ရေလုပ်ငန်းမှာ Probioticလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေက ဘာလို့အရေးပါတာလဲ?
Probiotic ဆိုတာ ကျမတို့ကိုအကျိုးပြုတဲ့ Microorganisms တွေဖြစ်တယ် အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်နိုင်တဲ့ သက်ရှိအကောင်လေးတွေပေါ့။ အဲ့ကောင်လေးတွေက သေးသေးလေးတွေဆိုပေမယ့် ကျမတို့မွေးမြူရေးလောကမှာရော စိုက်ပျိုးရေးမှာပါ အရမ်းအသုံးဝင်တဲ့အပြင် လူသားတွေရဲ့ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဒီ Proboticလေးတွေဟာ ကျမတို့ရဲ့ငါးကန်/ပုစွန်ကန်တွေကို ဘယ်လိုအကျိုးပြုပေးကြသလဲ?
မွေးမြူရေးကန်တွေထဲမှာ သူတို့ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတဲ့အကြောင်း လေးကို သေချာလေးမျှဝေပေးသွားပါမယ်။
ကျွန်မတို့ရဲ့ကန်တွေမှာ Probiotic လေးတွေကို ရေထဲထည့်ပေးပြီး အသုံးပြုကြသလို အစာထဲထည့်ကျွေးတာမျိုးပြုလုပ်ပြီးလည်းအသုံးပြုနိုင်ပါတယ်။
ရေထဲထည့်ပြီး ပုံမှန်အသုံးပြုပေးခြင်းအားဖြင့် ကန်တွေထဲမှာ နေ့စဥ်ဖြစ်ပျက်နေတဲ့ Nitrogen circle လို မျိုး Chemical reaction တွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့လည်ပတ်နေစေဖို့ အထောက်အကူပြုပေးပါတယ်။
ဥပမာအားဖြင့်ပြောရရင် ကန်တွေထဲက ငါးတွေရဲ့အညစ်အကြေးတွေ ပိုလျှံတဲ့အစာတွေနဲ့ အခြားသော အပင်၊ အကောင်တွေပုပ်တဲ့အခါအဲ့အပုပ်အစပ်အညစ်အကြေးတွေကနေ Ammonia ထွက်လာပါတယ်။
အဲ့ကနေမှတစ်ဆင့် Ammonia ➡ Nitrite➡Nitrogen➡Phytoplankton Bloom➡Oxygen အဲ့လိုမျိုး Balance ညီညီနဲ့ လည်ပတ်နေတာပါ။ အခုပြထားတဲ့ အဆင့်တစ်ဆင့်ကနေ တစ်ဆင့်ကိုပြောင်းသွားဖို့အတွက် Microorganisms လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေဟာ ကန်ထဲက Oxygenကိုအသုံးပြုပြီး ဒီChemical compound / complex compound တွေကို ဖြိုခွဲပေးတယ်ပေါ့ရှင့်။

ရိုးရိုးရှင်းရှင်းလေးပဲ မှတ်ထားချင်တဲ့သူတွေကတော့
- Probiotic လေးတွေဟာ ကန်ထဲကအညစ်အကြေးတွေကိုစားပစ်တယ်။
- မကောင်းတဲ့ ဘက်တီးရီးယားတွေ ရောဂါပိုးတွေမဝင်နိုင်အောင် ကာကွယ်ပေးတယ်။ ပုံမှန်တစ်လတစ်ခါ သုံးပေးခြင်းအားဖြင့် ရေအရည်အသွေးကို အမြဲကောင်းနေစေဖို့ ထိန်းထားပေးနိုင်တယ်ဆိုပြီး ဒီလောက်မှတ်ထားရင်ရပါပြီ။
- နောက်တစ်မျိုးကတော့ အစာထဲထည့်ကျွေးရင်ရော ဘာတွေကောင်းလဲပြောပြပေးပါမယ်။
- အစာထဲထည့်ကျွေးတဲ့အခါ ကိုယ်မွေးမြူထားတဲ့ ငါး/ပုစွန်လေးတွေရဲ့အူလမ်းကြောင်းကို ကျန်းမာရေးအတွက် အထောက်အကူပြုပေးပြီးတော့ အစာခြေအင်္ဂါ ပိုဖွံဖြိုးစေတဲ့အတွက် အူနံရံတွေကနေအဆင့် အစာထဲမှာပါဝင်တဲ့ အစာအဟာရတွေစုပ်ယူ နိုင်မှုပိုကောင်းစေပါတယ်။ အဲ့တော့ ကြီးထွားမှုနှုန်းလဲ ပိုကောင်းစေတာပေါ့။
- Probiotic သုံးလို့မကောင်းတာဘာမှမရှိပါဘူး။ ဆိုးကျိုးလဲမရှိပါဘူးး
#တစ်ခုသတိထားရမှာက
📌EM တို့ Probiotic တို့ကို ရွေးချယ်ဝယ်ယူတဲ့အခါ Quality ကိုအဓိကထားပြီးဝယ်ယူပါ။ Ready made အထုတ်တွေ ဗူးတွေရှိပါတယ်။ အညွှန်းကိုဖတ်ကြည့်ပြီး ဘယ်ဘယ်တီးရီးယားအမျိုးအစားတွေပါဝင်လဲ အကောင်ဘယ်နှစ်သန်းပါဝင်လဲ ဆိုတာတွေအကုန်ဖတ်ကြည့်လို့ရပါတယ်။
ကိုယ်ဝယ်လိုက်တဲ့ EM / Probiotic ပုံး ဒါမှမဟုတ် အထုတ်တွေမှာ ပိုးအကောင်ရေဘယ်လောက်ပေါက်လို့ပေါက်မှန်းဘယ်လို့ပါလို့ပါမှန်း မသိရတာမျိုးထက် တိတိကျကျလေးသိရတဲ့ ပစ္စည်းကိုရွေးသုံးမှ ထိထိရောက်ရောက်အကျိုးရှိမှာပါ 📌
အဆင်ပြေကြပါစေ
(Sharing by Dr Aqua Page မှ ကူးယူဖော်ပြပါသည်)
မူရင်းလင့်ခ်>>> https://m.facebook.com/story.php?story_fbid=pfbid029mMsRtiJzUczCnjdX1wcKNikhCj8scpvNg5a6aTy1j6yUKBr6QHFUJwHKJK8zwmFl&id=100090991808698&mibextid=Nif5oz
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ga Poe
2 years agoဝယ်ချင်ပါတယ်ဘယ်လိုရနိုင်လဲခင်ဗျာ
Related articles
Related questions
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • 0 answers
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • 1 answers
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • 14 answers
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • 1 answers
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • 4 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Dr.AQUAs
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....