ကြောက်စရာ့ဆိုးကျိုးများနှင့် ဆိုင်ယာနိုက်သုံးငါးဖမ်းခြင်း
ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် တစ်နည်းအားဖြင့် HCN ဟုခေါ်သည့်ဓာတ်ငွေ့ပါသော ဆိုင်ယာနိုက်သည် အလွန်အသုံးဝင်သကဲ့သို့ အလွန်တရာလည်း အဆိပ်ပြင်းသည်။ ပိုတက်ဆီယမ်ဆိုင်ယာနိုက်(KCN)နှင့် ဆိုဒီယမ်ဆိုင်ယာနိုက်(NaCN)တို့၏ အဆိပ်တို့သည်လည်း ပြင်းထန်သည်။

ငါးဖမ်းနည်းစနစ်နှင့်စပ်လျဉ်း၍ ဆိုရမည်ဆိုလျှင် ဆိုင်ယာနိုက်သုံးပြီးငါးဖမ်းခြင်းသည် ငါးများကို အရှင်ဖမ်းမိစေရန်အတွက် ဖြစ်သည်။ ငါးဖမ်းပိုက်ကွန်၊ ငါးမျှားချိတ်များဖြင့်ဖမ်းလျှင် ငါးတစ်ကောင်၊ နှစ်ကောင်ရရန် တစ်နေကုန်ကြာနိုင်သော်လည်း ဆိုင်ယာနိုက်ဖြင့် ငါးဖမ်းပါက ငါးဒါဇင်ပေါင်းများစွာကို ဖမ်းနိုင်သည်။ ထိုသို့ ငါးများကို လွယ်ကူစွာဖမ်းနိုင်သည့်အတွက် ဆိုင်ယာနိုက်ဖြင့် ငါးဖမ်းခြင်းသည် မြန်မာမှာသာမက ကမ္ဘာတစ်ဝန်းလုံးတွင် ရေပန်းစားလာသည်။
ဆိုင်ယာနိုက်သုံးပြီး ငါးကိုအရှင်ဖမ်းရခြင်းသည် လွယ်ကူသည်။ ဆိုဒီယမ်ဆိုင်ယာနိုက်ဆေးပြားနှစ်ပြားကို ရေထည့်ထားသောပုလင်းထဲသို့ထည့်၍ သန္တာကျောက်တန်းတစ်ဝိုက် ရေငုပ်ပြီး ဖမ်းလိုသောငါးများကိုရှာကာ ဆိုင်ယာနိုက်အဆိပ်ကို ၎င်းတို့အနီးဖျန်းလိုက်ခြင်းဖြင့် ငါးများကို အသက်မသေစေဘဲ ပိုက်ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ အလွယ်တကူ ဖမ်းယူနိုင်သည်။
အချို့သောခန့်မှန်းချက်များအရ ငါးဖမ်းသမားများသည် ဆိုင်ယာနိုက်တန်ချိန်တစ်ထောင်ကျော်ကို ရေထဲသို့လောင်းချကာ ငါးဖမ်းကြသည်ဟုဆိုသည်။
ဆိုင်ယာနိုက်သည် ငါးများကိုသာမက သန္တာကျောက်တန်းများနှင့် ရေညှိများကိုလည်း သေကျေပျက်စီးစေပြီး သန္တာကျောက်တန်းအများအပြားရှိရာ သမုဒ္ဒရာများ၏ မိုးသစ်တောများကိုပင် ပင်လယ်သဲကန္တာရအဖြစ်သို့ပြောင်းလဲသွားစေသည်။
ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံတကာအဏ္ဏဝါဘဝမဟာမိတ်များအဖွဲ့မှ ဇီဝဗေဒပညာရှင်တစ်ဦးက ဆိုင်ယာနိုက်အသုံးပြု၍ ငါးအရှင်ဖမ်းခြင်းကြောင့် သန္တာကျောက်တန်းများစွာ ဖျက်ဆီးခံနေရသည်ဟု ဆိုထားသည်။လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကစ၍ သန္တာကျောက်တန်းများအနီးတွင် ဆိုင်ယာနိုက်သုံးပြီး ငါးဖမ်းသမားများ ငါးဖမ်းနေကြပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့မှ ဆို သည်။
ငါးများကို ထိုကဲ့သို့ဖမ်းဆီးခြင်းများကြောင့် နှစ် ၅၀ အတွင်း၌ ငါးမျိုးစိတ်များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် အလွန်အကျွံဖမ်းဆီးမှုခံရကာ တချို့မျိုးသုဉ်းခဲ့ရကြောင်း၊ ယခုကဲ့သို့ ဆက်ပြီး ငါးဖမ်းနေဦးမည်ဆိုလျှင် ငါးများအားလုံး မျိုးသုဉ်းသွားနိုင်ပြီး နောင်အနှစ် ၃၀ အတွင်း ငါးများကုန်သွားနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ဥက္ကဌ လော်ရီတန်က ပြောကြားခဲ့သည်။
ဆိုင်ယာနိုက်ဖြင့် ငါးဖမ်းခြင်းကြောင့် ငါးအသေအပျောက်ဖြစ်ပွားမှုများအပြင် ဆိုင်ယာနိုက်နှင့်ထိတွေ့သည့် အပူပိုင်းသန္တာကျောက်တန်းများကို ထိန်းသိမ်းစောင့်ရှောက်ရေးအစီအမံများ မလုပ်ဆောင်ပါက အနှေးနှင့်အမြန်ပင် သမုဒ္ဒရာများအတွင်းရှိ သန္တာကျောက်တန်းများ လုံးဝပျက်စီးပျောက်ကွယ်သွားမည်ဖြစ်သည်။
ဆိုင်ယာနိုက်ဖြင့် ငါးဖမ်းခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၊ ရေနေသတ္တဝါများ၏ နေထိုင်ကျက်စားရာနေရာများပျက်စီးခြင်းနှင့် လေထုညစ်ညမ်းခြင်းတို့ဖြစ်စေသဖြင့် အင်ဒို-ပစိဖိတ်သန္တာကျောက်တန်းများအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်။ ငါးဖမ်းသမားများသည် သန္တာကျောက်တန်းနှင့် ငါးများသေဆုံးမှုကို ဖြစ်ပေါ်စေလေ့ရှိသည့်ဆိုင်ယာနိုက်အရည်များပါသောပုလင်းများကို အသုံးပြုလေ့ရှိပြီး ၎င်းပုလင်းများတွင် ဆိုင်ယာနိုက်အရည် ၁၄၀၀ မိုက်ခရိုဂရမ်မှ ၁၂၀၀၀၀ မိုက်ခရိုဂရမ်ထိ ပါဝင်သည်။
အဏ္ဏဝါသက်ရှိများပေါ်တွင် ဆိုင်ယာနိုက်၏အကျိုးသက်ရောက်မှုကို စမ်းသပ်ရန် ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ရာတွင် ရေ ၁ လီတာလျှင် ၁ မိုက်ခရိုဂရမ် အသုံးပြုခြင်းသည် ပြင်းအားအနည်းငယ်ဖြစ်စေရာကနေ ရာနှင့်ထောင်ချီ မီလီဂရမ်ထိ အသုံးပြုထားလျှင်တော့ ဆိုးရွားသော သက်ရောက်မှုများကို ဖြစ်စေပါသည်။ ထို့ကြောင့် အင်ဒို-ပစိဖိတ်သန္တာကျောက်တန်းများကိုကာကွယ်ရန် ဆိုက်ယာနိုက်ဖြင့် ငါးဖမ်းခြင်းကို ထိထိရောက်ရောက်တားမြစ်ရန် ၂၀၁၆ ခုနှစ်က ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။
ဆိုင်ယာနိုက်သည် အဏ္ဏဝါသက်ရှိများ၏ စွမ်းဆောင်ရည်ကို ပြင်းထန်စွာထိခိုက်စေပြီး အက်စစ်ဓာတ်များ ဖြစ်ပေါ်စေသည်။ ဆိုင်ယာနိုက်နှင့်ထိတွေ့သည့် အပူပိုင်းဒေသရှိငါးများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ကိုယ်တွင်းအင်္ဂါများပျက်စီးခြင်းကို ဖြစ်စေပြီး ရေနေသတ္တဝါတို့၏ ရေကူးနိုင်မှု၊ ကြီးထွားမှု၊ မျိုးပွားမှုနှင့် အသက်ရှင်သန်မှုတို့ကို ထိခိုက်စေသည်။ လေ့လာမှုများအရ ငါးများ၏ရေကူးစွမ်းရည်အပေါ် ဆိုင်ယာနိုက်အဆိပ်သင့်မှုက အကျိုးသက်ရောက်မှုများရှိနေပြီး ၄င်းသည် စောင့်ကြည့်ရမည့် ခြိမ်းခြောက်မှုတစ်ရပ်ပင်ဖြစ်သည်။
လွန်ခဲ့သည့်ရာစုနှစ်ကစပြီး အပူပိုင်းပင်လယ်ရေမျက်နှာပြင်အပူချိန်များသည် အင်ဒို-ပစိဖိတ်ဒေသတွင် ၀.၈ ဒီဂရီစင်တီဂရိတ်မှ ၁ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာသည်။ ထိုသို့ရာသီဥတုပြောင်းလဲမှုသည် ဆိုင်ယာနိုက်အဆိပ်များနှင့် သက်ဆိုင်မှုရှိသည်။ ဒေသဆိုင်ရာပြောင်းလဲမှုများ၊ (ခြောက်သွေ့စွတ်စိုသောရာသီ)ရာသီအလိုက်နှင့် အယ်လ်နီညို ရာသီဥတုပြောင်းလဲမှု အကြောင်းရင်းများသည် လက်ရှိနှင့်အနာဂတ်ပင်လယ်ရေမျက်နှာပြင်အပူချိန်များ၊ အပူပိုင်းဒေသများတွင် မိုးရွာသွန်းမှုပုံစံများနှင့် အပူချိန်ပြောင်းလဲခြင်းတို့ကို ဖြစ်စေသည်။
မကြာသေးမီက အင်ဒို-ပစိဖိတ်ဒေသရှိ အပူပိုင်းဒေသများတွင် ပုံမှန်အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး ပြင်းထန်သောအပူလှိုင်းများကို ကြုံတွေ့ခဲ့ရသည်ကို မီးမောင်းထိုးပြခဲ့သည်။ ပတ်ဝန်း ကျင်ပူနွေးလာမှုက ဇီဝဖြစ်စဉ်နှုန်းများပြောင်းလဲခြင်းနှင့် ဆက်စပ်မှုရှိနိုင်သည်။ မြင့်မားသော အပူချိန်သည် အပူပိုင်းသက်ရှိများတွင် ပိုမိုပြင်းထန်စွာသက်ရောက်မှုရှိမည်ဟု ဆိုသည်။ နောက်ဆုံးတွင် သက်ရှိများ၏စွမ်းဆောင်ရည်နှင့် အနာဂတ်သမုဒ္ဒရာများတွင် ကျက်စားသော အဏ္ဏဝါသက်ရှိအရေအတွက်များ၏ တည်မြဲမှုသည် ရေထုညစ်ညမ်းလာမှုနှင့် လုံးဝသက်ဆိုင်သည်။
အချို့သော အပူပိုင်းသန္တာကျောက်တန်းငါးများသည် ရေတိုနှင့်ရေရှည်အပူချိန်ပူနွေးလာမှုတွင် ရာသီ ဥတုဒဏ်ခံနိုင်စွမ်း ရှိနိုင်သော်လည်း စွမ်းဆောင်ရည်ပိုင်းနှင့် ကြံ့ခိုင်မှုပိုင်းကြီးထွားမှုနှင့် မျိုးပွားမှုတို့တွင် ကျဆင်းလာသည်ကို တွေ့ရသည်။
သန္တာကျောက်တန်းမျိုးစိတ်များ ဆုံးရှုံးနိုင်ဖွယ်ရှိသော်လည်း ယနေ့ထိ သန္တာကျောက်တန်းအနီး ကျက် စားသော ငါးများအပေါ် ဆိုင်ယာနိုက်ဖြင့် ငါးဖမ်းခြင်းသည် ရှိနေဆဲဖြစ်သည်။ ထို့ပြင် သမုဒ္ဒရာပူနွေးလာခြင်းသည်လည်း အင်ဒို-ပစိဖိတ်ဒေသရှိ အပူပိုင်းသန္တာကျောက်တန်းများအတွက် အဓိကခြိမ်းခြောက်မှု တစ်ခုပင်ဖြစ်ကြောင်း ဆိုင်ယာနိုက်သုံး ၍ ငါးဖမ်းခြင်း၏သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။
Ref;(1) ငါးလုပ်ငန်းသင်တန်းကျောင်းမှပို့ချသော အချက်အလက်များ။
(2) Cause and effect of cyanide fishing.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်သိန်း
3 years agoကြယ်ကြွေဆုတောင်းလေးနှစ်နှစ်သုံးဆယ်မြို့ပြတစ်ပါတီတစ်
Related articles
Related questions
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • 0 answers
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • 1 answers
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • 14 answers
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • 1 answers
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • 4 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....