆိုလာလျှင်တော့ အဆင်အခြင်မဲ့လုပ်ရပ်လို့ပဲ ဆိုရမှာဖြစ်၍ မလုပ်ဆောင်သင့်ပါဘူးလို့ ပြောချင်ရေးချင်ပါတယ်။

ယခုလို တောင်သူအချို့ သုံးစွဲနေကြခြင်းဟာ ဘယ်စိုက်ပျိုးရေးပညာရှင်၊ ဘယ်ဆေးဆိုင်ကမှ ရောစပ် ပက်ဖျန်းစေတာမဟုတ်ဘဲ မိမိသဘောနှင့် မိမိ လုပ်ဆောင်နေခြင်းဖြစ်၍ ဆရာမနိုင် နှစ်ဆောင်ပြိုင် လို့ပင် ဆိုရမှာပါ။
သူတို့ရောစပ်လိုတဲ့ ဆေးများကို ဆေးဖျန်းပုံးထဲ တိုက်ရိုက်ရောစပ်ခြင်းဖြစ်လို့ ကြိုတင်၍ ရောစပ်သင့်မသင့် စမ်းသပ်မှုကိုလည်း မလုပ်ဆောင်ကြပါဘူး။
ထိုအလေ့အကျင့်များဟာ တောင်သူလယ်သမားအချို့အနေဖြင့် တတ်သိပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူခြင်းမရှိဘဲ စိတ်ထင်ရာလုပ်နေခြင်းဖြစ်ရာ ဘယ်လိုမှ အကျိုးရှိစရာ လမ်းမမြင်ပါဘူး။
ဘယ်လောက်တောင်မှ မဆင်မခြင် လုပ်ဆောင်နေသလဲဆိုတော့ စက်ဆေးဖြန်းပုံး 25 လီတာ တစ်ပုံးလျှင်..
♥အီသာပလတ် တစ်ဇွန်း
♥ယကၡ 40 CC
♥ငှက်ကြီးတောင် 20 CC
♥လန္ဘရာ 40 CC
စတဲ့ တန်ဖိုးကြီးဆေးပြင်းများကို ထည့်သွင်းပက်ဖျန်းခြင်းပြုရာ ပုံမှန်ပက်ဖျန်းသူထက် သုံးဆမျှ ပိုကုန်နေတာကို တွေ့ရှိနေရပါတယ်။
ထိုသို့လုပ်ဆောင်ခြင်းကြောင့် ~
အပင်အတွက် ရာခိုင်နှုန်းပြည့် အကျိုးမရှိနိုင်ခြင်း။
♥ကုန်ကျစရိတ်များပြားခြင်း။
ဆိုတာတွေကတော့ ကျိန်းသေဖြစ်နေမှာပါ။ ဒါတောင်အခြားဆိုးကျိုးများ ထည့်မတွက်သေးပါဘူး။
♥မရောသင့်သည့်ဆေးများ ရောစပ်ပက်ဖြန်းခြင်း
... ကတော့ နေရာတကာမှာ တွေ့နေမြင်နေရတာဖြစ်ပါတယ်။
သူများက ဒီဆေးကောင်းတယ်ဆိုရင် လိုက်ဝယ်တတ်ကြပြီး မိမိအိမ်တွင် ရှိနေသော ဆေးများကိုပါ လက်ကျန်ဖြတ် ရောစပ်ပက်ဖြန်းနေကြခြင်းပါ။
ဒီထက်ဆိုးဝါးခြင်းက..
ဆေးပက်ခ သက်သာရန်၊ တခါတည်းပြီးရန် ဆိုပြီး မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းအားဆေး တို့ကို ရောစပ်ပက်ဖျန်းနေခြင်းဖြစ်ပြီး ထိုစိုက်ခင်းဟာ ရောဂါနှင့် ပိုး ဆိုးဝါးစွာ ကျရောက်နေသော အကွက်ဆိုပါလျင် ဘယ်အထိရှိနိုင်တော့မလဲမသိပါ။
တွေ့ခဲ့မြင်ခဲ့ဖူးပါတယ်...
♥စိုက်ခင်းမှာ အပင်သေနေတယ် ပြောမိလို့ ဆိုင်မှပေးလိုက်တဲ့ ဖော့စတိုင်း အလူမီနီယမ်(Fosetyl - Aluminium)
♥အခင်းနီးနားက မင်းအခင်းမှာ ဘက်တီးရီးယားရွက်ခြောက် ဖြစ်နေတယ် ငါဝယ်လာတဲ့ ဆေးသုံးဆိုလို့ ယူသုံးရတဲ့ ကော့ပါးအောက်စီကလိုရိုဒ်( Copper Oxychloride) တို့အပြင်
♥ဆိုင်မှလာပို့ထားတဲ့.. ပိုးသတ်ဆေးနှှင့် ရွက်ဖျန်းအားဆေး..
♥ကုလားမျက်စိ၊ တောနှမ်း ပေါင်းရှိလို့ဆိုပြီး အိမ်မှာဝယ်ထားတဲ့ ရွက်ပြန့်ပေါင်းသတ်ဆေး ဖော်မီဆာဖန်( Formesulfan)
တွေကို ကုန်ကျစရိတ်သက်သာအောင်၊ တစ်ခါတည်းပြီးသွားအောင် အလုပ်သမားကို ရောပက်ခိုင်းလိုက်တယ် ဆိုတဲ့ တောင်သူကို တွေဖူး ကြုံဖူးခဲ့ပါတယ်။
ဒီလိုလုပ်ရပ်တွေကို သစ်ပင်အတွက် အကျိုးရှိအောင်လုပ်တဲ့ လုပ်ရပ်လို့ ဆိုနိုင်ပါမည်လား။
ဆေးတစ်မျိုးတည်း ပက်ဖျန်းလျင်ပင် လုံလောက်နေသည်ကို ဆေး (၄) မျိုးကို ရောစပ်ပက်ဖျန်းတယ်ဆိုတော့ အကျိုးမရှိသော ငွေဖြုန်းတီးသည့်လုပ်ရပ်လို့ ဆိုရမှာပါ။
မိမိသုံးစွဲလိုက်သည့် ကုန်ကျစရိတ်သည် မိမိစိုက်ခင်းအတွက် အကျိုးမရှိစေသည့်အပြင် ဆိုကျိုးကိုသာ ဖြစ်ပေါ်စေလျှင် ထိုဖြုန်းတီးမှုကို ဆိုးဝါးလွန်းသည့် အဖြုန်းလို့ ဆိုရမှာပါ။
တောင်သူလယ်သမားများအနေဖြင့် မစဉ်းစားမဆင်ခြင်ဘဲ ဆေးဘူးတွင် ပါရှိသည့် အညွှန်းထက် ဆေးပိုသုံးခြင်း၊ မိမိနားလည်သိရှိခြင်းလည်းမရှိ၊ ပညာရှင်တစ်ဦးတစ်ယောက်ကမှ အကြံပြု ညွှန်ကြားထားခြင်းမရှိသည့် ဆေးအမယ်များစွာ ရောစပ်ပက်ဖျန်းခြင်း၊ ရောစပ်သုံးစွဲခင်းများအား မလုပ်ဆောင်သင့်ဘူး။
စိုက်ပျိုးသူများအနေဖြင့်..
ယခုလို စိုက်ပျိုးရေးသွင်းအားစုများ စျေးနှုန်းမြင့်တက်နေပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် ပိုးမွားရောဂါကျရောက်မှု ဆိုးဝါးနေချိန်တွင် မလိုအပ်သည့်အသုံးစရိတ်များလျှော့၍ ကုန်သင့်ကုန်ထိုက်သည်များကို စနစ်တကျ သုံးစွဲရန် လိုအပ်နေရာ အထက်တွင် ရေးသားထားသလို စဉ်းစားဆင်ခြင်မှု နည်းပါးစွာဖြင့် ဆေးဝါးသုံးစွဲမှုများကို မလုပ်ပါနှင့်တော့လို့ အကြံပြုအပ်ပါတယ်။
ချမ်းမြေ့ပါစေ..
ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
zaw bhone myat
3 years agoမြေကြီးကိုလည်း ပြန်လည်ပြုပြင်ရင်တော့ပိုပြီး အဆင်ပြေပါမယ်
zaw bhone myat
3 years agoTransform plus 1 အပင်အားဆေးနဲ့ Transform plus 2 အသီးအားဆေး လေးကိုတွဲပြီး 10ccနှုန်းထားနဲ့ ဖျန်းပေးရင် အဆင်ပြေပါတယ်ခင်ဗျာ့
Phyo zaw zaw
3 years agoဆေးပတ်တာလည်း မထူးခြား တိုင်ထောင်ပဲ အညိုမျိူးစေ့ပါ အပင်တွေကောင်းပီး ပထမအသီးတုံးပီးထဲက အသီးအပွင့် လိုက်မလာတော့ဘူး အသီးအပွင့်တင် ဆေးကောင်းကောင်းလေးညွှန်ပေးကြပါအုန်း စိုက်ပျိူးရေးလုပ်ရတာလည်း လူပင်ပန်းစိတ်ပင်ပန်နေပီ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from U Thet Lwin
See all
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၂)
22/02/2024
နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၁)
21/02/2024
မတ်ပဲ၊ ကုလားပဲ..နေရာတိုင်းစိုက်မရဘူး။ မြေကျင့်ဖို့လိုတယ်ဆိုတာ တကယ်လား..?
02/11/2023
ပြောင်းလဲမှုပြုရန် လိုအပ်လာသည့် သီးနှံပုံစံနှင့် သီးနှံစိုက်ပျိုးရေးစနစ်များ
24/05/2023
မျိုးဆက်နှစ်ဆက်ကြားမှ စိုက်ပျိုးရေးနည်းစနစ်များပြဿနာ
05/04/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....