Green Way
ငါး၏အစာဆိုသည်မှာ အဘယ်နည်း

ငါး၏အစာဆိုသည်မှာ အဘယ်နည်း

internews
internews UNESCO-LIFT 26/06/2018

ငါး၏အစာဟု ဆိုရာတွင် ငါးအစာတွင် ပါဝင်သော ကုန်ကြမ်းများမှာ များသောအားဖြင့် တိရစ္ဆာန်များမှ (သို့) အပင်များမှ ရရှိပါသည်။ ၎င်းတိရစ္ဆာန်များ (သို့) အပင်များမှ ရရှိသော ငါးအစာများတွင် ကာဗိုဟိုက်ဒရိတ်၊ Lipid (အဆီ) ပရိုတင်း၊ ဗီတာမင်များ (သို့) သတ္တုဓာတ်များ ပါဝင်ပါသည်။ ၎င်း ကုန်ကြမ်း အမျိုးအစားများသည် ငါး၏ ခန္ဓာကိုယ်အတွက် လုံလောက်သော စွမ်းအင်များ၊ ကျန်းမာသန်စွမ်းဖြတ်လတ်သော ငါးများ ဖြစ်စေရန် အတွက် လုံလောက်သည့် ကြီးထွားမှုနှင့် ရှင်သန်နူန်းများကို ပေးစွမ်းနိုင်သည့် ဓာတ်များအားလုံးပါဝင်သည်။

အထက်ပါ ဖော်ပြထားသည့် ကုန်ကြမ်းများတွင် ငါးများစားသုံးနိုင်ခြင်း၊ ငါးများ အားကြီးထွားမှုနူန်း ကို မြင့်မားစေခြင်း၊ ငါး၏ခန္ဓာကိုယ်တွင် ယိုယွင်းပျက်စီးသွားသည့်အခါ အင်အားများ ပြန်လည်ဖြည့်စွက်နိုင်သည့် အာဟာရ ဓာတ်များ ပါဝင်ခြင်း၊ မျိုးပွားနိုင်ရန် ကြီးထွားစေနိုင်ခြင်းစသည့် အာဟာရဓာတ်များ ပါဝင်ပါသည်။

ငါးမွေးမြူရေးတွင် အစာ၏ အရေးပါမှုများ
အစာဆိုသည်မှာ သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။ ငါး၏ကိုယ်ခန္ဓာ ပုံမှန်ကြီးထွားရန်နှင့် ထုတ်လုပ်မှု အကောင်းဆုံးဖြစ်စေရန် ငါးမွေးမြူသည့် အခါ ငါးအစာ လုံလောက်စွာ ကျွေးမွေးခြင်းသည် အလွန်အရေးပါပါသည်။ ငါးအရွယ်ကြီးထွားလာသည်နှင့်အမျှ အစာစားသော ငါး၏ပါးစပ်လည်း ကြီးထွားလာပါသည်။ ထို့ကြောင့် ငါးစားသုံးမည့် အစာအရွယ်အစား၊ ငါးအစာတွင်ပါဝင်သည့် ပရိုတင်းဓာတ်၊ ငါးများနှစ်သက်သည့် အစာအရသာများသည် ငါးကြီးထွားမှု ကာလတစ်လျှောက်လုံး အရေးကြီးပါသည်။
ထို့ကြောင့် ငါးမွေးမြူရေးတွင် သဘာဝ အစာများနှင့် ဖြည့်စွက်စားများသည် ငါးမျိုးစိတ်များနှင့် ငါးအရွယ်အစား အမျိုးမျိုးပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

အရွယ်အစားပြည့်မှီသည့် ငါးအစာနှင့် စီးပွားရေးတွက်ခြေကိုက်မှု

ငါးကြီးထွားမှုနူန်းမြင့်မားခြင်းနှင့် ငါးပိုမိုထုတ်လုပ်နိုင်ခြင်းသည် အရည်အသွေးပြည့်မှီသည့် ငါးမျိုးစိတ်နှင့် ငါး၏အစာရရှိနိုင်ခြင်း၊ ငါးမွေးကန်၏ ရေအရည်အသွေး မြင့်မားခြင်းနှင့် ငါးမွေးကန် စီမံထိန်းသိမ်းမှုကောင်းခြင်းတို့တွင် မူတည်ပါသည်။ ငါးမွေးမြူသည့် စုစုပေါင်း ကုန်ကျစာရိတ်၏ ၆၀ % မှ ၇၀ % တို့သည် ငါး၏ အစာကုန်ကျစာရိတ်အတွက် ဖြစ်သည်။

ငါးအစာအရည်အသွေး၊ အသုံးဝင်ပုံနှင့် စျေးနူန်းများသည်လည်း အရည်အသွေးကောင်းမွန်သည့် ကုန်ကြမ်းများ၊ အစာထုတ်လုပ်ခြင်း အဆင့်ဆင့်များ၊ အစာထုတ်လုပ်သည့် နည်းစနစ်များနှင့် ကုန်ကြမ်းအစာဖော်စပ်သည့် နည်းစနစ်များ ပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အကျိုးဖြစ်ထွန်းမည့် ငါးမွေးမြူရေးအတွက် အရည်အသွေး ကောင်းမွန်သော အစာကို ရွေးချယ်နိုင်ခြင်းနှင့် ငါးအစာအား နည်းစနစ်ကျကျ ကျွေးမွေးနိုင်ခြင်းသည် အထူးအရေးပါသည့် အချက်များ ဖြစ်သည်။

ငါးမွေးမြူရေးဆိုင်ရာ အာဟာရပြည့်ဝသည့် ငါးအစာပြုလုပ်ထိန်းသိမ်းကျွေးမွေးခြင်း စီမံခန့်ခွဲမှု အိတ်ဆောင်စာစောင်မှ ကူးယူဖော်ပြပါသည်။

oo maung than

oo maung than

3 years ago

ဘယ်လို ကုန်ကြမ်းတွေ ရောစပ်ရမှာလေ ဆရာ

Brang Aung

Brang Aung

4 years ago

ငါးခူး ငါးခလေးတွေ တညီးထဲကြီးနိင်တဲ့အစာအဟာရတွေပြောပြပေးပါ ဆရာ

You

Related articles

UNESCO-LIFT

Content provider

UNESCO-LIFT

ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....